Samsung Galaxy S9 နဲ့ S9+ ကို February 26 မှာ မိတ်ဆက်ပြီး March 16 မှာ စတင်ဖြန့်ချိမည်ဟုဆို

Samsung အနေနဲ့ Galaxy S9 နဲ့ S9+ ကို လာမယ့် MWC 2018 မှာ မိတ်ဆက်မယ်လို့ ပြောဆိုထားပြီး ဖြစ်ပါတယ်။ Twitter ပေါ်မှာ နည်းပညာသတင်းတွေကို တခြားသူတွေထက် အရင် ပေါက်ကြား ဖော်ထုတ်လေ့ရှိတဲ့ Evan Blass ရဲ့အဆိုအရ ဒီဖုန်းကို February လ 26 ရက်နေ့မှာ မိတ်ဆက်ပေးမယ်လို့ ဆိုပါတယ်။

သတင်းတွေအရ မိတ်ဆက်ပြီး ၃ ရက်အကြာ March လ ၁ ရက်နေ့မှာ Pre-order တွေကို စတင်လက်ခံသွားမယ်လို့ ဆိုပါတယ်။ တကမ္ဘာလုံးကို စတင်ဖြန်ရချိမယ့်ရက်ကတော့ March လ ၁၆ ဖြစ်ပါတယ်။

၂၀၁၇ တုန်းကတော့ Galaxy S8 ဟာ ပုံမှန်ထက် ၁ လ နောက်ကျပြီးမှ ရောက်လာခဲ့ပေမယ့် ဒီနှစ်တော့ အရင် 2016 က ထုတ်ခဲ့တဲ့ အချိန်အတိုင်း ပြန်ပြီး ထုတ်လုပ်ဖြန့်ချိမှာ ဖြစ်ပါတယ်။ အခုဖုန်းတွေဟာ Exynos 9810 နဲ့ ထွက်လာဖို့ရှိပြီး Stereo Speaker အပြင် Plus Version မှာ Dual Camera ပါမယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။

ရိုးရိုး Galaxy S9 ကတော့ 12MP ပဲရှိပြီး f/1.5 ကနေ f/2.4 ကို ပြောင်းလဲ ချိန်ညှိလို့ရတဲ့ Aperture ပါဝင်လိမ့်မယ်လို့ ဆိုပါတယ်။

Exit mobile version