Pixel 2 ရဲ့ Portrait Mode ကို First Generation Pixel နဲ့ Nexus 5X/6P တို့မှာ ရရှိနိုင်ပါပြီ

Google ရဲ့ Pixel 2 စမတ်ဖုန်းမှာ ပါတဲ့ Portrait Mode ကို Google အနေနဲ့ အရင်ကထွက်ရှိခဲ့တဲ့ သူ့ရဲ့ ဖုန်း Model တွေအတွက် အသုံးပြုလို့ ရနိုင်အောင် တရားဝင်လုပ်ဆောင်ပေးခြင်း မရှိသေးပေမယ့် developer Charles Chow ရဲ့ ကြိုးစားအားထုတ်မှုကြောင့် First-Gen Pixel (Pixel 1), Nexus 5X နဲ့ Nexus 6P တို့မှာ အသုံးပြုလို့ ရရှိနိုင်ပြီ ဖြစ်ပါတယ်။ Developer အနေနဲ့ Nexus 5X မှာပဲ စမ်းသပ်ထားပေမယ့် Nexus 6P မှာလည်း အသုံးပြုလို့ ရနိုင်မယ်လို့ ဆိုပါတယ်။ ဒီ လုပ်ဆောင်ချက်ကို Camera NX ရဲ့ Version 7.3 မှာ ထည့်သွင်းပေးထားတာဖြစ်ပြီး အောက်မှာပါရှိတဲ့ Link မှာ ဒေါင်းလုပ်ရယူစမ်းသပ်နိုင်ပါတယ်။

 

Download
Exit mobile version