Huawei P20 Lite ရဲ့ ဓာတ်ပုံတွေ ပေါ်ထွက်

Huawei ဟာ P20 Series ကို မတ်လ ၂၇ ရက်နေ့မှာ မိတ်ဆက်ပေးမှာဖြစ်ပေမယ့် သတင်းပေါက်ကြားချက် မျိုးစုံ ထွက်ပေါ်ခဲ့ပြီး ဖြစ်ပါတယ်။ ခုနောက်ဆုံးရရှိတာကတော့ ဘေးဘောင်မပါတော့သလောက်နီးပါးဖြစ်တဲ့ P20 Lite ရဲ့ ပုံတွေ ထပ်မံရရှိခဲ့တာပါ။

Huawei P20 Lite မှာ 5.84 လက်မရှိတဲ့ Display ပါဝင်ပြီး Resolution အနေနဲ့ 2280×1080 pixels ရှိမယ်လို့ ယူဆရပါတယ်။ Octa-Core 2.36 GHz ရှိတဲ့ Kirin 659 CPU ကို အသုံးပြုထားဖို့ များပါတယ်။

နောက်ကျောဘက်မှာ Dual Camera ပါဝင်ပြီး 16MP နဲ့ 2MP အသီးသီးပါဝင်ပါမယ်။ နောက်တခုက Android 8.0 Oreo ကို အခြေခံထားတဲ့ EMUI 8.0 ပါဝင်မယ်လို့ ဆိုပါတယ်။

ဥရောပမှာ Euro 369 ကျသင့်နိုင်ပြီး Euro 679 ကျသင့်တဲ့ ပုံမှန် Huawei P20 ဈေးရဲ့ တဝက်ခန့်သာ ရှိပါတယ်။

 

 

Source
GSMArena
Exit mobile version