iPad Model အသစ် နှစ်မျိုး မကြာခင်မှာ ထွက်လာဖို့ရှိနေ

Apple ရဲ့ iPad Model အသစ်နှစ်မျိုး မကြာခင်မှာ ထွက်ရှိလာလိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ Consomac က ရှာဖွေတွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ Eurasian Commission ရဲ့ Database ထဲမှာ Device အသစ်တွေကို မှတ်ပုံတင်ထားတာတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ Encryption အသုံးပြုထားတဲ့ ပစ္စည်းတွေအနေနဲ့ ရောင်းချခြင်း မပြုသေးခင်မှာ ဥပဒေအရ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ အရင်ကလည်း MacBook မော်ဒယ်သစ်တွေ၊ iPhone 7 နဲ့ Apple AirPods တွေရဲ့သတင်းတွေ ဒီလိုမျိုး ကြိုတင်သိရှိခဲ့ဖူးပါတယ်။

Model နံပါတ်တွေအနေနဲ့ A1954 နဲ့ A1893 တို့ ဖြစ်ပြီး iOS 11 ပါဝင်တဲ့ Apple Tablets တွေ ဖြစ်တယ် လို့ ဆိုပါတယ်။ ဒါဟာ iPad Model သစ်တွေ မကြာခင်မှာ ထွက်ရှိလာတော့မယ်ဆိုတာကို ညွှန်ပြနေတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒီ iPad Model သစ်တွေဟာ iPad Pro လိုမျိုး အဓိက Model တွေရဲ့ Update မဟုတ်ပါဘူး။ အဓိက iPad Model တွေရဲ့ Update Model တွေကိုတော့ ဒီနှစ်ကုန်ပိုင်းလောက်မှာမှ မြင်တွေ့ရဖို့ ရှိပါတယ်။ ဒီ Update Model တွေမှာ iPhone X မှာလို အလွန်သေးငယ်တဲ့ ဘေးဘောင် နဲ့ FaceID ပါဝင်ပြီး Home Button ပါဝင်တော့မှာမဟုတ်ဘူးလို့ဆိုပါတယ်။ ဒါပေမယ့် အခု Database မှာ တွေ့ရှိရတဲ့ အချက်အလက်တွေဟာ အဓိက iPad Model တွေရဲ့ Update တွေကို ရည်ညွှန်းတာ မဟုတ်ဘူးလို့ ယူဆရပါတယ်။

FaceID ပါဝင်တဲ့ iPad Pro တွေကို 2018 ရဲ့ ဒုတိယ နှစ်ဝက်လောက်မှာ မိတ်ဆက်ပေးလိမ့်မယ်လို့ ယူဆထားကြတာပါ။ ဒါပေမယ့် အခု Eurasian Commission ရဲ့ အချက်အလက်တွေထဲမှာ ပါတဲ့ iPad Model အသစ်နှစ်မျိုးဟာ အဲ့ဒီလောက် အချိန်ကြာကြာမဟုတ်ဘဲ မကြာခင်မှာပဲ ထွက်ရှိတော့မယ်လို့ ယူဆရပါတယ်။

iPhone 7 နဲ့ AirPod တွေရဲ့ သတင်းတွေတုန်းက တရားဝင်မိတ်မဆက်ခင် နှစ်ပတ်လောက် အလိုလေးမှာပဲ အခုလိုမျိုး သတင်းတွေ ထွက်ရှိလာဖူးပါတယ်။ MacBook နဲ့ New Keyboard တွေလည်း Eurasian Database ထဲမှာ မေလအတွင်း ပေါ်ထွက်ခဲ့ပြီး ဇွန်လ အစောပိုင်းမှာ ကျင်းပခဲ့တဲ့ WWDC မှာ ဒါတွေကို မိတ်ဆက်ပေးခဲ့ပါတယ်။

ဒါကြောင့်မို့ မကြာခင်မှာလာတော့မယ့် iPad အသစ်တွေဟာ FaceID ပါဝင်တဲ့ iPad Pro တွေမဟုတ်ဘဲ လွန်ခဲ့တဲ့နှစ် March လကထွက်ရှိခဲ့တဲ့ ၃၂၉ ဒေါ်လာတန် New iPad အတွက် Model သစ်ဖြစ်မယ်လို့ ယူဆရပါတယ်။ အခုရရှိထားတဲ့ Model နံပါတ်အသစ်နှစ်ခုဟာလည်း WiFi နဲ့ Cellular Model ကို ကိုယ်စားပြုမယ်လို့ ယူဆရပါတယ်။

မကြာသေးခင်ကလည်း Digitimes ဆီက သတင်းတွေအရ Apple အနေနဲ့ 2018 အတွင်း ပိုမိုဈေးချိုတဲ့ ဒေါ်လာ ၂၆၀ တန် iPad တမျိုးကို မိတ်ဆက်ပေးမယ်လို့ ဆိုခဲ့ပါသေးတယ်။ Consomac ရဲ့ အဆိုအရ Apple အနေနဲ့ လာမယ့် March လမှာ ပွဲတစ်ခု စီစဉ်လိမ့်မယ်လို့ သိရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်က New iPad ကို စတင်ရောင်းချတုန်းက သတင်းထုတ်ပြန်ချက်တစ်ခုနဲ့ပဲ မိတ်ဆက်ပေးခဲ့တဲ့အတွက် ဒီနှစ်မှာ ပွဲတခုကျင်းပပြီး မိတ်ဆက်ပေးမယ်ဆိုတာ ဖြစ်နိုင်ဖို့ မလွယ်ကူပါဘူး။

Via
9to5Mac
Exit mobile version