မြန်မာဘာသာ အပါအဝင် ဘာသာစကား ၃၉ မျိုး Google Map မှာ ထပ်မံထည့်သွင်း

Google အနေနဲ့ သူ့ရဲ့ မြေပုံဝန်ဆောင်မှုတခုဖြစ်တဲ့ Google Map မှာ ဘာသာစကား အသစ် ၃၉ မျိုး ထပ်မံ ထည့်သွင်းပေးခဲ့ပါတယ်။ Google ရဲ့ အဆိုအရ ဒီဘာသာစကား ၃၉ မျိုးကို လူပေါင်း ၁.၂၅ ဘီလျံက ပြောဆိုသုံးစွဲနေကြတယ်လို့ ဆိုပါတယ်။

Google Map ကို မြန်မာဘာသာဖြင့် တွေ့မြင်ရပုံ

ဒီ ဘာသာစကား အသစ်တွေထဲမှာ မြန်မာစာ အပါအဝင် Afrikaans, Albanian, Amharic, Armenian, Azerbaijani, Bosnian, Croatian, Czech, Danish, Estonian, Filipino, Finnish, Georgian, Hebrew, Icelandic, Indonesian, Kazakh, Khmer, Kyrgyz, နဲ့ Lao တို့ပါဝင်သလို Latvian, Lithuanian, Macedonian, Malay, Mongolian, Norwegian, Persian, Romanian, Serbian, Slovak, Slovenian, Swahili, Swedish, Turkish, Ukrainian, Uzbek, Vietnamese နဲ့ Zulu ဘာသာစကားတွေလည်း ပါဝင်ပါတယ်။

 

Exit mobile version