1TB ရှိတဲ့ Smartphone Storage Chip ကို Samsung ကြေငြာ

Samsung အနေနဲ့ ပထမဆုံးသော 1TB eUFS 2.1 (embedded Universal Flash Storage) ကို ကြေငြာခဲ့ပါတယ်။ ဒီ Chip ကို အမြောက်အများ ထုတ်လုပ်နေပြီဖြစ်ပြီး လာမယ့် စမတ်ဖုန်းအမြင့်တွေမှာ ဒါကို တွေ့မြင်ရဖို့ရှိပါတယ်။ ပထမဦးဆုံးအဖြစ် Galaxy S10+ မှာ ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။

ဒီ 1TB eUFS Chip အသစ်ဟာ အရွယ်အစားအနေနဲ့ အရင် 512GB Chip ရဲ့ အရွယ်အစား (11.5 x 13mm ) နဲ့ အတူတူပဲဖြစ်ပြီး V-NAND Flash Memory အလွှာ ၁၆ ခုကို Controller အသစ်နဲ့အတူ အထပ်လိုက်ပေါင်းထည့်ထားတာကြောင့် သိုလှောင်မှုအနေနဲ့ နှစ်ဆ ပိုများလာတာ ဖြစ်ပါတယ်။

ဒီ Chip အသစ်တွေရဲ့ Sequential Read Speed အနေနဲ့ 1000 MB/s အထိ ရှိပြီး Sequential Write Speed အနေနဲ့ 260 MB/s ထိ ရှိပါတယ်။ ဒါဟာ ပုံမှန် SATA SSD တခုရဲ့ 540 MB/s Speed ထက် ပိုသာပါတယ်။ အရင် 512GB Storage Chip နဲ့ ယှဉ်မယ်ဆိုရင် 38% ပိုမိုမြန်ဆန်လာတာပါ။

MemorySequential ReadSequential WriteRAndom ReadRandom Write
1TB eUFS 2.11000 MB/s260 MB/s58,000 IOPS50,000 IOPS
512GB eUFS 2.1860 MB/s255 MB/s42,000 IOPS40.000 IOPS
256GB UFS Card530 MB/s170 MB/s40,0000 IOPS35.000 IOPS
256 eUFS 2.0850 MB/s260 MB/s45,000 IOPS40,000 IOPS
128GB eUFS 2.0300 MB/s150 MB/s19,000 IOPS14,000 IOPS
Via
GSM Arena
Source
Samsung Newsroom
Exit mobile version