iPhone နဲ့ Android ဖုန်းတွေအတွက် Wallpaper လှလှလေးတွေ ရယူနိုင်မယ့် Website နဲ့ App များ

iPhone သုံးစွဲသူတွေအနေနဲ့ Android သုံးစွဲသူတွေလို မိမိဖုန်းကို Launcher တွေ Theme တွေနဲ့ စိတ်ကြိုက်အလှဆင်ဖို့ မလွယ်ကူပေမယ့် Wallpaper လှလှလေးတွေနဲ့တော့ တခြားသူတွေနဲ့ မတူအောင် ပြင်ဆင်ထားလို့တော့ ရပါတယ်။ ဒီအတွက် iPhone နဲ့ Android ဖုန်းတွေမှာ Wallpaper လန်းလန်းလေးတွေ ရယူနိုင်မယ့် Website နဲ့ App တွေကို ဖော်ပြပေးလိုက်ပါတယ်။

Papers.co

Paper.co ဟာ ကွန်ပျူတာမှာဖြစ်စေ၊ ဖုန်း Browser မှာဖြစ်စေဖွင့်ပြီး Wallpaper ဆန်းဆန်းလေးတွေကို ရယူနိုင်တဲ့ ဆိုဒ်တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံတစ်ပုံကို ရွေးချယ်လိုက်တဲ့အခါမှာလည်း iPhone အတွက်လား Android အတွက်လား၊ Tablet အတွက်လား ဒါမှမဟုတ် ကွန်ပျူတာအတွက်လားဆိုတာပါ ရွေးချယ်ပြီး Size အလိုက် သို့မဟုတ် မိမိ ဖုန်း Model အလိုက် ရွေးချယ်နိုင်ပါတယ်။ iOS အတွက် App ပါ ထွက်ရှိထားလို့ iPhone, iPad သုံးစွဲသူတွေအတွက် ပိုမိုအဆင်ပြေပါတယ်။ ဒီ ဆိုဒ်ဟာ iPhone အသုံးပြုသူတွေအတွက် ပိုမိုအသုံးဝင်မယ်လို့ ယူဆရပါတယ်။

http://papers.co

Zedge

Zedge

ဒီဆိုဒ်ကိုတော့ အတော်များများ သိပြီးသား ဖြစ်ကြမှာပါ။ Android အတွက်ရော iOS အတွက်ပါ App တွေ ထွက်ရှိထားပြီး Ringtones ဆန်းဆန်းလေးတွေကိုပါ ရယူနိုင်ပါတယ်။ ကွန်ပျူတာ Browser ကနေလည်း မိမိ ဖုန်း Model အတွက် ပုံတွေကို ရွေးချယ်ထားနိုင်ပြီး Cookie ဖိုင်နဲ့ မှတ်သားထားတာကြောင့် နောက်တကြိမ်ပြန်လည် ရှာဖွေတဲ့အခါလည်း မိမိမှာရှိနေတဲ့ ဖုန်း Model အတွက် ပုံတွေကို အလိုအလျောက် ရွေးချယ်ပေးသွားမှာ ဖြစ်ပါတယ်။ iOS အတွက် Ringtone တွေကိုတော့ App သပ်သပ် Download ရယူရမှာဖြစ်ပြီး မိမိလိုချင်တဲ့ Ringtone ကို ဝယ်ယူအသုံးပြုရမှာဖြစ်တဲ့အတွက် Android လောက်တော့ အဆင်ပြေမှာမဟုတ်ပါဘူး။ Wallpaper အတွက်တော့ Android မှာရော iOS အတွက်ပါ အဆင်ပြေတာ တွေ့ရပါတယ်။

https://www.zedge.net/

iDeviceWalls

iDeviceWall

ဒါကတော့ iPhone သုံးစွဲသူတွေပိုမို အဆင်ပြေမယ့် Website ဖြစ်ပါတယ်။ Theme Based Wallpapers တွေပါ ရယူနိုင်တဲ့အတွက် တခြားနေရာတွေမှာ မတွေ့နိုင်တဲ့ Wallpaper တွေကိုလည်း ဒီမှာ ရရှိနိုင်ပါတယ်။ ဒါ့အပြင် Jailbreak လုပ်ထားသူတွေအနေနဲ့လည်း App အချို့ကို ရယူနိုင်ပါတယ်။

http://idevicewalls.com/

WallpapersHome

Wallpapershome

ဒီ Website ကတော့ Android၊ iPhone အပြင် ကွန်ပျူတာမှာပါ အဆင်ပြေတဲ့ Website တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် တခြားဆိုဒ်တွေထက် ပိုအားသာတာက မိမိ Browse လုပ်တဲ့ Device ရဲ့ Resolution ကို သိပြီး အလိုအလျောက် Resolution ကို ရွေးချယ်ပေးတာကြောင့် အရမ်းကို အဆင်ပြေတဲ့ Website တစ်ခုဖြစ်ပါတယ်။ Android အတွက် App ပါ ထွက်ရှိထားပါတယ်။ ဒါပေမယ့် App တွေ မိမိဖုန်းမှာ အများကြီး ရှိမနေချင်သူတွေအတွက် Browser မှာဖွင့်ပြီး လွယ်ကူစွာနဲ့ Download ရယူနိုင်ပါတယ်။ ဒါ့အပြင် 4K Resolution ရှိတဲ့ Wallpaper တွေကိုလည်း ရယူနိုင်တာကြောင့် ကွန်ပျူတာတွေအတွက် ကောင်းမွန်တဲ့ Wallpaper တွေကို ရှာဖွေနိုင်မှာပါ။

https://wallpapershome.com/

Wallpapers Wide

WallpapersWide

ဒီ Website ကလည်း Resolution မျိုးစုံ၊ Categories မျိုးစုံက ပုံတွေ ရွေးချယ်နိုင်ပါတယ်။ သူ့ရဲ့ အားနည်းချက်က Mobile Friendly Website မရှိဘဲ ပုံတွေမှာလည်း ညာဘက်အောက်ခြေမှာ ရေစာတွေ ရိုက်ထည့်ထားတာတွေ့ရပါတယ်။

http://wallpaperswide.com/

 

 

 

 

Via
Digital Trends
Exit mobile version