Microsoft အနေနဲ့ Photo Companion လို့ခေါ်တဲ့ App အသစ်တစ်ခုကို Android နဲ့ iOS အတွက် ဒီနေ့ ဖြန်ချိပေးခဲ့ပါတယ်။ ဒီ App ဟာ Android ဖုန်းတွေနဲ့ iPhone တွေထဲက ဓာတ်ပုံတွေကို Windows 10 PC တွေဆီ အလွယ်တကူ ကူးပြောင်းပေးဖို့ ရည်ရွယ်ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။
ဒီ App ကို အသုံးပြုဖို့ Play Store ဒါမှ မဟုတ် App Store ကနေ Download လုပ်ပြီးတဲ့အခါ Windows Photo App က ထုတ်လုပ်ပေးတဲ့ QR Code ကို Scan လုပ်ပေးရမှာ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲက Windows Photo App ကို PC မှာ ဖွင့်ရမှာဖြစ်ပါတယ်။ ဖွင့်ပြီးတဲ့အခါ ညာဘက် အပေါ်ဆုံးဘေးမှာရှိတဲ့ အစက်လေး သုံးစက် (Menu) ကို နှိပ်ပြီး Setting ကို ဝင်ရမှာပါ။ Setting ထဲက Preview အောက်မှာ Help Microsoft test the mobile import over Wi-Fi feature ဆိုတာကို ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ Preview ဆိုတာကို Setting ထဲမှာ မမြင်ရရင်တော့ Photos App ကို Windows Store မှာ Update လုပ်ပေးဖို့ လိုအပ်ပါတယ်။
ပြီးရင် ဒီ Photos App ကို ပိတ်ပြီး ပြန်ဖွင့်ရမှာပါ။ ဒီနောက်တော့ Import ထဲက From mobile over Wi-Fi ကို နှိပ်ပြီး ထွက်ပေါ်လာတဲ့ QR Code ကို Phone က Photo Companion App နဲ့ Scan ဖတ်ပြီး ဓာတ်ပုံတွေ ဗီဒီယိုတွေကို ကူးပြောင်းနိုင်မှာ ဖြစ်ပါတယ်။ ဒီလိုလုပ်ဖို့ ဖုန်းနဲ့ ကွန်ပျူတာဟာ WiFi Network တစ်ခုတည်းမှာ အတူ ချိတ်ဆက်ထားဖို့တော့ လိုအပ်ပါတယ်။ နောက်တကြိမ် ထပ်မံကူးပြောင်းလိုပါက ထပ်မံပြီး QR Code နဲ့ Scan လုပ်ဖို့ လိုအပ်ပါတယ်။ ဓာတ်ပုံတွေ ကွန်ပျူတာတွေကို PC ထဲက Photos App ထဲ ကို ကူးပြောင်းပြီးပါက ဒီ App ထဲမှာတင် Edit လုပ်နိုင်တာ တွေ့ရပါတယ်။