Samsung Galaxy X မွာ Pressure Sensitive Display ပါ၀င္ဖုိ႕ရွိ

Samsung အနေနဲ့ 2018 အတွင်းမှာ အဓိကစမတ်ဖုန်း ၃ မျိုးထိ ထုတ်လုပ်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအထဲမှာ Galaxy S9, Galaxy Note 9 နဲ့ ပထမဆုံး စထုတ်မယ့် Galaxy X တို့ပါဝယ်မယ်လို့ ဆိုပါတယ်။ Galaxy X ဟာ iPhone X ကို ယှဉ်ပြိုင်ဖို့ ပေးထားတဲ့ နာမည်တစ်ခုမဟုတ်ဘဲ iPhone X မထွက်ခင်ကတည်းက သတင်းတွေထွက်ခဲ့တဲ့ Samsung ရဲ့ ပထမဆုံး ခေါက်သိမ်းလို့ရမယ့် စမတ်ဖုန်းတစ်လုံးဖြစ်ပါတယ်။

ဖုန်းတလုံးအနေအထားကနေ Tablet တစ်ခုအဖြစ်သို့ ပြောင်းလဲ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်

Galaxy X ဟာ Samsung အတွက် ဒီနှစ်မှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ဖုန်းတစ်လုံး ဖြစ်ပါလိမ့်မယ်။ အထူးသဖြင့် ဒီဇိုင်းပိုင်းနဲ့ ပတ်သက်ပြီး ဖြစ်ပါတယ်။ Galaxy S9 ဟာ အရင် Galaxy ဖုန်းတွေလိုပဲ သိပ်မကွဲပြားတဲ့ ဒီဇိုင်းနဲ့ ထွက်ပေါ်လာဖို့ရှိပြီး Galaxy Note 9 ဟာလည်း ထူးမခြားနား ဖြစ်ဖို့ များပါတယ်။ ဒါပေမယ့် Galaxy X အနေနဲ့ တခြား Galaxy ဖုန်းတွေ မလုပ်နိုင်တဲ့ ပိုက်ဆံအိတ်တစ်ခုလို ခေါက်ထားလို့ရမယ့် Display နဲ့ ပွဲထွက်လာဖို့ ရှိပါတယ်။ ဒီနည်းအားဖြင့် ဖုန်းတလုံးအနေအထားကနေ Tablet တစ်ခုအဖြစ်သို့ ပြောင်းလဲ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ Samsung အနေနဲ့ ဒါကို မှန်ကန်အောင်လုပ်နိုင်ခဲ့ရင် Galaxy X ဟာ Smartphone တစ်ခုစာအနေအထားကနေ လိုအပ်လာတဲ့အခါ Tablet တစ်လုံးလို အသုံးပြုနိုင်လာမယ့် ပထမဆုံး ဖုန်း ဖြစ်လာဖို့ ရှိပါတယ်။

လောလောဆယ်မှာတော့ Galaxy X ဟာ ဘယ်လိုပုံစံရှိမယ်ဆိုတာ မသိရသေးပါဘူး။ Samsung အနေနဲ့ ဒီဇိုင်းမျိုးစုံနဲ့ စမ်းသပ်နေပြီး ဒီဇိုင်းမူပိုင်ခွင့်အများအပြားကိုလည်း တင်ထားတာ တွေ့ရပါတယ်။

အခုထွက်ပေါ်လာတဲ့ လေ့လာတွေ့ရှိချက်တခုအရ Samsung အနေနဲ့ 2015 က Apple အသုံးပြုခဲ့တဲ့ 3D Touch လိုမျိုးပါဝင်တဲ့ Display ကို အသုံးပြုမယ်လို့ ဆိုပါတယ်။ ဒီ Pressure Sensitive ပါဝင်တဲ့ Display ကို၂၀၁၅ မှာ ထုတ်ခဲ့တဲ့ iPhone 6s တွေမှာ စတင်ပါဝင်ခဲ့ပြီး အဲ့ဒီနောက် Model တွေဖြစ်တဲ့ iPhone 7, iPhone 8 နဲ့ iPhone X တို့မှာ ဆက်လက်ပါဝင်ခဲ့ပါတယ်။

Dutch Blog တစ်ခုဖြစ်တဲ့ MobieKopen က ပထမဆုံး စတင်တွေ့ရှိခဲ့တဲ့ မူပိုင်ခွင့်တစ်ခုမှာ ဖော်ပြထားချက်အရ ကွေးညွှတ်လို့ရမယ့် Screen မှာ ထိတွေ့တဲ့ Pressure ပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်စေမယ့် နည်းပညာ ပါဝင်တာ တွေ့ရတယ်လို့ ဆိုပါတယ်။

MobieKopen ရဲ့အဆိုအရ ဒီနည်းပညာကို Galaxy X မှာ အသုံးပြုမယ်လို့ ဆိုပေမယ့် Samsung အနေနဲ့ တခြားဖုန်းတွေမှာလည်း သုံးစွဲလာဖို့ ရှိပါတယ်။ ၂၀၁၇ မှာ ထွက်ခဲ့တဲ့ Samsung ရဲ့ အဓိကထုတ်ကုန် စမတ်ဖုန်းတွေမှာ ဒီလိုမျိုး Pressure Sensitive ဖြစ်တဲ့ နေရာတစ်ခု Display ရဲ့ အောက်ခြေမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ iPhone X ရဲ့ Display ဟာလည်း ကွေးညွှတ်လို့ရတဲ့ Display အမျိုးအစားတစ်ခုဖြစ်ပါတယ်။

အခြားတဘက်မှာလည်း ကွေးခေါက်လို့ရမယ့် Device တွေမှာ လုပ်ဆောင်ချက်တချို့ကို ပြုလုပ်နိုင်ဖို့ Pressure Sensitive Screen တွေ လိုကောင်းလိုနိုင်ပါတယ်။ ဥပမာအားဖြင့် ဒီ Pressure Sensor တွေကနေ Screen ဟာ ခေါက်ထားသလား ဖြန့်ထားသလားဆိုတာကို ပြောပြဖို့အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ခန့်မှန်းချက်တွေသာဖြစ်ပြီး Samsung အနေနဲ့ ဒီနည်းပညာတွေကို အသုံးပြုမလားဆိုတာ ပြောကြားထားခြင်း မရှိပါဘူး။

Ref: BGR

Exit mobile version