Mi Mix 4 ကို Xiaomi ကြေငြာ

Xiaomi အနေနဲ့ Mi Mix 4 ကို ကြေငြာမိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဖုန်းဟာ Mi Mix Series တွေထဲမှာ ထပ်မံထွက်လာဖို့ ၃ နှစ်လောက်ကြာအောင် စောင့်ခဲ့ရတဲ့ ဖုန်းတလုံးဖြစ်ပါတယ်။ ဒီ Mi Mix Series ဟာ ဘေးဘောင်မပါဝင်တဲ့ Bezel-less Design ကို အသားပေးထားတဲ့ အမျိုးအစားဖြစ်ပါတယ်။ Mi Mix 4 ဟာလည်း ဒီဒီဇိုင်းပိုင်းကိုပဲ ဦးတည်ထားပါတယ်။ ဒါ့အပြင် Xiaomi အနေနဲ့ နှစ်အတော်ကြာအောင် လုပ်ဆောင်နေတဲ့ Under Display Selfie Camera ကို မိတ်ဆက်ပေးနိုင်ခဲ့ပါတယ်။

Xiaomi Mix 4

Xiaomi အနေနဲ့ ဒါကို CUP (Camera Under Panel) လို့ ခေါ်ဆိုထားပါတယ်။ ဒါဟာ Selfie ကင်မရာအတွက် Notch တွေ၊ အပေါက်တွေ Display ပေါ်မှာ ရှိနေစရာမလိုတော့ဘဲ ကင်မရာကို Display ရဲ့အောက်မှာ ထည့်သွင်းပေးထားတာဖြစ်ပါတယ်။ ဒီလိုမျိုး နည်းပညာကို Oppo နဲ့ ZTE တို့ကလည်း မိတ်ဆက်ပေးထားပြီး အခု နောက်ဆုံးထွက်ရှိလာတဲ့ Samsung ရဲ့ Galaxy Z Fold 4 မှာလည်း ပါဝင်လာတာ တွေ့ရပါတယ်။ Mix 4 ရဲ့ Screen မှာ 400ppi ရှိတဲ့ နေရာတခုရှိပြီး ဒီထဲကနေတဆင့် အလင်းတွေ ကင်မရာဆီကို ဖြတ်သန်းသွားနိုင်တယ်လို့ ဆိုပါတယ်။ ဒီ Camera အနေနဲ့ 20MP ရှိပြီး Display အနေနဲ့ကတော့ 6.67 လက်မရှိကာ 120Hz 1080P Curved OLED ကို အသုံးပြုထားပါတယ်။

CUP (Camera Under Panel in Mix 4)

Xiaomi ရဲ့ အဆိုအရ ဒီ CUP နည်းပညာဟာ အဓိကမျိုးဆက် ၃ ခုလောက်ကို ဖြတ်သန်းခဲ့ရပြီး အချိန်အားဖြင့် ၅ နှစ်၊ မူပိုင်ခွင့်ပေါင်း ၆၀ နဲ့အတူ ရာနဲ့ချီတဲ့ အင်ဂျင်နီယာတွေအသုံးပြုကာ ဖန်တီးခဲ့ရပြီး ဒေါ်လာ ၇၇ သန်းခန့် ရင်းနှီးမြှုတ်နှံခဲ့ရတယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်က Xiaomi အနေနဲ့ ဒီလိုမျိုး Display အောက်မှာ ကင်မရာပါတဲ့ စမတ်ဖုန်းကို ၂၀၂၁ မှာ အမြောက်အများစတင်ထုတ်လုပ်မယ်လို့ ပြောဆိုထားတဲ့အတွက် ဒါကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ခဲ့တာလို့ ဆိုလို့ရပါတယ်။

Snapdragon 888+ in Mix 4

ဒါ့အပြင် Mi Mix 4 ဟာ Snapdragon 888 Plus Processor ကို အသုံးပြုထားတဲ့ ပထမဆုံး စမတ်ဖုန်းဖြစ်ပါတယ်။ ဒီ Processor ဟာ 888 Chip ကို အဆင့်မြှင့်ထားတဲ့ Version ဖြစ်ပြီး အမြင့်ဆုံး Clock Speed အနေနဲ့ 3GHz ထိ ရရှိနိုင်ပါတယ်။ RAM အနေနဲ့ 8G ဒါမှာ မဟုတ် 12GB အနေနဲ့ ရရှိနိုင်ပြီး Storage အနေနဲ့ 128GB, 256GB နဲ့ 512GB ဆိုပြီး ရရှိနိုင်ပါတယ်။

နောက်ကျောဘက် Main ကင်မရာပိုင်းအနေနဲ့ 108MP ရှိတဲ့ Samsung HMX Senaor ကို အသုံးပြုထားပြီး 13MP Ultra Wide Camera နဲ့ 8MP 5X Periscope Telephoto Camera တို့လည်း ပါဝင်ပါတယ်။

Triple Camera in Mix 4

Battery ပိုင်းအနေနဲ့ 4500mAh ပါဝင်ပြီး 120W အမြန်နှုန်းနဲ့ အားသွင်းနိုင်မှာဖြစ်ပါတယ်။ Wireless အနေနဲ့ 50W အထိ အမြန်နှုန်းနဲ့အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ Xiaomi ရဲ့အဆိုအရ အားအပြည့်သွင်းဖို့ 15 မိနစ်ပဲ ကြာမယ်လို့ဆိုပါတယ်။ 50W Wireless Charging နဲ့ သွင်းပါက အားအပြည့်သွင်းဖို့ ၂၈ မိနစ်ကြာမယ်လို့ ဆိုပါတယ်။

လောလောဆယ်အနေဖြင့် Mi Mix 4 ကို တရုတ်မှာစတင်ရောင်းချမယ်လို့ Xiaomi ရဲ့အဆိုအရ သိရပါတယ်။ Preorder တွေ လက်ခံနေပြီး August 16 ရက်မှာ စတင်ရရှိနိုင်မယ်လို့ဆိုပါတယ်။ စျေးနှုန်းအနေနဲ့  8GB/128GB Model အတွက် ဒေါ်လာ ၇၇၀ ခန့် ကျသင့်နိုင်ပြီး 12GB/512GB Model အတွက် ဒေါ်လာ ၉၇၀ ခန့် ကျသင့်မှာဖြစ်ပါတယ်။

Exit mobile version