Samsung Galaxy S9 နဲ့ပတ်သက်ပြီး နောက်ဆုံးသိရသမျှ သတင်းပေါက်ကြားချက်များ

Galaxy S9 နဲ့ S9+ ကို လာမယ့် ရက်အနည်းငယ်အတွင်းမှာ မိတ်ဆက်ပေးတော့မှာ ဖြစ်ပါတယ်။ ဒါပမယ့် သူနဲ့ ပတ်သက်တဲ့ ဓာတ်ပုံတွေ၊ Specification တွေကတော့ အားလုံးနီးပါး ပေါက်ကြား ထွက်ပေါ်ပြီး ဖြစ်ပါတယ်။ ဒီ Galaxy S9 တွေဟာ US ဈေးကွက်မှာ Snapdragon 845 ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်လာမှာ ဖြစ်ပြီး တခြားဈေးကွက်တွေအတွက်တော့ Exynos 9180 ကို အသုံးပြုထားတဲ့ Version ကို ရရှိမှာ ဖြစ်ပါတယ်။

ဒီဖုန်းမှာ ရှေ့ဘက် Display အနေနဲ့ Galaxy S8 မှာလိုမျိုး Infinity Display ပါဝင်မှာဖြစ်ပြီး နောက်ကျောဘက်မှာတော့ ကင်မရာနဲ့ Fingerprint Reader ကို ဒေါင်လိုက် အနေအထားနဲ့ တပ်ဆင်ပေးထားပါတယ်။ 

12MP ရှိတဲ့ ကင်မရာဟာ ဒီတခါမှာတော့ အပြောင်းအလဲ ကြီးကြီးမားမားပြုလုပ်ထားမယ်လို့ ယူဆရပါတယ်။ ဒီ ကင်မရာမှာ Aperture ကို f/1.5 ကနေ f/2.4 အထိ ပြောင်းလဲချိန်ညှိလို့ ရမယ့် Variable Aperture ပါဝင်လာမယ်လို့ ဆိုပါတယ်။ Galaxy S9+ မှာတော့ Dual Camera ပါဝင်လာမှာဖြစ်ပြီး f/2.4 ရှိတဲ့ 12MP Secondary ကင်မရာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါဟာ Galaxy Note 8 မှာပါဝင်တဲ့ Secondary Camera နဲ့ တော်တော်လေး ဆင်တူမယ်လို့ ယူဆရပါတယ်။

Twitter အသုံးပြုသူ Roland Quandt ဆီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ Galaxy S9 မှာ 2960×1440 resolution ရှိတဲ့ 5.8 လက်မ Display ပါဝင်မှာဖြစ်ပြီး Galaxy S9+ အတွက်တော့ 6.2 လက်မရှိမယ်လို့ သိရပါတယ်။ Chipset နှစ်ခုလုံးမှာ Octa-core CPU ပါဝင်ပြီးတော့ Exynos 9810 မှာ 2.9GHz ရှိမှာဖြစ်ပြီး Snapdragon 845 အနေနဲ့တော့ 2.4GHz ထိ ရှိမှာဖြစ်ပါတယ်။

RAM အနေနဲ့ နှစ်မျိုး ရရှိနိုင်မှာဖြစ်ပြီး Galaxy S9 အတွက်တော့ 4GB ရှိမှာဖြစ်ကာ Galaxy S9+ အတွက်တော့ 6GB RAM ပါဝင်မှာဖြစ်ပါတယ်။ Model နှစ်မျိုးလုံးမှာ 64GB Storage ပါဝင်ပြီး micro SD Card ကတဆင့် 400GB အထိ ထပ်မံတိုးချဲ့နိုင်ပါတယ်။

 

Bluetooth 5.0 နဲ့ USB C တို့ပါဝင်မှာဖြစ်ပြီး ဒါဟာ အခုနောက်ပိုင်းထွက်ရှိတဲ့ Model မြင့် စမတ်ဖုန်းတွေအတွက် စံတခုလိုဖြစ်နေလို့ အံ့သြစရာတော့ မရှိပါဘူး။ အခု Chipset အသစ်တွေဟာ ဘက်ထရီသုံးစွဲမှု လျော့နည်းတာကြောင့် အရင်ကထက် ပိုမိုအချိန်ကြာကြာ အသုံးခံနိုင်မှာဖြစ်လို့ Samsung အနေနဲ့ဘက်ထရီကို 3000mAh/3500mAh ပဲ ထားမလားဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။

လာမယ့် တနင်္ဂနွေမှာ တရားဝင်မိတ်ဆက်တဲ့အခါ Samsung အနေနဲ့ အံ့အားသင့်စရာတွေ ရှိနေဦးမလားဆိုတာကတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

Via
GSMArena
Exit mobile version