iOS 11.3 မှာ မြင်တွေ့ရမယ့် Battery Management ရဲ့ ဖြစ်နိုင်ခြေပုံစံများ

Apple အနေနဲ့ လာမယ့် iOS 11.3 မှာ iPhone Battery ရဲ့ ကြံ့ခိုင်မှု အခြေအနေကို ဖော်ပြပြီး လိုအပ်သလို အကြံပြုပေးနိုင်မယ့် လုပ်ဆောင်ချက်ကို ထည့်သွင်းပေးသွားဖို့ တရားဝင် အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။ ဒါတွေကို Setting ထဲက Battery မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး iPhone 6 နဲ့ နောက်ပိုင်း ဖုန်းတွေမှာ အသုံးပြုနိုင်မှာပါ။

ဒါ့အပြင် Battery ရဲ့ ကြံ့ခိုင်မှု နည်းနေချိန်ရောက်နေပါက အလိုအလျောက် စက်ပိတ်မသွားအောင် Battery Management Feature ကနေ ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ကန့်သတ်ထားမထား ကြည့်ရှုနိုင်ပြီး လိုအပ်ပါက ဒီ Battery Management Feature ကို ပိတ်တာ ဖွင့်တာလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Apple အနေနဲ့ ဒီ Feature ကို စတင် လုပ်ဆောင်နေပြီး iOS 11.3 beta 1 မှာတော့ ပါဝင်နိုင်ခြင်း မရှိသေးပါဘူး။ ဒါကြောင့် Apple အနေနဲ့ ဒီလုပ်ဆောင်ချက်ကို စတင် စမ်းသပ်သုံးစွဲခွင့် မပေးသေးခင် ဘယ်လိုပုံစံမျိုးရှိလာနိုင်မလဲဆိုတာ GSMArena က ခန့်မှန်း ဖန်တီးထားပုံတွေကို ပြန်လည် ဝေမျှပေးချင်ပါတယ်။

Apple အနေနဲ့ ဒီလိုမျိုး လုပ်ဆောင်ချက်ကို Laptop Battery တွေအတွက် macOS မှာ ထည့်သွင်းပေးထားပြီး ဖြစ်ပါတယ်။ System Information ထဲကနေ Power ကို ရွေးချယ်ကြည့်မယ်ဆိုရင် Battery ရဲ့ ကြံ့ခိုင်မှုအခြေအနေနဲ့အတူ Battery သုံးစွဲမှု ၁၀၀% စီတိုင်းကို ရေတွက်ထားတဲ့ Circle Count ကို တွေ့မြင်နိုင်ပါတယ်။ နောက်တနည်းကတော့ ALT Key ကို နှိပ်ထားရင်း macOS ရဲ့ Menu Bar ပေါ်က Battery ပုံလေးကို နှိပ်ကြည့်လိုက်ရင်လည်း ဒီအခြေအနေကို ပြသပေးနိုင်ပါတယ်။

macOS Battery Status
macOS Menu Bar Battery Status

macOS ထဲမှာတော့ Apple အနေနဲ့ Battery ရဲ့ အခြေအနေကို ၄ မျိုးခွဲပြီး ဖော်ပြထားပါတယ်။ အဲ့ဒါတွေကတော့ Normal, Replace Soon, Replace Now နဲ့ Service Battery တို့ပဲ ဖြစ်ပါတယ်။

iOS 11.3 Battery Health and Performance Management

macOS နဲ့ iOS ဟာ နီးနီးစပ်စပ်တူညီပေမယ့် macOS မှာလိုမျိုး လုပ်ဆောင်ဖို့တော့ ထင်ထားသလောက် မလွယ်ကူပါဘူး။

ဒါကြောင့် Apple အနေနဲ့ iOS 11.3 မှာ ဘက်ထရီရဲ့ ကြံ့ခိုင်မှုနဲ့ Performance Management ကို ဘယ်လိုလုပ်ဆောင်မလဲဆိုတာ ခန့်မှန်းကြည့်ကြရအောင်ပါ။

ပထမဆုံးအနေနဲ့တော့ ဒီလို Battery ရဲ့ ကြံ့ခိုင်မှုကိုစစ်ဖို့ Setting ထဲက Battery ကို သွားပြီး ကြည့်ရှုနိုင်ဖို့ အောက်ပါ ပုံစံအတိုင်း လုပ်ဆောင်ပေးပါလိမ့်မယ်။

Concept Photo: GSMArena

iPhone 8, iPhone 8 Plus နဲ့ iPhone X တို့ဟာ Power Management System ထည့်သွင်းမထားသေးပေမယ့် ဒီဖုန်းတွေမှာလည်း Battery ရဲ့ ကြံ့ခိုင်မှုကို ကြည့်ရှုနိုင်မှာပါ။

နောက်တခုက Apple အနေနဲ့ Battery ရဲ့ အခြေအနေကို သုံးစွဲသူဆီ ဘယ်လို သတင်းပေးမလဲ ဆိုတာပါ။ Apple အနေနဲ့ လုံး၀ သတင်းမပေးဘဲ သုံးစွဲသူတွေကပဲ Setting ထဲဝင်ပြီး မကြာခဏ ကြည့်ရှုစစ်ဆေးနေရမလား။ ဒါမှမဟုတ် iOS Update လုပ်တဲ့အချိန်တွေမှာ သတင်းပေးမလား။ ဒါမှမဟုတ် သုံးစွဲနေစဉ်အတွင်း အခြေအနေပြောင်းလဲသွားတာနဲ့ ချက်ချင်း သတင်းပေးမလား ဆိုတာ စဉ်းစားကြည့်ရအောင်ပါ။ Battery ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာ ဒီနေ့ ကောင်းနေပေမယ့် နောက်ရက်မှာ မကောင်းတော့တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ Apple အနေနဲ့ Battery ရဲ့ အခြေအနေ  ပြောင်းလဲသွားတာနဲ့ အသုံးပြုသူထံ ချက်ချင်း အကြောင်းကြား သတင်းပေးဖို့ လိုအပ်ပါတယ်။ ဒီအခြေအနေ ပြောင်းလဲမှုဟာ Power Management System ကနေ ဖုန်းမထင်မှတ်ဘဲ ပိတ်ကျသွားတာမျိုးမဖြစ်အောင် ဖုန်းရဲ့ လုပ်ဆောင်ချက်တွေကို ထိန်းချုပ်တာမျိုးတွေ ပြုလုပ်လာနိုင်ပါတယ်။ အောက်ကပုံမှာ Apple အနေနဲ့ ဒီလို Battery အခြေအနေပြောင်းလဲတဲ့အခါ ဘယ်လို သတင်းပေးမလဲဆိုတဲ့ ခန့်မှန်းချက်ကို ပုံဖော်ထားပါတယ်။

Concept Photo: GSMArena

ဒီနေရာမှာ သတိထားဖို့က အခု ခန့်မှန်းပုံဖော်ချက်တွေဟာ macOS မှာပါတဲ့ Battery တွေမှာပြသတဲ့ အခြေအနေကို အခြေခံပြီး ပြုလုပ်ထားတာဖြစ်ပါတယ်။ Apple အနေနဲ့လည်း ဒီနည်းလမ်းကလွဲပြီး တခြားနည်းလမ်းကို သုံးလိမ့်မယ်လို့မထင်ရပါဘူး။ Battery အားနည်းတဲ့အခါ Low Power Mode ပေါ်လာသလိုမျိုးပဲ ပြသပေးလိမ့်မယ်လို့ ယူဆရပါတယ်။ Battery ရဲ့ ကြံ့ခိုင်မှု အခြေအနေ ပြောင်းလဲသွားတဲ့ အခါ Performance Management Mode ဟာ အောက်မှာ ဖော်ပြထားတဲ့ ပုံအတိုင်း ပြသပေးမယ်လို့ ခန့်မှန်း ပုံဖော်ထားပါတယ်။

Concept Photo: GSMArena

ဒီနေရာမှာ သုံးစွဲသူတွေအနေနဲ့ Performance Management Mode ကို အဖွင့်အပိတ် ပြုလုပ်ပေးနိုင်ပါတယ်။ ဒီအတွက် Battery ရဲ့ ကြံ့ခိုင်မှု အားနည်းနေချိန် တနည်းအားဖြင့် Battery သက်တမ်း အိုဟောင်းလွန်းနေချိန်မှာ မထင်မှတ်ဘဲ ဖုန်းပိတ်ကျမသွားအောင် Performance Management Mode ကို ဖွင့်ထားမလား ဒါမှမဟုတ် ဖုန်းရဲ့ စွမ်းဆောင်ချက်ကို မထိခိုက်အောင် ပိတ်ပဲထားမလားဆိုတာကို ရွေးချယ်နိုင်ခွင့် ရှိလာမှာဖြစ်ပြီး Battery ရဲ့ အခြေအနေကိုလည်း သိရှိနိုင်တော့မှာဖြစ်ပါတယ်။

(အထက်ပါ ပုံများနဲ့ အချက်အလက်များဟာ GSMArena ကနေ စိတ်ကူးခန့်မှန်းထားတဲ့ ပုံများသာဖြစ်ပြီး Apple အနေနဲ့ တရားဝင် ထုတ်ဖော်ပြသ စမ်းသပ်သုံးစွဲခွင့်ပေးထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် တကယ်တမ်း တရားဝင်ထွက်လာတဲ့အခါမှာ ကွဲပြားမှုတွေ ရှိလာနိုင်ပါတယ်။)

Ref: GSMArena

Exit mobile version