Call-Recording App တွေကို Google ပိတ်ပင်နေ

Google အနေနဲ့ Call-Recording App တွေကို Play Store ကနေ ဖယ်ရှားပစ်တော့မယ်လို့ဆိုပါတယ်။ Android Developer တွေ သူ့တို့ရဲ့ Call Recording App တွေမှာ အသုံးပြုနေတဲ့ Accessibility API အတွက် Policy အသစ်ကို မေလ ၁၁ ရက်နေ့မှာ မိတ်ဆက်ခဲ့ပြီး အဲ့ဒီထဲမှာ Call Recording အတွက် အသုံးမပြုဖို့ ပါဝင်ပါတယ်။

“Accessibility API ဟာ Call Audio Recording တွေပြုလုပ်နိုင်ဖို့ ဖန်တီးထားတာမဟုတ်သလို အဲ့လိုလုပ်ဖို့လည်း မတောင်းဆိုနိုင်ဘူး” လို့ ဆိုထားပါတယ်။ Google ရဲ့ ပြောဆိုချက်ဟာ Call Recording လုပ်ဖို့ ဒီ API ကို အသုံးပြုနေတဲ့ Developers တွေအတွက် အံ့အားသင့်စေခဲ့ပါတယ်။ Google ရဲ့ အဆိုအရ Call Recording လုပ်ဆောင်ချက်ကို Android ဖုန်းမှာအစကတည်းက ပါဝင်လာတဲ့ Call Dialer ( Phone App ) ကနေပဲ လုပ်ဆောင်နိုင်ပြီး Play Store ပေါ်တင်ထားတဲ့ တခြား ဘယ် Application မဆို တဘက်ကဖုန်းပြောနေသူက အသံဖမ်းထားမှန်းမသိနိုင်ရင် Call Recording လုပ်ဆောင်ချက်ကို မပေးနိုင်ဘူးလို့ဆိုပါတယ်။

Call Recording App တွေ ထုတ်လုပ်နေတဲ့ NILL-APPS ရဲ့ အဆိုအရ ဖုန်းနဲ့ အတူပါလာတဲ့ Phone Application နဲ့ Google က ထုတ်တဲ့ Phone Application တွေကပဲ ဖုန်းပြောတဲ့ အသံ Call Audio ကို ယူငင်သုံးစွဲနိုင်ပြီး တခြား Application တွေအနေနဲ့ ဒီ Call Audio တွေကို Access လုပ်ခွင့်မရှိဘူးလို့ဆိုပါတယ်။ ဒီအပြောင်းအလဲဟာ Play Store ပေါ်က Call-Recording App တွေရဲ့ အဆုံးသတ် ဖြစ်လာနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ဒီ Call-Recording App တွေရဲ့ Play Store ပေါ်က Version ဟာ အရင်ကလို အသံဖမ်းနိုင်တဲ့ လုပ်ဆောင်ချက်တွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်တော့မှာ မဟုတ်ပါဘူး။

Google အနေနဲ့ Android ပေါ်မှာ Call Recording တွေကို တားဆီးဖို့ လုပ်ဆောင်နေတာ ကြာပြီ ဖြစ်ပါတယ်။ Android 6 ကစပြီး Real Call Recording ကို Access လုပ်ခွင့် ပိတ်ပင်ခဲ့ပြီး Android 10 မှာတော့ Microphone ကနေ Call Recording လုပ်ခွင့်ကိုပါ အပြီး ပိတ်ပင်ခဲ့ပါတယ်။ ဒါကို ဖြေရှင်းဖို့အတွက် Developer တွေအနေနဲ့ Accessibility API ကို အသုံးပြုလာကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ ဒီ Accessibility API ကို သုံးပြီး Call Recording လုပ်ခွင့်ကို ပိတ်ပင်လိုက်တာကြောင့် Play Store ပေါ်မှာ Call-Recording App တွေကို တင်ခွင့်ရတော့မှာမဟုတ်ပါဘူး။ အထူးသဖြင့် Accessibility API ကို အသုံးပြုထားတဲ့ Call-Recording App တွေ တင်ခွင့်ရမှာ မဟုတ်ပါဘူး။ ဒါပေမယ့် Developer တွေအနေနဲ့ တခြား Android App Store တွေ၊ ဒါမှာမဟုတ် Apk ဖိုင်တွေကို တခြားနေရာတွေကနေ မျှဝေဖြန့်ချိနိုင်သေးတာမို့ Call-Recording App တွေ လုံး၀ပျောက်ကွယ်သွားဦးမှာတော့ မဟုတ်ပါဘူး။ အရင်လို Play Store ပေါ်မှာ အလွယ်တကူ ရနိုင်တော့မှာလည်း မဟုတ်ပါဘူး။

ဒါပေမယ့် Google အနေနဲ့ Android ဖုန်းမှာ တပါတည်းပါဝင်လာတဲ့ Phone App (Dialer App) တွေအနေနဲ့ Call Recording လုပ်ဆောင်ချက်ကို ရရှိနိုင်တယ်လို့ ပြောဆိုထားတဲ့အတွက် Samsung, Xiaomi, Vivo, Oppo တို့လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေက တပါတည်း ထည့်သွင်းပေးမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ Call Recording တွေ ဖမ်းယူရရှိနိုင်ဦးမယ်လို့ ယူဆရပါတယ်။

Via
PCMag
Source
Google Developer ProgramNLL-APPS
Exit mobile version