Apple က သင့် iPhone ကို နှေးအောင် လုပ်နေလားဆိုတာကို ဘယ်လို စစ်မလဲ

လွန်ခဲ့တဲ့ ရက်တွေက Apple ဟာ iPhone Model ဟောင်းတွေကို ဘက်ထရီပြဿနာကြောင့် ဖုန်းပိတ်ကျမသွားအောင် ဖုန်းရဲ့ Performance တွေလျှော့ချ နှေးကွေးအောင်လုပ်ထားတယ်ဆိုတဲ့ သတင်းတွေ ကြားမိမှာပါ။ ဒီလိုမျိုး လုပ်ဆောင်ချက်ဟာ Battery သက်တမ်း ဟောင်းနေတဲ့ iPhone Model တချို့ကိုသာ ဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ iPhone ဟာ ဒီလိုမျိုး နှေးကွေးအောင် လုပ်ဆောင်ခံရတဲ့အထဲမှာ ပါဝင်နေသလားဆိုတာ သိချင်ကြမှာပါ။ ဒီအတွက် စမ်းသပ်လို့ရမယ့် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ တကယ်လို့ အဲဒီထဲမှာ ပါဝင်နေပြီဆိုရင်တော့ ဖုန်းအသစ်ဝယ်ယူတာထက် ပိုဈေးသက်သာတဲ့ Battery အသစ်လဲလှယ်လိုက်ခြင်းအားဖြင့် ဒီလို နှေးကွေးအောင် လုပ်ဆောင်ခံရခြင်းမှ ကျော်လွှားနိုင်ပါတယ်။

၁။ ဖုန်းရဲ့ CPU အပါအဝင် အသေးစိတ်အချက်အလက်တွေကို ပြောပြပေးတဲ့ App တစ်ခုကို Download လုပ်ပါ

ဒီအတွက် Lirum Device Info Lite ဆိုတဲ့ App ကို အသုံးပြနိုင်ပါတယ်။ ဒီ App က ဖုန်းရဲ့ အတွင်းပိုင်းမှာ ပါရှိတဲ့ အစိတ်အပိုင်းလေးတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ပြသပေးနိုင်ပါတယ်။

၂။ Lirum App ထဲကနေ မိမိ iPhone ရဲ့ CPU ရဲ့ Speed ကို စစ်ဆေးပါ

Application ရဲ့ Home Screen ကနေ အပေါ်ပိုင်း ဘယ်ဘက်ထောင့်က မျဉ်းသုံးလိုင်းနဲ့ Menu ကို နှိပ်ပါ။ အဲ့ဒီထဲကမှ This Device ထဲက CPU ကို ရွေးပါ။ CPU ထဲမှာပြနေတဲ့ CPU Actual Clock ကို CPU Maximum Clock နဲ့ နှှိုင်းယှဉ် စစ်ဆေးကြည့်ပါ။ တကယ်လို့ ဒီနှစ်ခုဟာ တူညီနေတယ်ဆိုရင် သင့်ဖုန်းအနေနဲ့ နှေးကွေးအောင် လုပ်ဆောင်ခံထားရတဲ့ အထဲမှာ မပါဝင်ပါဘူ။

Exit mobile version