Galaxy S8 နဲ့ Galaxy S8+ အတွက် Oreo Update ကို Samsung ရပ်တန့်

Beta စမ်းသပ်မှုကို အချိန်ကြာကြာ ပြုလုပ်ပြီးတဲ့နောက် Android 8.0 Oreo Update ကို လွန်ခဲ့တဲ့ အပတ်က Beta စမ်းသပ်မှုမှာ ပါဝင်ခဲ့ကြသူတွေကို ဦးစားပေး ဖြန့်ချိပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ သာမန်သုံးစွဲသူတွေထံ နယ်မြေအလိုက် ဖြန့်ချိပေးခဲ့ပါတယ်။ ဒါပေမယ့် ဒီလို ဖြန့်ချိပြီး ရက်ပိုင်းအကြာမှာပဲ Update ကို ရပ်တန့်ခဲ့ပါတယ်။

Samsung ရဲ့ တုန့်ပြန်မှုမှာတော့ ဒီ Update ကို ပြုလုပ်ထားသူတချို့မှာ မကြာခဏ Reboot ဖြစ်တာ ကြုံရတဲ့အတွက် ဒါကို စစ်ဆေးဖို့ Update ကိုရပ်တန့်ထားတယ်လို့ ဆိုပါတယ်။ သတင်းတွေအရတော့ Samsung အနေနဲ့ Update အသစ်ကို ထပ်မံ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။

Beta Program နဲ့ အချိန်ကြာကြာ စမ်းသပ်ပြီးတဲ့နောက် ၂ ပတ်ခန့်အကြာမှ ဖြန့်ချိနိုင်ခဲ့တဲ့ ဒီ Oreo Update မှာ အခုလို error ကြီးကြီးမားမားပါတာကတော့ Samsung အနေနဲ့ မသင့်တော်ဘူးလို့ ပြုရမှာပါ။ ရောင်းချပြီးတဲ့ ဖုန်းတွေအတွက် Firemware Update ထုတ်လုပ်ပေးရာမှာ နာမည်ဆိုးနဲ့ ကြော်ကြားတဲ့ Samsung အနေနဲ့ ဒီတခါလည်း နာမည်ပျက်စရာ ဖြစ်နေပြန်ပါတယ်။

Exit mobile version