iOS 15, iPadOS 15, WatchOS 8 တို့ကို ယနေ့ဖြန့်ချိမည်

Apple ရဲ့ iPhone တွေနဲ့ iPad တွေရဲ့ Operating System တွေဖြစ်တဲ့ iOS 15၊ iPadOS 15 နဲ့ WatchOS 8 တို့ကို September 20 ရက် ဒီည ၁၁:၃၀ ကစပြီး Update လုပ်နိုင်မှာဖြစ်ပါတယ်။

iOS 15 အကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။ iOS 15 ကို Update မပြုလုပ်ခင် မိမိရဲ့ Data များ မတော်တဆ ပျက်စီးသွားတာမျိုးတွေက ကာကွယ်နိုင်ဖို့ iTunes ဒါမှာမဟုတ် iCloud မှာ Backup လုပ်ထားသင့်ပါတယ်။ Update ပြုလုပ်ဖို့အတွက် Battery 50% အထက် ဒါမှမဟုတ် အားသွင်းကြိုးချိတ်ဆက်ထားဖို့ လိုအပ်ပြီး WiFi ရှိနေဖို့လည်း လိုအပ်ပါတယ်။ တကယ်လို့ WiFi မရှိပါကလည်း ဖုန်းရဲ့ Date ကို ရှေ့ တပတ်ခန့်ပြောင်းပြီး (ဥပမာ 27.9.2021) Restart ချလိုက်ပါက Mobile Data နဲ့ Software Update ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

iOS 15 ၊ iPadOS 15 နဲ့ WatchOS 8 တို့ကို Update ပြုလုပ်နိုင်မယ့် Device များစာရင်းကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

Exit mobile version