Xiaomi Redmi Note 5 ရဲ့ Specifications တွေ ပေါက်ကြားထွက်ပေါ်

လွန်ခဲ့တဲ့ December လက Xiaomi အနေနဲ့ Redmi 5 နဲ့ Redmi 5 Plus ကိုထုတ်လုပ်ပေးပြီးတဲ့ နောက်မှာ ပိုမိုကြီးမားတဲ့ Version ဖြစ်တဲ့ Redmi Note 5 ကို ထုတ်လုပ်ပြီး တကမ္ဘာလုံးကို ရောင်းချလိမ့်မယ်လို့ ယူဆနေခဲ့ကြပါတယ်။ တရုတ်ကလာတဲ့ နောက်ဆုံးသတင်းတွေအရ Dual Camera ပါဝင်တဲ့ Xiaomi Note 5 Model အသစ်နှစ်မျိုးကို မိတ်ဆက်ပေးဖို့ ပြင်ဆင်နေပါတယ်။

3C မှာပါဝင်တဲ့ စာရင်းတွေအရ Redmi Note 5 အနေနဲ့ Snapdragon 636 နဲ့အတူ 4GB RAM, 64GB Storage တို့ ပါဝင်ဖို့ ရှိပါတယ်။ Screen အနေနဲ့ 5.99 လက်မရှိပြီး 18:9 အချိုးနဲ့ လာမှာ ဖြစ်ပါတယ်။ နောက်ကျောဘက် ကင်မရာအနေနဲ့ 16MP နဲ့ 5MP တို့ရှိတဲ့ ကင်မရာ နှစ်လုံးပါဝင်ပြီး ရှေ့ဘက်ကင်မရာကတော့ 8MP ပါဝင်မှာဖြစ်ပါတယ်။ ဒီဖုန်းဟာ MIUI 9 နဲ့ ထွက်လာဖို့ရှိပြီး Facial Recognition လည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဘက်ထရီအနေနဲ့ 4100mAh ရှိပြီး 18W Fast Charging လည်း ပါဝင်ဖို့ ရှိပါတယ်။

ဒါ့အပြင် ပိုမို ဈေးချိုတဲ့ Model လည်း ထုတ်လုပ်လိမ့်မယ်လို့ ဆိုပါတယ်။ ဒီ Model မှာ Snapdragon 636 ထက် Clock Speed အနည်းငယ် ပိုနည်းတဲ့ Snapdragon 630 နဲ့အတူ RAM 3GB နဲ့ 32GB Storage တို့ ပါဝင်မယ်လို့ဆိုပါတယ်။ ဈေးနှုန်းအနေနဲ့ ၂၃၈ ဒေါ်လာက စတင်ဖို့ရှိပြီး အမြင့်ဆုံး ဈေးနှုန်းက ၂၈၅ ဒေါ်လာ ခန့် ရှိမယ်လို့ သိရပါတယ်။

ဒီဖုန်းနှစ်လုံးကို လာမယ့်လမှာ မိတ်ဆက်ပေးမယ်လို့ ယူဆရတာကြောင့် MWC 2018 မှာ မြင်တွေ့ရမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref: GSMArena

Source
GSMArena
Exit mobile version