FeaturedNewsUncategorized

Mobile Phone တွကို လျှပ်စီးလက်နေချိန် သုံးရင် မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတာ မှားပါတယ်

တာဝန်ရှိသူတွေရဲ့ အဆိုအရ ကုန်းမြင့်ပေါ်မှာ၊ ကွင်းပြင်ထဲမှာ၊ ရေတွေအနား ဒါမှမဟုတ် ကြီးမားတဲ့ သတ္တုကိုယ်ထည်အဆောက်အဦတွေ ရှိတဲ့အနား၊ နောက် သစ်ပင်တွေအနားမှာ ရှိနေတဲ့ မည်သူမဆိုဟာ မိုးကြိုးပစ်ခံရဖို့ အန္တရာယ် များပါတယ်။ ဒီအချက်တွေက Mobile Phone ကို အသုံးပြုတာထက် ပိုပြီးတော့ အဓိကကျပါတယ်။

“ Mobile Phone တွေကြောင့် မိုးကြိုးပစ်ခံရတဲ့ အန္တရာယ်ဖြစ်တာမရှိပါဘူး။ မိုးကြိုးပစ်လို့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေထဲမှာ Mobile Phone အသုံးပြုနေတဲ့ လူတွေ ပါဝင်ပေမယ့် ဒါတွေဟာ နေရာတိုင်းမှာ Mobile Phone သုံးစွဲမှုတွေရှိနေပြီး သုံးစွဲသူတွေရဲ့ ရာသီဥတုအခြေအနေတွေကို သတိမပြုတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။ Mobile Phone ကြောင့် ဖြစ်တာမျိုး တစုံတရာ မရှိပါဘူး “

အချို့လူတွေ သတ္တုတွေဟာ လျှပ်စီးကို ဆွဲဆောင်နိုင်တာကြောင့် Mobile Phone တွေကို အဆောက်အဦအပြင်ဘက်တွေ ကွင်းပြင်တွေမှာ အသုံးပြုတဲ့အခါ အန္တရာယ်များတယ်လို့ ယူဆကြပါတယ်။ တကယ်တော့ ဖုန်းမှာပါတဲ့ သတ္တုတွေဟာ ပြောပလောက်အောင် မများပါဘူး။

Mobile Phone တွေဟာ Low Power Device တွေဖြစ်တာကြောင့် လျှပ်စီးတွေကို ဆွဲဆောင်နိုင်တဲ့ အရာတွေ မပါဝင်ပါဘူး။

2006 ခုနှစ်မှာ BBC News နဲ့ British Medical Journal က သတင်းကို လူတွေ စိတ်ဝင်စားမှု မြင့်တက်လာပြီး နောက်ပိုင်းမှာတော့ US National Oceanic and Atmospheric Administration ( NOAA ) ကနေ Mobile Phone တွေဟာ လျှပ်စီးတွေကို မဆွဲဆောင်နိုင်ဘူးဆိုတဲ့အကြောင်း ကြေငြာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။
“ Cell Phone တွေ၊ သေးငယ်တဲ့ သတ္တုတွေနဲ့ လက်ဝတ်ရတနာတွေဟာ မိုးကြိုးပစ်တာကို မဆွဲဆောင်နိုင်ပါဘူး။ မိုးကြိုးလျှပ်စီးက ပိုရှည်တဲ့ အရာဝတ္ထုတွေကိုပဲ ပစ်ခတ်တတ်တာပါ။” လို့ ထုတ်ပြန်ခဲ့ပါတယ်။ တနည်းအားဖြင့် ပိုမြင့်တဲ့ အရာဝတ္ထုတွေကပဲ မိုးကြိုးကို ဆွဲဆောင်နိုင်တာပါ။ သတ္တုတွေဟာ မိုးကြိုးကို မဆွဲဆောင်နိုင်ပါဘူး။ ဒါပေမယ့် မိုးကြိုးပစ်တဲ့အခါမှာ လျှပ်စစ် စီးဝင်နိုင်တဲ့အတွက် မီးရထားလမ်းလို သတ္ထုတွေအများအပြားရှိတဲ့နေရာနားမှာ မနေသင့်ပါဘူး။

Mobile Phone တွေက မိုးကြိုးပစ်တာကို ဆွဲဆောင်နိုင်တယ်ဆိုတဲ့ အယူအဆဟာ လွန်ခဲ့တွေ နှစ်တွေဆီက အင်တာနက်ပေါ်မှာ နောက်ပြောင်ကျီစယ်ကြရာကနေ အခုအခါမှာ တကယ့် ပုံပြင်တစ်ပုဒ်လို ဖြစ်လာခဲ့ပါတယ်။
ဒီသတင်းမှားကို Chicago မှာရှိတဲ့ Illinois တက္ကသိုလ်၊ Departments of Emergency Medicine and Bioengineering က တွဲဖက်ပါမောက္ခ Dr. Mary Ann Cooper က မိုးကြိုးနဲ့ပတ်သက်တဲ့ အနာတရဖြစ်မှုတွေအကြောင်း စာတမ်းမှာ ထောက်ပြခဲ့ပြီးနောက် ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူတွေကပါ သတိထားမိလာခဲ့ပါတယ်။
သူမ ထောက်ပြခဲ့တာက “ Mobile Phone တွေကြောင့် မိုးကြိုးပစ်ခံရတဲ့ အန္တရာယ်ဖြစ်တာမရှိပါဘူး။ မိုးကြိုးပစ်လို့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေထဲမှာ Mobile Phone အသုံးပြုနေတဲ့ လူတွေ ပါဝင်ပေမယ့် ဒါတွေဟာ နေရာတိုင်းမှာ Mobile Phone သုံးစွဲမှုတွေရှိနေပြီး သုံးစွဲသူတွေရဲ့ ရာသီဥတုအခြေအနေတွေကို သတိမပြုတဲ့အတွက်ကြောင့်သာ ဖြစ်ပါတယ်။ Mobile Phone ကြောင့် ဖြစ်တာမျိုး တစုံတရာ မရှိပါဘူး။ “ လို့ ပြောကြားခဲ့ပါတယ်။

ကြိုးဖုန်းတွေကသာ မိုးကြိုးပစ်ခံရနိုင်တဲ့ အန္တရာယ်ရှိပြီး Mobile Phone တွေမှာ အဲ့ဒီအန္တရာယ် မရှိတဲ့အကြောင်း Dr.Cooper က ထပ်မံရှင်းလင်းခဲ့ပါသေးတယ်။

နောက်တခုပြောကြတာက Australian Lightning Protection Standard မှာ မုန်းတိုင်းအတွင်း Mobile Phone တွေကို အသုံးမပြုသင့်ဘူးလို့ အကြံပြုထားတယ်ဆိုတဲ့ သတင်းပါ။ ဒီသတင်းကို 2006 ခုနှစ်မှာ ထုတ်ဝေတဲ့ British Medical Journal မှာ မှားယွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ ဒီသတင်းပါ စံသတ်မှတ်ချက် (AS/NZS 1768-2003) မှာ ဒီလိုမျိုး အကြံပြုချက် မပါဝင်ခဲ့ပါဘူး။ တကယ်တမ်းမှာက ဒီစံသတ်မှတ်ချက်ထဲမှာ မုန်းတိုင်းဖြစ်ပေါ်နေစဉ်အတွင်း ကြိုးဖုန်းတွေဟာ အန္တရာယ်များတဲ့အတွက် အသုံးမပြုသင့်ဘဲ Mobile Phone တွေကိုသာ သုံးစွဲဖို့ အကြံပြုထားတာပါ။
တစုံတယောက် မိုးကြိုးပစ်ခံရချိန်မှာ အရေးပေါ် ဖုန်းခေါ်ဆိုနိုင်ဖို့ Mobile Phone ရှိမနေတာကပဲ တကယ်ကို အန္တရာယ်များတဲ့ အချက်ဖြစ်ပါတယ်။

**** (P.S Mobile Phone ကြောင့် မိုးကြိုးပစ်ခံရတယ်ဆိုတဲ့ Post ကို တွေ့ပြီး သူငယ်ချင်းတွေရော ရှယ်နေကြတာမြင်လို့ ဒီစာကို ဘာသာပြန်ရေးဖြစ်တာပါ။ မှားနေတာကို မှားတဲ့အကြောင်း ရှင်းပြချင်ရုံသက်သက်ပါ။ အိမ်က မိဘတွေကိုယ်တိုင်က မိုးရွာရင် ဖုန်းပိတ်ကြပြီး တခြားသူတွေကိုလည်း ပိတ်ဖို့ ပြောတတ်ကြကိုယ်တွေ့ပါ။ ဒါကြောင့် Google မှာ ရှာဖတ်ရင်း Mobile Phone ကြောင့် မိုးကြိုးပစ်ခံရတယ်ဆိုတဲ့အကြောင်း တစ်ခုမှလည်း ရှာမတွေ့ခဲ့ပါဘူး။ ဘာသာပြန်တဲ့နေရာမှာ Reference လုပ်ထားတဲ့ Website တွေကိုလည်း သွားဖတ်လို့ရပါတယ်။ အစောက မိုးကြိုးအကြောင်းပါ ရေးမလို့ဟာ မိုးလေ၀သအသုံးအနှုန်းတွေကို နားလည်အောင် ဘာသာပြန်ဖို့ အခက်အခဲရှိလို့ ဒီလောက်ပဲ ရေးလိုက်တာပါ။ တစုံတရာ လွဲချော်ခဲ့ရင် ကျွန်တော့်လိုအပ်ချက်လို့မှတ်ယူပေးပါ။ ပြောချင်တာကတော့ Mobile Phone ကြောင့်တော့ မိုးကြိုးပစ်ခံရနိုင်တယ်ဆိုတာ လုံးဝမဟုတ်တဲ့အကြောင်း သိစေချင်တာပါ။)

Reference – 
1. National Weather Service (NOAA)

2. Australian Mobile Telecommunication Association 

3. BBC News from 2006 (#Misinformation) သတင်းမှား

Photo: Reddit

Back to top button