Galaxy S9 နဲ့ S9+ ကို Samsung တရားဝင် မိတ်ဆက်

လအတော်ကြာအောင် သတင်းပေါက်ကြားချက်တွေ၊ ထင်မြင်မှန်းဆမှုတွေနဲ့ စောင့်မျှော်ခဲ့ကြတဲ့ Samsung Galaxy S9 နဲ့ S9+ ကို Samsung ကနေ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Samsung ရဲ့ Teaser ထဲမှာ ပြထားတဲ့အတိုင်း ကင်မရာပိုင်းကို ဦးစားပေး ထားတာတွေ့ရပါတယ်။ Dual Camera ကို Galaxy S9+ မှာပဲ ရရှိနိုင်ပေမယ့် 960fps နဲ့ ရိုက်ကူးနိုင်တဲ့ Slow-mo Camera၊ Variable Aperture စတာတွေကိုတော့ Galaxy S9 မှာလည်း ရရှိနိုင်ပါတယ်။ Galaxy S9 နဲ့ S9+ မှာ Stereo Speaker လည်း ပါဝင်လာပြီး အရင် Model တွေလိုပဲ Infinity Display ကို ဆက်လက် တပ်ဆင်ပေးထားပါတယ်။

Galaxy S9 နဲ့ S9+ မှာ ချိန်ညှိလို့ရတဲ့ Dual Aperture ပါဝင်လာပါတယ်။ ဒါပေမယ့် ဒါဟာ ပထမဆုံး ပါဝင်လာတာတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့နှစ်က ထုတ်ခဲ့တဲ့ Samsung W2018 မှာလည်း ဒီလိုမျိုး Dual Aperture ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီဖုန်းဟာ တကမ္ဘာလုံးကို ရောင်းချတာမဟုတ်သလို Galaxy S Series လောက်လည်း လူသိများခြင်းမရှိပါဘူး။ Dual Aperture ကို အသုံးပြုပြီးတော့ Galaxy S9 နဲ့ S9+ မှာ Aperture ကို F/1.5 ကနေ F/2.4 ထိ ပြောင်းလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ F/1.5 ဟာ ကင်မရာထဲကို အလင်း ပိုဝင်အောင် လုပ်ပေးတာဖြစ်လို့ အလင်းအားနည်းချိန်တွေမှာ ရိုက်ကူးဖို့အတွက် ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။

ဒါ့အပြင် 12MP ရှိတဲ့ ဒီနောက်ဘက်ကင်မရာဟာ Slow Motion ကို 960fps နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ ဒီလိုရိုက်ကူးနိုင်ဖို့ Samsung အနေနဲ့ Slow-mo ရိုက်ကူးဖို့ အထူး Mode တခု ထည့်သွင်းပေးထားပြီး ဒီ Mode ဟာ ရိုက်ကူးမယ့် Frame ထဲမှာ ရွေ့လျားနေတဲ့ အရာတွေကို ပါဝင်လာမှ Slow-Motion အဖြစ် မှတ်တမ်းတင်ပေးမှာ ဖြစ်ပါတယ်။  Apple ရဲ့ Animoji လိုမျိုး AR Emoji လည်းပါဝင်လာပါတယ်။ ဒီ AR Emoji မှာ သုံးစွဲသူတွေအနေနဲ့ မိမိနဲ့ ဆင်တူတဲ့ Emoji တွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ဒီ Emoji တွေကို Facebook လိုမျိုး Social Media တွေမှာ ဝေမျှပေးနိုင်မှာဖြစ်ပါတယ်။

Galaxy S9+ မှာ Galaxy Note 8 မှာလိုပဲ Dual Camera ပါဝင်ပါတယ်။ အပိုပါဝင်တဲ့ Telephoto Lens ဟာ F/2.4 ရှိပြီး OIS လည်း ပါဝင်ပါတယ်။ ဒီကင်မရာကို အသုံးပြုပြီး နှစ်ဆ ပိုနီးတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်သလို နောက်ခံပုံရိပ်ကို ဝါးသွားအောင်လုပ်ပေးတဲ့ Bokeh Effect ဖြစ်အောင်လည်း ရိုက်ကူးနိုင်ပါတယ်။ ကင်မရာရဲ့ ဘေးမှာတော့ နှလုံးခုန်နှုန်းတိုင်းတာပေးနိုင်တဲ့ Heart Rate Sensor ပါဝင်ပါတယ်။ ဒီ Sensor ကို ပိုမိုတိတိကျကျ တိုင်းတာနိုင်အောင် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။ Selfie ကင်မရာအတွက်တော့ အပြောင်းအလဲ မရှိဘဲ အရင် Galaxy S8 နဲ့ Galaxy Note 8 မှာလို F/1.7 ရှိတဲ့ 8MP Camera တပ်ဆင်ပေးထားပါတယ်။

Galaxy S9 နဲ့ S9+ ဟာ Samsung ရဲ့ မော်ဒယ်မြင့် ဖုန်းတွေထဲမှာ Stereo Speaker ပါဝင်တဲ့ ဖုန်းတွေ ဖြစ်လာပါတယ်။ ဒီ Stereo Speaker တွေကို AKG က ချိန်ညှိပေးထားပြီး Dolby Atmos ကို ထောက်ပံ့ပေးထားပါတယ်။ ဒါကြောင့် Virtual 360 Surround Sound တွေကို နားဆင်နိုင်မှာဖြစ်ပါတယ်။ ဒီ Speaker ရဲ့ တည်နေရာတွေဟာ ဖုန်းအများစုမှာ တွေ့နေကျပုံစံနဲ့ ဆင်ပါတယ်။ Speaker တဖက်ဟာ ဖုန်းရဲ့ အောက်ခြေ USB C ပေါက်ရဲ့ ဘေးမှာ ရှိပြီး နောက်တခုကတော့ ဖုန်းပြောချိန် နားထောင်တဲ့ Earpiece နေရာမှာ တပ်ဆင်ပေးထားပါတယ်။ Galaxy S9 မှာ 5.8 လက်မရှိတဲ့ Infinity Display ပါဝင်ပြီး Galaxy S9+ အတွက်တော့ 6.2 လက်မရှိတဲ့ Infinity Display ပါဝင်ပါတယ်။

ဒီဖုန်းနှစ်လုံးကို Exynos 9810 နဲ့ Snapdragon 845 တို့တပ်ဆင်ပေးထားပါတယ်။ ဈေးကွက်ပေါ်မူတည်ပြီး ဒီ Chip တွေကို ရရှိနိုင်မမှု ကွာခြားသွားမှာဖြစ်ပါတယ်။ Chip နှစ်ခုလုံးဟာ 10nm ပေါ် အခြေခံပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Galaxy S9+ မှာ 6GB RAM ပါဝင်ပြီး Galaxy S9 မှာတော့ 4GB RAM ပါဝင်ပါတယ်။ Storage မနေနဲ့ 64GB ကနေ စတင်ရရှိနိုင်မှာဖြစ်ပြီး  128GB နဲ့ 256GB တို့နဲ့လည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် microSD Card ကနေ 400GB အထိ ထပ်မံတိုးမြှင့်အသုံးပြုနိုင်ပါတယ်။ တချို့ဈေးကွက်တွေအတွက် Dual SIM နဲ့ ရရှိနိုင်မှာဖြစ်ပြီး ဒီအတွက် Hybrid slot ပါဝင်ပါတယ်။ ဘက်ထရီအနေနဲ့ S8 နဲ့ S8+ တို့မှာ ပါဝင်တဲ့ အတိုင်းဖြစ်ပြီး 3000mAh နဲ့ 3500mAh အသီးသီး ပါဝင်ပါတယ်။ ရေနဲ့ ဖုံတွေကို ကာကွယ်ပေးနိုင်ပြီး IP68 Certification ရရှိထားပါတယ်။

ဒီဖုန်းတွေမှာ Android 8.0 Oreo ပါဝင်လာပြီး Samsung Experience 9.0 UX နဲ့ ပေါင်းစပ်ပေးထားပါတယ်။ Intelligent Scan ဆိုတဲ့ Feature တခု ပါဝင်လာပြီး ဒီ Feature ဟာ Iris Scanner နဲ့ Facial Recognition တို့ကို ပေါင်းစပ်ပြီး ဖုန်းကို Unlock လုပ်တာ Samsung Pay အတွက် အတည်ပြုပေးတာတွေအတွက် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ Dedicated Fingerprint ဆိုတဲ့ Feature ကတော့ မိမိအတွက် အရေးကြီးတဲ့ အချက်အလက်တွေကို Secure Folder ထဲမှာ ထည့်သွင်းသိမ်းထားတဲ့အခါ Phone ကို Unlock လုပ်တဲ့ Fingerprint နဲ့ မဟုတ်ဘဲ တခြား မိမိသတ်မှတ်ထားတဲ့ Fingerprint နဲ့ Lock/Unlock လုပ်ပေးနိုင်မှာဖြစ်ပါတယ်။ Volume ခလုတ်ရဲ့ အောက်မှာ Bixy Button ပါဝင်ပြီး အလွယ်တကူ Bixy ကို ခေါ်ယူအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Galaxy S9 အနေနဲ့ Major Software Update နှစ်ကြိမ်ခန့် ရရှိနိုင်မယ်လို့ ယူဆရပါတယ်။

Galaxy S9 နဲ့ S9+ ကို မတ်လ ၁၆ ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ကတော့ Midnight Black, Titanium Gray, Coral Blue နဲ့ Lilac Purple လေးမျိုးရရှိနိုင်ပါတယ်။ ဒါပေမယ့် ဈေးကွက်အလိုက် အရောင်ရရှိနိုင်မှု ကွဲပြားနိုင်ပါတယ်။ Samsung အနေနဲ့  အဆင့်မြှင့်ပေးထားတဲ့ DeX Pad ကိုလည်း အတူ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီ DeX Pad ကို အလျားလိုက် ထားရှိအသုံးပြုနိုင်ပြီး ဖုန်းကို Keyboard နဲ့ Touchpad အနေနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Headphone Jack အသုံးပြုပြီးလည်း Audio Output အတွက်အသုံးပြုနိုင်ပါတယ်။

Exit mobile version