Galaxy s9 နဲ့ S9+ တို့မှာ ရရှိနိုင်တဲ့ RAM နဲ့ Storage တို့ရဲ့ အချက်အလက် ထွက်ပေါ်

Galaxy S9 နဲ့ S9+ တို့ရဲ့ ရရှိနိုင်တဲ့ RAM နဲ့ Storage တို့ရဲ့အချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ ပေါက်ကြားလာတဲ့ ကောလဟလ သတင်းတွေအရ Galaxy S9 အတွက် RAM 4GB နဲ့  64GB Storage၊ ဒါမှ မဟုတ် RAM 4GB နဲ့ 128GB Storage ဆိုပြီး ရွေးချယ်ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။

Galaxy S9+ အတွက်တော့ ရွေးချယ်စရာ သုံးမျိုးရှိပြီး  6GB RAM နဲ့ 64GB၊ 128GB ဒါမှမဟုတ် 256GB Storage တို့ဖြစ်ပါတယ်။ ဒါ့အပြင် Galaxy S9+ အတွက် 6GB RAM နဲ့ 512GB Storage ကို နိုင်ငံတချို့မှာ ၀ယ်ယူရရှိနိုင်လိမ့်မယ်လို့လည်း သတင်းတွေထဲမှာ ပါရှိပါတယ်။

ဒီသတင်းတွေ မှန်မမှန်ဆိုတာကတော့ နောက်လထဲမှာ ကျင်းပမယ့် Mobile Wold Congress 2018 မှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ Samsung အနေနဲ့ Galaxy S9 ကို မိတ်ဆက်ပေးမယ်လို့ ယူဆထားကြပါတယ်။

Ref: Sammobile

Exit mobile version