ကြားသိရသမျှ SAMSUNG GALAXY Z FILP 3 5G အကြောင်း

Samsung အနေနဲ့ သူရဲ့ Glaxy Smartphones အသစ်တွေကို မကြာခင်မှာ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ လာမယ့် August 11 ရက်နေ့မှာ Galaxy Unpacked Event ကနေ မိတ်ဆက်ပေးတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် ခါတိုင်းလိုပဲ Specification တွေ၊ ဓာတ်ပုံတွေ၊ Marketing Materials တွေ ပေါက်ကြားလာပါတယ်။ ဒီထဲကမှာ Galaxy Z Flip 3 5G ရဲ့ Specifications တွေနဲ့ Brochure တွေလည်း ပါဝင်ပါတယ်။

Galaxy Z Flip 3 မှာ Qualcomm ရဲ့ နောက်ဆုံးထွက် Snapdragon 888 Processor ပါဝင်မှာဖြစ်ပါတယ်။ ဒီဖုန်းမှာ အရင် Z Flip 2 လိုပဲ ခေါက်ချိုး ကွေးလို့ရတဲ့ Display ပါဝင်မှာဖြစ်ပါတယ်။ ခေါက်ထားလိုက်မယ်ဆိုရင် ဖုန်းရဲ့ဆိုဒ်ဟာ 4.2 လက်မပဲ ရှိမှာဖြစ်ပါတယ်။ Display ရဲ့ Size ကတော့ 6.7 လက်မရှိပြီး SuperAMOLED Display ဖြစ်ပါတယ်။ Notifications တွေ ပြသနိုင်ဖို့ နောက်ကျောဘက်မှာ 1.9 လက်မရှိတဲ့ နောက်ထပ်မျက်နှာပြင်တခု ပါဝင်ပါသေးတယ်။

ကင်မရာပိုင်းအနေနဲ့ 12MP ရှိတဲ့ Wide Angle Camera နဲ့အတူ 12MP ရှိတဲ့ Ultra Wide Angle Camera တို့ ပါဝင်မှာဖြစ်ပါတယ်။ ဒါ့အပြင် 10MP ရှိတဲ့ Selfie Camera လည်း ပါဝင်ဦးမှာပါ။ ဒါ့အပြင် Galaxy Z Flip 3 ဟာ IPX8 Rating ရထားတာကြောင့် ရေစိုခံတဲ့ ပထမဆုံးသော ခေါက်နိုင်တဲ့ စမတ်ဖုန်းဖြစ်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ပိုမိုကြီးမားတဲ့ Battery လည်း ပါဝင်လာမှာပါ။

Galaxy Z Flip 3 ကို August 11 မှာ မိတ်ဆက်ပေးမှာဖြစ်ပြီး 128GB Version အတွက် ၁၀၉၉ ယူရိုကျသင့်မှာဖြစ်ပြီး 256GB Version အတွက် ၁၁၄၉ ယူရိုကျသင့်မယ်လို့  သတင်းတွေ ပေါက်ကြားထားပါတယ်။

Source
Giznext
Exit mobile version