5.4 လက်မ iPhone 12 ရောင်စုံ Concept ဓာတ်ပုံများ ထွက်ပေါ်

ထွက်ပေါ်လာသော သတင်းများကို အခြေခံကာ စိတ်ကူးဖြင့် ပုံဖော်ထားသော ဓာတ်ပုံများသာ ဖြစ်ပါတယ်

ဒီနှစ်မှာ iPhone 12 Model ၄ မျိုး ထွက်လာမယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲ့ဒီ ၄ မျိုးထဲမှာမှ iPhone 11 နေရာကို အစားထိုးမယ့် Model ၂ မျိုး ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ iPhone 4 ဒီဇိုင်းကို နမူနာယူပြီး ခပ်ဆင်ဆင် ထွက်ပေါ်လာမယ်ဆိုတဲ့ ဒီ iPhone 12 ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ ဒီဇိုင်းပုံကို Svetapple က သရုပ်ဖော်ထားတဲ့ ပုံတွေကို ဖန်တီးပြခဲ့ပါတယ်။ ဒါကိုကြည့်ပြီး iPhone 12 ဘယ်လိုပုံစံရှိမလဲဆိုတာ အနည်းငယ်ပုံဖော်မှန်းဆလို့ ရလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ထွက်ပေါ်ထားတဲ့ ကောလဟာလ သတင်းတွေအရ ဒီနှစ်မှာ ထွက်မယ့် iPhone တွေရဲ့ ဘေးအနားတွေဟာ iPhone 4 နဲ့ iPhone 5 မှာလိုမျိုး ပြားနေတဲ့ ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ ဆိုပါတယ်။ ဘယ်အရောင်တွေနဲ့ ထွက်လာမလဲဆိုတာ သေချာမသိရသေးပေမယ့် iPhone 11 မှာလိုပဲ iPhone 12 အနေနဲ့ အရောင်မျိုးစုံနဲ့ ပွဲထွက်လာဦးမယ်လို့ ယူဆရပါတယ်။ iPhone 12 Pro ကတော့ iPhone 11 Pro တုန်းကလိုပဲ သီးသန့် အရောင်တွေနဲ့ ထွက်လာဖို့ ရှိပါတယ်။

Svetapple ရဲ့ ပုံဖော်ထားတဲ့ ဒီ iPhone 12 Concept ပုံတွေကို ကြည့်မယ်ဆိုရင် အရင် iPhone 11 လိုမျိုး ရွေးချယ်စရာ အရောင် ၇ ရောင်ရှိတာ တွေ့ရပါတယ်။ ကိုယ်ထည်အနေနဲ့ကတော့ iPhone 11 လို ကွေးနေတဲ့ အနားဘောင်တွေနဲ့ မဟုတ်ဘဲ ပြန့်နေတာကို တွေ့ရမှာပါ။ ဘယ်လိုပုံစံနဲ့လာမလဲ သေချာမသိရသေးတာကတော့ FaceID တို့ ကင်မရာတို့ တပ်ဆင်ထားတဲ့ Notch အနားစွန်းနေရာလေးပဲဖြစ်ပါတယ်။ တချို့သတင်းတွေအရ Apple အနေနဲ့ ဒီ Note ရဲ့ ဆိုဒ်ကို သိသိသာသာ လျှော့ချလိမ့်မယ်လို့ ဆိုနေကြသလို တချို့သတင်းတွေအရ အရင်ကအတိုင်း အတူတူပဲ ရှိနေဦးမယ်လို့လဲ ဆိုကြပြန်ပါတယ်။ ဖြစ်နိုင်ချေရှိတာကတော့ ဒီနှစ် iPhone ရဲ့ Notch ဟာ အရင်နှစ်ကလို သိပ်ပြောင်းလဲဦးမှာမဟုတ်ပါဘူး။

သတင်းတွေအရ iPhone 12 အနေနဲ့ ဆိုဒ် ၂ မျိုးန‌ဲ့ ရရှိနိုင်ပြီး ပထမ တမျိုးကတော့ ၅.၄ လက်မရှိမှာဖြစ်ပြီး ဒုတိယတမျိုးကတော့ ၆.၁ လက်မရှိမယ်လို့ ဆိုပါတယ်။ iPhone 12 Pro အနေနဲ့ကတော့ ၆.၁ လက်မန‌ဲ့ ၆.၇ လက်မဆိုပြီး ၂ မျိုးလာမယ်လို့ သိရပါတယ်။ Model ၄ မျိုးလုံးမှာ OLED Display နဲ့ 5G ပါဝင်မယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။

Source
Svetapple
Exit mobile version