Galaxy S9 မှာ Stereo Speaker ပါဝင်မည်ဟုဆို

Galaxy S9 ကို တရားဝင် မိတ်ဆက်ပေးဖို့ ၁၀ ရက်ခန့် လိုသေးပေမယ့် သူနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကတော့ တော်တော်များများသိရှိပြီး ဖြစ်ကြပါတယ်။ ဒီဖုန်းကို Mobile Network တွေနဲ့ Accessory Company တွေဆီမှာ စမ်းသပ်နေပြီး ကိုရီးယားသတင်းဆိုဒ်တခုဖြစ်တဲ့ ETNews ကနေ ဒီဖုန်းမှာ ပါဝင်မယ့် Feature တချို့ ထပ်မံ ပေါ်ထွက်လာပါတယ်။

Apple ရဲ့ Animoji လိုမျိုး ရှေ့ဘက်ကင်မရာကို အသုံးပြုထားတဲ့ 3D Emoticon Feature တစ်ခုပါဝင်မယ်လို့ဆိုပါတယ်။ Animoji Feature ဟာ iPhone X အတွက် လူပြောများတဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်လို့ Samsung အနေနဲ့လည်း ဒီလိုမျိုး 3D Emoticon ကို လုပ်ဆောင်လာတာလို့ ယူဆရပါတယ်။ ဒီလုပ်ဆောင်ချက်ကို အလွယ်တကူရှင်းပြရမယ်ဆိုရင်တော့ ရှေ့ဘက်ကင်မရာကို အသုံးပြုပြီး သုံးစွဲသူရဲ့ မျက်နှာပေါ်က ခံစားချက်အတိုင်း 3D Emoji တွေကို ဖန်တီးပေးတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် Galaxy S9 မှာ အများက စောင့်မျှော်နေတာ ကြာပြီဖြစ်တဲ့ Stereo Speaker ပါဝင်မယ်လို့ ဆိုပါတယ်။ Speaker တစ်ခုဟာ ဖုန်းရဲ့ အပေါ်ပိုင်းမှာ တပ်ဆင်ထားပြီး နောက်တခုကိုတော့ အောက်ခြေမှာ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ Galaxy S8 နဲ့ Note 8 တို့မှာ Speaker ထားတဲ့ ပုံစံဟာ လက်နဲ့ အလွယ်တကူ ပိတ်မိသွားနိုင်တာကြောင့် အဆင်မပြေဖြစ်ခဲ့ရတာကို ဒီတခါမှာတော့ ဖြေရှင်းပေးထားမယ်လို့ ယူဆရပါတယ်။

ဒါဟာ မကြာသေးခင်က SamMobile က ဖော်ပြခဲ့တဲ့ Stereo Speaker ပါဝင်မယ်ဆိုတဲ့ သတင်းနဲ့ ကိုက်ညီတာ တွေ့ရပါတယ်။ SamMobile ကအတည်မပြုနိုင်တဲ့ သတင်းတွေအရ Galaxy S9/S9 + မှာ AKG က ချိန်ညှိပေးထားတဲ့ Dolby Surround Stereo Speaker ပါဝင်မယ်လို့ ဆိုပါတယ်။

စမ်းသပ်သုံးစွဲနေတဲ့သူတွေရဲ့ အဆိုအရ Galaxy S9 ဟာ Galaxy S8 နဲ့ ပုံစံ ခပ်ဆင်ဆင်ဖြစ်ပြီး အနည်းငယ် ပိုမိုပါးလွှာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Bixby Button ဟာလည်း အရင်လိုဘဲ ဖုန်းရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိနေသေးတယ်လို့ သိရပါတယ်။ သတင်းတွေအရ Galaxy S9 ကို ကိုရီးယားမှာ ဒေါ်လာ ၉၂၀ ထက် ပိုများမှာမဟုတ်ဘူးလို့သိရပါတယ်။ ဒါဟာ Galaxy Note 8 ဈေးနှုန်းထက် ပိုပြီး ဈေးချိုတာ တွေ့ရပါတယ်။ Galaxy S9+ အနေနဲ့တော့ ဒီထက် အနည်းငယ် ဈေးများဖို့ ရှိပါတယ်။

Via
Android Authority
Source
ETNews
Exit mobile version