AppleNews

သင့်မှာ အဖျားရှိနေလားဆိုတာ Apple Watch Series 8 က ပြောပြပေးနိုင်တော့မည်

စက်တင်ဘာလဆီ ရောက်ဖို့ နီးလာတာနဲ့ အမျှ Apple နဲ့ ပတ်သက်တဲ့ သတင်းတွေလည်း တော်တော်များများ ကြားလာရပါတယ်။ ဒီတခါ နောက်ဆုံး ကြားရတဲ့ သတင်းတခုကတော့ Apple Watch Series 8 နဲ့ ပတ်သက်တဲ့ဟာပါ။ လွန်ခဲ့တဲ့ April တုန်းက Apple Watch Series 8 မှာ ခန္ဓာကိုယ် အပူချိန်တိုင်းတာပေးနိုင်မယ့် Sensor ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

Apple အနေနဲ့ ဒီလုပ်ဆောင်ချက်ကို စမ်းသပ်နေရာမှာ တကယ်လို့ စမ်းသပ်တာအောင်မြင်ခဲ့ရင် Series 8 မှာ ပါဝင်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို Bloomberg ရဲ့ Mark Gurman က ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

Apple Watch Series 8 မှာ ပါဝင်လာနိုင်တဲ့ ဒီ Body-Temperature Detection လုပ်ဆောင်ချက်ဟာ ပုံမှန် သာမိုမီတာတွေလို၊ ECG လုပ်ဆောင်ချက်လိုမျိုး ခန္ဓာကိုယ်အပူချိန်ကို တိုင်းတာပြီး ပြသပေးမှာမျိုးမဟုတ်ဘဲ အသုံးပြုသူမှာ အဖျားတမျိုးမျိုး ရှိနိုင်တယ်လို့ ယူဆချိန်မှာ အချက်ပြပေးမှာဖြစ်သလို ဆရာဝန်နဲ့ ပြသဖို့၊ ဒါမှမဟုတ် တကယ့်သာမိုမီတာနဲ့ တိုင်းတာကြည့်ဖို့ အကြံပေးနိုင်မယ်လို့ဆိုပါတယ်။ ဒီ Body-Temperature Detection လုပ်ဆောင်ချက်ဟာ Apple Watch Series 8 နဲ့ ဒီနှစ်မှာ အသစ်ထွက်ရှိလာမယ်လို့ဆိုတဲ့ အကြမ်းခံတဲ့ Apple Watch အမျိုးအစားသစ် နှစ်ခုလုံးမှာ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Apple Watch SE2 မှာတော့ ဒီလုပ်ဆောင်ချက် ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒါ့အပြင် Series 6 မှာ အသုံးပြုခဲ့တဲ့ Processor ကိုပဲ တတိယမြောက်နှစ်အဖြစ် ဆက်လက်အသုံးပြုမှာဖြစ်တယ်လို့ဆိုပါတယ်။ ဒီဇိုင်းပိုင်းဆိုင်ရာ အနေနဲ့လည်း ကြီးကြီးမားမားပြောင်းလဲသွားမှာမဟုတ်ဘူးလို့ Mark Gurman က ဆိုထားပါတယ်။

,
Via
Macrumors9to5Mac
Source
Power On Newsletter
Back to top button