Galaxy S9 နဲ့ S9+ ရဲ့ တရားဝင်ဓာတ်ပုံများ ပေါက်ကြားထွက်ပေါ်

Samsung အနေနဲ့ Galaxy S9 နဲ့ S9+ ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ မိတ်ဆက်ပေးမယ်လို့ ကြေငြာထားပြီး ဖြစ်ပါတယ်။ မိတ်ဆက်ပေးမယ့် နေ့နဲ့ နီးကပ်လာတာနဲ့အမျှ သတင်းပေါက်ကြားမှုတွေလည်း အချိန်နဲ့အမျှထွက်ပေါ်လာတာ တွေ့ရပါတယ်။ အခုတခါ ပေါက်ကြားထွက်ပေါ်လာတာကတော့ သတင်းမီဒီယာတွေအတွက် ရိုက်ကူးထားတဲ့ ပုံတွေပဲဖြစ်ပြီး အရောင်သစ်ဖြစ်တဲ့ Lilac Purple Color နဲ့ ဖြစ်ပါတယ်။ ဒါကြောင့် Galaxy S9 နဲ့ S9+ အတွက် ရနိုင်တဲ့ အရောင်တွေအနေနဲ့ Midnight Black, Titanium Gray, Coral Blue တို့ အပါအဝင် အရောင် ၄ မျိုးခန့်နိုင်ရရှိနိုင်ပြီး နိုင်ငံအလိုက် အရောင်ရရှိနိုင်မှုကွာခြားနိုင်သလို တခြား Limited Editions တွေလည်း ရရှိနိုင်ပါတယ်။

Galaxy S9 Plus Leaked Photo (GSMArena)

ဒီပုံတွေအရ Galaxy S9+ မှာ Dual Camera နဲ့ ပွဲထွက်လာဖို့ရှိပြီး Galaxy S9 အနေနဲ့ကတော့ ကင်မရာ တလုံးနဲ့ပဲ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ Fingerprint Sensor အနေနဲ့လည်း ကင်မရာရဲ့ အောက်ဘက်ကို ပြောင်းရွှေ့ပေးထားတဲ့အတွက် လွယ်လွယ်ကူကူ Unlock လုပ်နိုင်လာမှာ ဖြစ်ပါတယ်။

ကင်မရာ Sensor အနေနဲ့ Sony ရဲ့ IMX345 Sensor ကို နောက်ကျောဘက် ကင်မရာအတွက် အသုံးပြုထားမယ်လို့ ဆိုပြီး f/1.5 ကနေ f/2.4 ကို ပြောင်းလဲ ချိန်ညှိနိုင်တဲ့ Aperture အပါအဝင် 480fps Slow-motion Video တွေရိုက်ကူးနိုင်မယ့်လုပ်ဆောင်ချက်လည်း  ပါဝင်လာမယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။ Galaxy S9 နဲ့ S9+ ဟာ Samsung Experience 9 UI ပါဝင်တဲ့ Android Oreo ကို အသုံးပြုထားဖို့ ရှိပါတယ်။ Galaxy S9 အနေနဲ့ RAM 4GB ပါဝင်ပြီး Galaxy S9+ အနေနဲ့တော့ RAM 6GB ပါဝင်မှာ ဖြစ်ပါတယ်။

Via
GSMArena
Exit mobile version