Samsung Galaxy S9 မှာ IntelligentScan လို့ခေါ်တဲ့ မျက်နှာနဲ့ မျက်လုံးကို ပေါင်းစပ်ပြီး ဖတ်တဲ့ နည်းပညာကို အသုံးပြုဖွယ်ရှိ

Samsung ရဲ့ လာမယ့် Galaxy S9 နဲ့ S9+ မှာ IntelligentScan လို့ခေါ်တဲ့ ဖုန်းကို Unlock လုပ်တဲ့ Feature အသစ်ပါဝင်လာမယ်လို့ ဆိုပါတယ်။ Samsung ရဲ့ Setting app ထဲမှာ ဖော်ပြချက်တခုအရ ဒီလုပ်ဆောင်ချက်ဟာ မျက်လုံးနဲ့ မျက်နှာကို ပေါင်းစပ်ပြီး ဖတ်ရှုမှာကြောင့် အလင်း အားနည်းနေချိန်တွေနဲ့ အလင်းရောင် အရမ်းတောက်ပနေချိန်တွေမှာတောင် ကောင်းမွန်စွာအလုပ်လုပ်နိုင်မယ်လို့ ဆိုပါတယ်။

အောက်မှာ သရုပ်ဖော်ထားတဲ့ ဗီဒီယိုဖိုင်ကို ကြည့်ရှုနိုင်ပါတယ်။

ဒီ Function ဟာ ဘယ်လို အလုပ်လုပ်သလဲဆိုတာကတော့ အသေးစိတ် မသိရသေးပါဘူး။ Iris Scanner ပါဝင်တဲ့အတွက် Unlock လုပ်တဲ့အခါ မျက်လုံးက Scanner ကို ကြည့်မနေရင်လည်း အလုပ်လုပ်မလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ Galaxy S9 နဲ့ S9+ တို့ကို မိတ်ဆက်ဖို့ ၁ လလောက်ပဲ လိုတော့တာမို့ ဒီ IntelligentScan နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ မကြာခင်မှာ ပိုမိုသိရှိလာရမယ်လို့ ယူဆရပါတယ်။

Ref: GSMArena

Exit mobile version