Apple October Event မှာ ဘာတွေ မျှော်လင့်နိုင်မလဲ

Apple အနေနဲ့ လာမယ့် October 13 မှာ Apple Event တခု ရှိတဲ့အကြောင်း တရားဝင် ကြေငြာခဲ့ပါတယ်။ ဒီ Event ဟာ အားလုံးက မျှော်လင့်ထားကြတဲ့ iPhone 12 မျိုးဆက်ကို မိတ်ဆက်ပေးမယ့် ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ဘယ်လို iPhone တွေနဲ့ တခြား ဘာပစ္စည်းတွေ မိတ်ဆက်ပေးမယ်လို့ မျှော်လင့်နိုင်မလဲ။

ဒီ Event ရဲ့ နာမည်ကို “Hi, Speed” လို့ နာမည်ပေးထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သတင်းတွေထွက်ပေါ်ခဲ့တဲ့အတိုင်း iPhone 12 တွေအကုန်လုံးမှာ 5G ကို Support ပေးမယ်ဆိုတာ ဖြစ်နိုင်ချေ ရှိတယ်လို့ ယူဆရမှာပါ။ ဒါ့အပြင် Apple ရဲ့ A14 Chip ဟာလည်း တော်တော်လေး မြန်ဆန်မယ်လို့ ထင်ကြေးတွေ ပေးနေကြပါတယ်။ ဒီ A14 Chip ကို အရင်လက ကျင်းပခဲ့တဲ့ ပွဲမှာ မိတ်ဆက်ပေးခဲ့တဲ့ iPad Air မှာလည်း ထည့်သွင်းတပ်ဆင်ပေးထားပါသေးတယ်။

ဒီနှစ်မှာတော့ iPhone 12 အမျိုးအစား ၄ မျိုး မိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဒီထဲကမှာ စျေးသက်သာတဲ့ Model ၂ မျိုးဖြစ်တဲ့ 5.4 လက်မ iPhone 12 နဲ့ 6.1 လက်မ iPhone 12 Max တွေမှာ နောက်ကျောဘက် ကင်မရာနှစ်လုံးသာ ပါဝင်မှာဖြစ်ပြီး iPhone 12 Pro နဲ့ iPhone 12 Pro Max တွေမှာတော့ ကင်မရာ ၃ လုံးနဲ့အတူ LiDAR Scanner လည်း ပါဝင်မယ်လို့ ဆိုပါတယ်။ ဒီနှစ်မှာထွက်ရှိမယ့် iPhone 12 အားလုံးမှာ OLED Display တွေကိုပဲ တပ်ဆင်ပေးထားမယ်လို့လည်း သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ဒီဇိုင်းပိုင်းအနေနဲ့ကတော့ ဘေးဘောင်တွေပြားထားတဲ့ iPhone 4, iPhone 5 တို့လို ဒီဇိုင်းနဲ့ ထွက်လာမယ်လို့ ဆိုနေကြပါတယ်။ အသစ်ထွက်မယ့် iPhone 12 တွေမှာ နာမည်ကိုလည်း အနည်းငယ်ပြောင်းထားတယ်လို့ဆိုပါတယ်။

ထွက်လာတဲ့သတင်းတွေအရ ဒီ iPhone 12 တွေရဲ့ နာမည်တွေကတော့

Apple အနေနဲ့ ဒီ iPhone 12 Lineup တခုလုံးကို ဒီပွဲမှာ မိတ်ဆက်ပေးမှာဖြစ်ပေမယ့် ဝယ်လို့ရနိုင်မယ့်အချိန်ကတော့ တူမှာမဟုတ်ဘူးလို့ သတင်းတွေ ထွက်နေပါတယ်။ အထူးသဖြင့် iPhone 12 Pro Max နဲ့ iPhone 12 Pro ကိုဝယ်ယူလို့ရနိုင်မယ့်အချိန်ဟာ နောက်ကျနိုင်တယ်လို့ဆိုပါတယ်။

iPhone 12 Concept Image

ဒီပွဲမှာ iPhone 12 တွေအပြင် နားပေါ်အုပ်ပြီး နားထောင်ရတဲ့ AirPods Studio နားကြပ်ကိုလည်း မိတ်ဆက်ပေးနိုင်ဖွယ်ရှိပါတယ်။ ဒီသတင်းကို ပိုပြီး ခိုင်မာစေနိုင်တာကတော့ Apple Store တွေမှာ ရောင်းချနေတဲ့ တခြားထုတ်လုပ်သူတွေရဲ့ Over-ear နားကြပ်တွေကို ရောင်းချခြင်းမရှိတော့တာဖြစ်ပါတယ်။ ဒါ့အပြင် သော့တွေ၊ ပိုက်ဆံအိတ်တွေလိုမျိုးတွေကို နေရာထားမှားတာ၊ မေ့ကျန်ခဲ့တာ၊ ပျေက်ဆုံးသွားတာတွေဖြစ်ရင် Track လုပ်နိုင်မယ့် ပစ္စည်းလေးတမျိုးဖြစ်တဲ့ AirTag ဆိုတာကိုလည်း မိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ စျေးသက်သာတဲ့ HomePod အသေးစားတခုကိုလည်း မိတ်ဆက်ပေးနိုင်တယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ဒါတွေအားလုံး ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကတော့ လာမယ့် အောက်တိုဘာ ၁၃ ရက်နေ့ထိ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Exit mobile version