Apple ဟာ iPhone Model အဟောင်းတွေကို ဘာကြောင့် နှေးကွေးအောင် လုပ်ဆောင်ရတာလဲ

[fusion_builder_container hundred_percent=”no” equal_height_columns=”no” menu_anchor=”” hide_on_mobile=”small-visibility,medium-visibility,large-visibility” class=”” id=”” background_color=”” background_image=”” background_position=”center center” background_repeat=”no-repeat” fade=”no” background_parallax=”none” parallax_speed=”0.3″ video_mp4=”” video_webm=”” video_ogv=”” video_url=”” video_aspect_ratio=”16:9″ video_loop=”yes” video_mute=”yes” overlay_color=”” video_preview_image=”” border_size=”” border_color=”” border_style=”solid” padding_top=”” padding_bottom=”” padding_left=”” padding_right=””][fusion_builder_row][fusion_builder_column type=”1_1″ layout=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” border_position=”all” spacing=”yes” background_image=”” background_repeat=”no-repeat” padding_top=”” padding_right=”” padding_bottom=”” padding_left=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”small-visibility,medium-visibility,large-visibility” center_content=”no” last=”no” min_height=”” hover_type=”none” link=””][fusion_text]

TLDR: Apple ဟာ iPhone Model အဟောင်းတွေကို နှေးကွေးအောင် လုပ်တယ်ဆိုရာမှာ ဘက်ထရီသက်တမ်း အိုဟောင်းနေချိန် ဖုန်းက လိုအပ်လို့ Power ဆွဲယူသုံးစွဲလိုက်တဲ့အခါ Battery က လုံလောက်တဲ့ Power ထုတ်မပေးနိုင်တဲ့အတွက် မထင်မှတ်ဘဲ  ဖုန်းပိတ်သွားခြင်းမှ ကာကွယ်ဖို့ ဖြစ်ပါတယ်

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container][fusion_builder_container hundred_percent=”yes” overflow=”visible” margin_top=”5px” margin_bottom=””][fusion_builder_row][fusion_builder_column type=”1_1″ layout=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding_top=”” padding_right=”” padding_bottom=”” padding_left=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none” last=”no” hover_type=”none” link=”” border_position=”all”][fusion_separator style_type=”none” sep_color=”” border_size=”” icon=”” icon_circle=”” icon_circle_color=”” width=”” alignment=”center” class=”” id=”” /][fusion_text]

ဒီ Update ဟာ ဖုန်းက လိုအပ်လို့ Power ကို ဆွဲယူသုံးလိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲ Shutdown ဖြစ်မသွားအောင် Performance ကို လိုအပ်သလို ထိန်းချုပ်ပြီး ကာကွယ်ပေးမှာ ဖြစ်ပါတယ်။

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container][fusion_builder_container hundred_percent=”yes” overflow=”visible” margin_top=”20px” margin_bottom=””][fusion_builder_row][fusion_builder_column type=”1_1″ layout=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” spacing=”yes” background_image=”” background_repeat=”no-repeat” padding_top=”” padding_right=”” padding_bottom=”” padding_left=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”no” center_content=”no” min_height=”none” last=”no” hover_type=”none” link=”” border_position=”all”][fusion_separator style_type=”none” sep_color=”” border_size=”” icon=”” icon_circle=”” icon_circle_color=”” width=”” alignment=”center” class=”” id=”” /][fusion_text]

Apple က iPhone Model အဟောင်းတွေကို ရည်ရွယ်ချက်ရှိရှိ နှေးကွေးအောင် လုပ်ဆောင်နေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့တာ အားလုံးသိပြီးသား ဖြစ်မှာပါ။ ဒီသတင်းတွေထွက်ပြီးနောက် Apple ကိုယ်တိုင်ကလည်း ၀န်ခံခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ တရားစွဲဆိုမှုတွေ ထွက်ပေါ်လာခဲ့ပြီး Apple ကိုယ်တိုင်က တောင်းပန်ခဲ့သလို ဘက်ထရီအသစ်လဲလှယ်ဖို့ ဈေးနှုန်းတွေကိုလည်း လျှော့ချပေးခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း iPhone တွေကို နှေးကွေးအောင် လုပ်ဆောင်ခဲ့တယ် ဆိုတဲ့နေရာမှာ ဘယ်လိုမျိုးလည်းဆိုတာ သေသေချာချာ သိတဲ့သူ နည်းတာ တွေ့ရပါတယ်။ Apple က iPhone Model အဟောင်းတွေကို ဘက်ထရီသက်တမ်း ကြာကြာခံအောင် ရည်ရွယ်ချက် ရှိရှိ နှေးကွေးအောင် လုပ်ဆောင်ထားတယ်ဆိုတာပဲ အများစုက သိကြတာပါ။ ဒါကြောင့် ဘာလို့ ဒီလိုလုပ်လဲ၊ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလဲဆိုတာ လေ့လာကြည့်မိတော့ အခုလို တွေ့ရပါတယ်။

Apple ရဲ့ iPhone တွေမှာ Lithium-ion Battery တွေကို သုံးထားပါတယ်။ ဒီဘက်ထရီတွေမှာ သက်တမ်း နှစ်မျိုးခွဲခြားကြည့်ရအောင်ပါ။ တခုကတော့ အားတခါသွင်းပြီး နောက်တကြိမ်ပြန်မသွင်းရသေးခင်အထိ အသုံးခံနိုင်တဲ့၊ သိုလှောင်ထားနိုင်တဲ့ သက်တမ်း Battery Life နဲ့ ဘက်ထရီအသစ်တခု လဲလှယ်ဖို့ လိုအပ်တဲ့ သက်တမ်း Battery Lifespan ဖြစ်ပါတယ်။ ဘက်ထရီရဲ့ Lifespan ဟာ အချိန်ကြာလာတာနဲ့အမျှ  ဘက်ထရီကို သိုလှောင်ထားနိုင်ချိန် နည်းပါးလာပါတယ်။ ဒါဟာ အချိန်အနည်းငယ်အတွင်း အားပြန်သွင်းရဖို့ လိုအပ်လာပါတယ်။ ဒါ့အပြင် လိုအပ်တဲ့အချိန်မှာ Power ကို အလျင်အမြန်ပေးနိုင်စွမ်းလည်း နည်းပါးလာပါတယ်။ ဖုန်းတလုံး ကောင်းမွန်စွာ အလုပ်လုပ်နိုင်ဖို့အတွက် ဘက်ထရီကနေ Power ကို စဉ်စပ်မပြတ် ဆွဲယူသုံးစွဲနေနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလို စဉ်စပ်မပြတ်သုံးစွဲနေတာရဲ့ အကျိုးဆက်က ဘက်ထရီရဲ့ ခုခံအား  Inpedance ကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။ Inpedance များနေတဲ့ ဘက်ထရီဟာ ဖုန်းရဲ့ System က လိုအပ်နေတဲ့ Power ကို အလျင်အမြန် ပေးစွမ်းနိုင်ခြင်း မရှိပါဘူး။ Battery ရဲ့ Impedance ဟာ ဘက်ထရီအားကုန်ခါနီးအချိန်တွေမှာနဲ့ ပတ်ဝန်းကျင်က အေးနေတဲ့ အခြေအနေတွေမှာ ပိုပြီး ယာယီအားဖြင့် များပြားလေ့ရှိပါတယ်။

Impedance များနေတဲ့ ဘက်ထရီဆီကနေ Power ကို ဆွဲယူလိုက်ချိန်မှာ Voltage ဟာ ပိုကျသွားပါတယ်။ လျှပ်စစ် ပစ္စည်းလေးတွေကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့ အနည်းဆုံး Voltage ရှိနေဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ ဘက်ထရီက လုံလောက်တဲ့ Power ပေးနိုင်မပေးနိုင်ကို Power Management System က စောင့်ကြည့်ထိန်းချုပ်ပါတယ်။ တကယ်လို့ ဘက်ထရီက လိုအပ်တဲ့ Power ကို မပေးနိုင်တော့တဲ့အခါ လျှပ်စစ်ပစ္စည်းလေးတွေကို မထိခိုက်အောင်  System ကို အလိုအလျောက် Shutdown လုပ်ပစ်ပါတယ်။ ဒီလို Shutdown လုပ်တာဟာ ဖုန်းအနေနဲ့ လိုအပ်လို့ တမင်လုပ်တာ ဖြစ်ပေမယ့် သုံးစွဲသူဘက်ကကြည့်မယ်ဆိုရင်တော့ ဒါဟာ မထင်မှတ်ဘဲ ဖုန်းပိတ်ကျသွားတဲ့အနေအထား ဖြစ်နေမှာပါ။ ဒါကို လက်ခံချင်ကြမယ် မထင်ပါဘူး။

ဒီလိုမျိုး မထင်မှတ်တဲ့ Shutdown တွေဟာ ဘက်ထရီသက်တမ်းက ကြာနေ အိုဟောင်းနေတဲ့အချိန်နဲ့ ရာသီဥတုအေးနေချိန်တွေမှာ မကြာခဏ ကြုံတွေ့ရနိုင်ပါတယ်။ အရမ်းဆိုးမယ်ဆိုရင် ဒီလိုအခြေအနေမကြာခဏဖြစ်တတ်ပြီး ဒါဟာ ဖုန်းကို ကောင်းမွန်စွာနဲ့ စိတ်ချလက်ချသုံးဖို့ဘယ်လိုမှ ဖြစ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် 2017 January မှာ ထွက်ခဲ့တဲ့ iOS 10.2.1 မှာ ဒီလိုမျိုး မထင်မှတ်ဘဲ Shutdown ဖြစ်သွားတာတွေကို ကာကွယ်ဖို့ Update ကို iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus နဲ့ iPhone SE တွေအတွက် ထုတ်လုပ်ပေးခဲ့ပါတယ်။ ဒီလို Update ကို iOS 11.2 မှာ iPhone 7 နဲ့ iPhone 7 Plus အတွက်ပါ ထည့်သွင်းပေးသွားပြီး နောက်ပိုင်းမှာလည်း လိုအပ်သလို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

ဒီ Update ဟာ ဖုန်းက လိုအပ်လို့ Power ကို ဆွဲယူသုံးလိုက်တဲ့အချိန်မှာ မထင်မှတ်ဘဲ Shutdown ဖြစ်မသွားအောင် Performance ကို လိုအပ်သလို ထိန်းချုပ်ပြီး ကာကွယ်ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ အမြဲတမ်း ဖြစ်မနေဘဲ ဖုန်းရဲ့ Temperature, ဘက်ထရီလက်ကျန်အခြေအနေနဲ့ ဘက်ထရီရဲ့ Impedance စတာတွေပေါ်မှာ မူတည်ပြီး တွက်ချက်မှာဖြစ်ပါတယ်။ တကယ်လို့ ဒီအချက်တွေနဲ့တွက်ချက်ပြီး လိုအပ်လာတဲ့အချိန်မှာ ဖုန်းရဲ့ CPU နဲ့ GPU တို့ရဲ့ အမြင့်ဆုံး Performance ကို လျှော့ချထိန်းချုပ်ထားမှာဖြစ်ပါတယ်။ တနည်းဟာဖြင့် ဒါဟာ ဖုန်းကို နှေးသွားစေပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ထိန်းချုပ်လိုက်တာဟာ ပုံမှန် နေ့စဉ်သုံးစွဲနေကျအခြေအနေတွေမှာ သိသိသာသာ နှေးကွေးသွားမှာမဟုတ်ဘဲ ဂိမ်းဆော့တာလိုမျိုး Performance အမြင့်ဆုံးအထိ လိုအပ်တဲ့အချိန်တွေမှာသာ နှေးကွေးသွားတာကို သိသာစေမှာ ဖြစ်ပါတယ်။ ဒီအတွက် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကတော့

ထိခိုက်မှုမရှိတာတွေကတော့

ဒါကြောင့် Apple ဟာ iPhone Model အဟောင်းတွေကို နှေးကွေးအောင် လုပ်ပစ်တယ်ဆိုတဲ့နေရာမှာ အမြဲတမ်းအားလုံးကို နှေးကွေးနေစေတာမဟုတ်ဘဲ လိုအပ်တဲ့အခြေအနေတွေမှာ လိုအပ်သလောက်သာလုပ်ဆောင်တာဖြစ်ပြီး ဒါဟာလည်း Battery တွေ သက်တမ်းကြာနေချိန်မှာ ဖုန်းကို မထင်မှတ်ဘဲ ပိတ်ကျသွားတာမျိုးမဖြစ်အောင် ကာကွယ်ဖို့အတွက်သာ ဖြစ်ပါတယ်။

ဒါပေမယ့် Apple ရဲ့ လုပ်ဆောင်ချက်ဟာ ထင်ထားသလို မဖြစ်ခဲ့ဘဲ iPhone Model အဟောင်းတွေကို နှေးကွေးအောင် လုပ်ဆောင်တယ်ဆိုတဲ့ ယေဘုယ စွပ်စွဲချက်တွေနဲ့အတူ တရားစွဲဆိုမှုတွေ ရင်ဆိုင်နေရပြီး Apple မှလည်း နားလည်မှုလွဲသွားစေတဲ့အတွက် တရားဝင် တောင်းပန်ခဲ့ပါတယ်။ ဒါ့အပြင် iPhone Battery တွေရဲ့ လှယ်လှဲဖို့ ဈေးနှုန်းတွေကို လျော့ချပေးခဲ့ပါတယ်။

[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container]
Exit mobile version