What’s New With Android 8.0 Oreo: Part 1

Android 8.0 Oreo Update ကို Samsung Smartphone တချို့အတွက် ရရှိပြီး ဖြစ်ပါတယ်။ ဒီ Update မှာ ဘာအသစ်တွေ ပါလဲဆိုတာကို အပိုင်းခွဲပြီး တင်ပြပေးသွားပါမယ်။

Keyboard Improvements

Android 8.0 Oreo ကို ရရှိမယ့် Samsung ဖုန်းတွေ အနေနဲ့ Keyboard အတွက် ပိုမိုကောင်းမွန်တဲ့ Feature တွေ ပါဝင်လာပါတယ်။ Function များစွာကို အလွယ်တကူအသုံးပြုနိုင်စေဖို့ Toolbar အသစ်တစ်ခုကို ထပ်မံထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် လှုပ်ရှားနေတဲ့ GIF ဖိုင်တွေကိုလည်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Nougat မှာ Samsung ရဲ့ Default Keyboard အတွက် Theme တစ်ခုတည်းသာ ပါဝင်ခဲ့ပြီး အခု Android 8.0 Oreo မှာတော့ High Contrast Theme ၅ ခု ထပ်မံပါဝင်လာပါတယ်။ ဒါ့အပြင် Emoji သဘောကျသူတွေအတွက် Emoji 5.0 ကိုလည်း ထည့်သွင်းပေးထားပါတယ်။

Ref: Sammobile

Exit mobile version