NewsSamsung

Galaxy Z Fold4, Z Flip4 နဲ့ Galaxy Watch 5 Pro တို့ ကို Samsung မိတ်ဆက်

Galaxy Watch 5 နဲ့ Galaxy Buds 2 Pro တို့ကိုပါ မိတ်ဆက်ခဲ့ပါတယ်

August 10 ရက်နေ့က ကျင်းပခဲ့တဲ့ Samsung Galaxy Unpacked 2022 ပွဲမှာ သူ့ရဲ့ ထုတ်ကုန်သစ်တွေကို မိတ်ဆက်ခဲ့ပြီး ဒီထဲမှာ Galaxy Z Fold 4, Z Flip 4, Galaxy Watch 5, Galaxy Watch 5 Pro နဲ့ Galaxy Buds 2 Pro တို့ ပါဝင်ပါတယ်။ ဒီပွဲမှာမိတ်ဆက်ခဲ့တဲ့ Z Fold 4 နဲ့ Z Flip 4 တို့ဟာ အရင် Z Fold 3 နဲ့ Z Flip 3 တို့ထက် အရမ်းကြီး သိသိသာသာ ပြောင်းလဲကောင်းမွန်သွားတာမျိုးမဟုတ်ဘဲ နေရာစုံမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာ‌တွေ့ရပါတယ်။

Jump to…

Galaxy Z Fold 4

Galaxy Z Fold 4 မှာ အပေါ်ဘက် Screen အနေနဲ့ 6.2-in HD+ 13.1:9 ရှိတဲ့ Dynamic AMOLED 2X Cover Display ကို တပ်ဆင်ပေးထားပါတယ်။ Refresh Rate အနေနဲ့ 120Hz ရှိပြီး Adaptive ဖြစ်တာကြောင့် Refresh Rate ကို 1Hz ကနေ 120Hz အတွင်း လိုအပ်သလိုပြောင်းလဲ ပြသပေးနိုင်ပါတယ်။ Z Fold 3 ရဲ့ Screen ထက် အနည်းငယ် ပိုကျယ်ပါတယ်။

Samsung Z Fold 4

အတွင်းပိုင်း ခေါက်ချိုးနိုင်တဲ့ Display ကို ဖွင့်လိုက်မယ်ဆိုရင် 7.6-inch QXGA+ Dynamic AMOLED 2X Infinity Flex Display ကို တွေ့ရမှာဖြစ်ပါတယ်။ သူ့ရဲ့ Refresh Rate ဟာလည်း 120Hz ရှိပြီး S Pen နဲ့ အသုံးပြုနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။ ဒါပေမယ့် S Pen ထည့်ဖို့အတွက် ဖုန်းထဲမှာနေရာမပါဝင်တာကြောင့် S Pen ထည့်စရာ Slot ပါတဲ့ Standing Cover ကို သီးသန့်ရောင်းချပေးထားတာ တွေ့ရပါတယ်။ ဒီ Display ဟာလည်း အရင် Z Fold 3 ထက် ပိုကျယ်ပြီး ဘေးအနား Bezel တွေဟာလည်း ပိုပြီး သေးငယ်သွားပါတယ်။ အလေးချိန်အနေနဲ့ ၂၆၃ ဂရမ်ပဲရှိတာကြောင့် Galaxy Fold တွေထဲမှာ အပေါ့ပါးဆုံးဖြစ်ပါတယ်။

ကင်မရာပိုင်းမှာ တော်တော်လေး ကောင်းမွန်လာပြီး 50MP Wide Angel Camera တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် 12MP Ultra Wide Camera နဲ့ 10MP Telephoto Camera ပါဝင်ပြီး 3X Optical နဲ့ 30X Digital Zoom အထိ ဆွဲယူ ရိုက်ကူးပေးနိုင်ပါတယ်။ Processor ပိုင်းအနေနဲ့ 4nm process ကိုအသုံးပြုထားတဲ့ Qualcomm Snapdragon 8+ Gen 1 ကို တပ်ဆင်ပေးထားပါတယ်။ RAM 12GB, Storage 1TB အထိ ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ 4400mAh ရှိတဲ့ Battery ပါဝင်ပြီး Fast Charging အနေနဲ့ 25W အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘူးထဲမှာ Charger ပါဝင်လာခြင်းမရှိတာကြောင့် သီးသန့်ဝယ်ယူရမှာပါ။ Pre-Order မှာယူမယ်ဆိုရင်တော့ လက်ဆောင်အနေနဲ့ ပါဝင်လာမယ်လို့ ဆိုပါတယ်။

Galaxy Z Fold 4 ဟာ Android 12L နဲ့ လာမှာဖြစ်ပါတယ်။ Galaxy Z Fold 4 ကို Armor Aluminum နဲ့ ပြုလုပ်ထားပြီး Cover Display နဲ့ အတွင်းပိုင်း Foldable Display ကို Gorilla Glass Victus+ နဲ့ ကာကွယ်ပေးထားပါတယ်။ Galaxy Z Fold 4 ရဲ့ စျေးနှုန်းတွေအနေနဲ့ RAM 12GB, Storage 256GB အတွက် 4,759,000 ကျပ် နဲ့ ဝယ်ယူနိုင်မယ်လို့ Samsung Myanmar က ကြေငြာထားပါတယ်။ စရံငွေ ၁ သိန်းကျပ်နဲ့ ကြိုတင်အမှာစာတင်နိုင်ပြီး 28.8.2022 မှာ ထုတ်ယူနိုင်မယ်လို့ဆိုပါတယ်။ ကြိုတင်အမှာစာတင် မှာယူသူများအတွက် Standing Cover with S-Pen, 45W Travel Adapter, 40W Car Charger နဲ့ Samsung Care+ တို့ လက်ဆောင်ပါဝင်မယ်လို့ သိရပါတယ်။

Galaxy Z Flip 4

Galaxy Z Flip 4 ရဲ့ Display ဟာ အရင် Z Flip 3 မှာလိုပဲ 6.7-inch ရှိပြီး 120Hz ရှိတဲ့ Adaptive Refresh Rate ပါရှိပါတယ်။ Samsung ရဲ့ အဆိုအရ Display Structure အပြောင်းအလဲနဲ့ ပိုမာတဲ့ Ultra-thin Glass တွေကြောင့် အရင်ကထက် ၄၅% ပိုမိုပြီး ခိုင်ခံ့လာတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Foldable Display ကို ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ Screen Protector ကိုလည်း ပိုကောင်းတဲ့ ကော်ကို အသုံးပြုထားတာကြောင့် ပိုမိုခိုင်ခံ့လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် IPX8 Rating ပဲရှိတာကြောင့် မနှစ်ကနဲ့ အတူတူပဲဖြစ်ပါတယ်။ ရေစိုဒဏ်ကို ကောင်းကောင်းခံနိုင်ပြီး ဖုန်တွေသဲတွေရဲ့ ဒဏ်ကိုတော့ မခံနိုင်သေးပါဘူး။ ဖုန်းကို ခေါက်တဲ့နေရာမှာ သုံးထားတဲ့ Hinge အနေနဲ့ အနည်းငယ် ပါးသွားတာ တွေ့ရပါတယ်။ ဒါ့အပြင် ဘေးအနားတွေကိုလည်း ပိုမိုသေးငယ်အောင် လုပ်ဆောင်ပေးထားပါတယ်။ 1.9-inch ရှိတဲ့ Cover Screen အနေနဲ့ အတူတူပဲဖြစ်ပြီး လုပ်ဆောင်နိုင်စွမ်းတွေကတော့ ပိုမိုလာပါတယ်။

Samsung Galaxy Z Flip 4

Galaxy Z Flip 4 မှာလည်း Qualcomm Snapdragon 8+ Gen 1 ကို တပ်ဆင်ပေးထားပြီး RAM အနေနဲ့ 8GB ရှိပါတယ်။ ကြီးကြီးမားမားအပြောင်းအလဲတွေသိပ်မပါပေမယ့် ဟိုနေရာ ဒီနေရာ နေရာစုံမှာ ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာကြောင့် ပြီးပြည့်စုံတာမဟုတ်ပေမယ့် တော်တော်လေးကောင်းမွန်လာတဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ Battery ပိုင်းအနေနဲ့ အရင် 3300mAh ကနေ 3700mAh ထိ တိုးမြှင့် ထည့်သွင်းပေးထားနိုင်တာကြောင့် Battery ပိုင်း ပိုမိုကောင်းမွန်လာမယ်လို့ ယူဆရပါတယ်။ ဒါ့အပြင် အားသွင်းရာမှာလည်း 15W ကနေ 25W အထိ မြှင့်တင်ပေးထားတာကြောင့် အားသွင်းရာမှာ ကြာချိန်ကိုလည်း လျှော့ချပေးလာနိုင်မှာပါ။ ဒါပေမယ့် Wireless Charging ကတော့ အရင်ကအတိုင်း 10W ပဲရှိပါတယ်။

Z Flip 4 ရဲ့ ကင်မရာပိုင်းကိုလည်း အဆင်မြှင့်ပေးထားပြီး ဒီနှစ်မှာပါဝင်တဲ့ 12MP Sensor ဟာ ပိုကြီးလာပြီး Pixel တွေဟာလည်း 1.4μm ကနေ 1.8μm ထိ ပိုကြီးလာတာ တွေ့ရပါတယ်။ အရင် ဖုန်းလိုပဲ Optical Stabilization ပါဝင်ပြီး 12MP Ultrawide Camera နဲ့ 10MP Selfie Camera တို့ကတော့ အတူတူပဲ ဖြစ်ပါတယ်။

Galaxy Z Flip 4 ရဲ့ Myanmar နိုင်ငံအတွင်း စျေးနှုန်းတွေကတော့ 8GB RAM, 128GB Storage အတွက် 2,959,000 ကျပ် ကျသင့်မှာဖြစ်ပြီး ၁ သိန်းကျပ်နဲ့ ကြိုတင်အမှာစာတင် မှာယူနိုင်မယ်လို့ဆိုပါတယ်။ ကြိုတင်မှာယူသူများအတွက် Leather Cover, 45W Travel Adapter နဲ့ Samsung Care+ တို့ လက်ဆောင်ပါဝင်မယ်လို့ ဆိုပါတယ်။ 27.8.2022 မှာ ကြိုတင်အမှာများကို ထုတ်ယူနိုင်မယ်လို့ ဆိုထားပါတယ်။

Galaxy Watch 5, Galaxy Watch 5 Pro

August 10 ရက်မှာ ကျင်းပခဲ့တဲ့ Samsung Unpacked 2022 ပွဲမှာ Samsung ရဲ့ Wearable Device တွေဖြစ်တဲ့ Galaxy Watch 5 နဲ့ Galaxy Watch 5 Pro တို့ကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။

Galaxy Watch 5 နဲ့ Watch 5 Pro နှစ်ခုလုံး ဘက်ထရီပိုင်းကို တိုးမြှင့်ပေးထားတာ တွေ့ရပါတယ်။ ဒါ့အပြင် Charging ပိုင်းမှာလည်း ပိုမြန်လာပြီး ခိုင်ခံ့မှုပိုင်းမှာလည်း ပိုမိုတိုးတက်လာပါတယ်။ 279.99 ဒေါ်လာရှိတဲ့ Galaxy Watch 5 ဟာ စျေးသက်သာတဲ့ အမျိုးအစားဖြစ်ပြီး Galaxy Watch 5 Pro ကတော့ 449.99 ဒေါ်လာကျသင့်မယ့် Premium အမျိုးအစား Smartwatch ဖြစ်ပါတယ်။ Galaxy Watch 5 Pro ဟာ Outdoor Sport Activities တွေမှာ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားတဲ့ အမျိုးအစားလည်း ဖြစ်ပါတယ်။ အရင် Smartwatch တွေမှာပါတဲ့ လှည့်လို့ရတဲ့ ဘေးဘောင်မပါဝင်တော့ဘဲ ဒီအစား ထိတွေ့ရုံနဲ့ သုံးလို့ရတဲ့ Touch Bezel ထည့်သွင်းပေးထားပါတယ်။ လှည့်လို့ရတဲ့ Bezel ကိုကြိုက်တဲ့သူတွေအတွက် Galaxy Watch 4 Classic ကို အလည်အလတ်စား Smartwatch အဖြစ် ရွေးချယ်ဝယ်ယူနိုင်ဦးမှာဖြစ်ပါတယ်။

Galaxy Watch 5 မှာ 40mm နဲ့ 44mm အဖြစ် ရွေးချယ်နိုင်ပြီး Watch 5 Pro အနေနဲ့ကတော့ 45mm တမျိုးပဲရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ဒီ Watch တွေအားလုံးမှာ 1.18GHz Exynos W920 Processor တပ်ဆင်ပေးထားပြီး RAM အနေနဲ့ 1.5GB ရှိကာ Internal Storage ကတော့ 16GB ပါဝင်ပါတယ်။ Galaxy Watch 5 Lineup တခုလုံးမှာ ပိုမိုကောင်းမွန်လာတဲ့ 3 in 1 BioActive Sensor ပါဝင်လာပါတယ်။ ဒီ Sensor ကို Galaxy Watch 4 မှာ စတင်မိတ်ဆက်ခဲ့တာဖြစ်ပြီး ECG, Heart Rate နဲ့ Body Composition Analysis တွေအတွက် အသုံးပြုထားတာဖြစ်ပါတယ်။ ပိုမိုကောင်းမွန်လာတဲ့ ဒီ Sensor ကြောင့် Sleep Tracking တွေကို ပိုပြီး လုပ်ဆောင်လာနိုင်မယ်လို့ ဆိုပါတယ်။ Built-in GPS ပါဝင်ပြီး LTE Version ကိုလည်း ရွေးချယ် ဝယ်ယူနိုင်ပါတယ်။ ဒါ့အပြင် ဒီ Watch နှစ်ခုလုံးမှာ 5ATM နဲ့ IP68 ထိ ဖုန်တွေ ရေတွေရဲ့ ဒဏ်ကို ခံနိုင်ရည်ရှိပါတယ်။ 5ATM ဆိုတာကတော့ ရေအောက် မီတာ ၅၀ ဒါမှမဟုတ် ၁၆၄ ပေ မှာ ၁၀ မိနစ်အထိ ခံနိုင်ရည်ရှိတယ်လို့ ဆိုပါတယ်။

အသစ်အနေနဲ့ ပါဝင်လာတာကတော့ Temperature Sensor ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Sensor ဟာ Sleep Tracking ပိုင်းအတွက် ဒေတာတွေပိုမိုရရှိဖို့ လုပ်ဆောင်ပေးမယ်လို့ပဲ ဆိုထားတာကြောင့် Body Temperature တိုင်းပေးတာ၊ အဖျားရှိမရှိ ပြသပေးနိုင်တာ စတဲ့ လုပ်ဆောင်ချက်တွေ နောက်ပိုင်းမှာ ထည့်ပေးနိုင်မလားဆိုတာကတော့ မသေချာပါဘူး။

Galaxy Watch 5 (Photo: The Verg)

Battery ပိုင်းအနေနဲ့ အရင်နှစ်က Model ထက် 13% ပိုမိုကြီးမားလာပါတယ်။ Galaxy Watch 5 40mm Version မှာ 284mAh Battery ပါဝင်ပြီး 44mm Version မှာတော့ 410mAh Battery ပါဝင်ပါတယ်။ ဒါဟာ အားအပြည့်သွင်းထားရင် နာရီ ၄၀ လောက် အသုံးခံနိုင်မှာဖြစ်ပါတယ်။ Galaxy Watch 5 Pro မှာတော့ ဒီထက်ပိုကြီးတဲ့ 590mAh Battery ပါဝင်ပြီး သာမန်သုံးရင် နာရီ ၈၀ လောက်နဲ့ GPS ကို အဆက်မပြတ်သုံးမယ်ဆိုရင်တော့ နာရီ ၂၀ လောက် အသုံးခံမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် Battery အားသွင်းရမှာလည်း ပိုမိုမြန်ဆန်လာပြီး ၀ ကနေ ၄၅% အထိရောက်ဖို့ မိနစ် ၃၀ ပဲ ကြာမယ်လို့ ဆိုပါတယ်။ ညအိပ်ချိန် Sleep Tracking လုပ်ချင်သူများအတွက် ၈ မိနစ်အားသွင်းရင် ၈ နာရီစာ အသုံးပြုနိုင်မယ်လို့ ဆိုပါတယ်။ တကယ်တမ်း ဘယ်လောက် အသုံးခံနိုင်မလဲဆိုတာကတော့ လက်တွေ့သုံးကြည့်မှပဲ သေချာသိရမှာဖြစ်ပါတယ်။ အထူးသဖြင့် Always-On Display နဲ့ Google Assistant တို့လိုမျိုး Power အမြဲသုံးစွဲနေမယ့်လုပ်ဆောင်ချက်တွေက ဘက်ထရီသက်တမ်းကို ဘယ်လောက်သက်ရောက်စေမလဲဆိုတာတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

တခြား အပြောင်းအလဲတွေအနေနဲ့ကတော့ ပိုမိုမာကြောတဲ့ Sapphire Crystal Display ကို အသုံးပြုထားပြီး ကျောဘက်ခြမ်းကိုလည်း Sensor တွေ အရေပြားနဲ့ ပိုမိုထိတွေ့နိုင်ဖို့ ပိုပြီး ကွေးညွှတ်ပေးထားတယ်လို့ ဆိုပါတယ်။ Software Update ကတဆင့်လည်း လုပ်ဆောင်ချက်အသစ်တွေ ပိုမိုပါဝင်လာစရာ ရှိပါတယ်။

Galaxy Watch Pro 5 (Photo: The Verg)

ပိုကောင်းတဲ့ အဆင့်မြှင့်တင်မှုတွေက Pro Version မှာ ပါဝင်လာတာတွေ့ရပါတယ်။ Titanium Case နဲ့ 29GPa Sapphire Crystal ကို အသုံးပြုထားတာကြောင့် ပိုပြီး အကြမ်းခံမှာဖြစ်ပါတယ်။ Galaxy Watch 5 မှာတော့ 24GPa Sapphire Crystal ကို အသုံးပြုထားပါတယ်။ Outdoor အားကစားတွေကို စိတ်ဝင်စားသူတွေအတွက် Pro မှာပါဝင်တဲ့ Mapping လုပ်ဆောင်ချက်ကို ပိုပြီး သဘောကျကြမှာဖြစ်ပါတယ်။ GPX လမ်းကြောင်းတွေကို Download ရယူနိုင်တာကြောင့် Hiking လုပ်တာ၊ စက်ဘီးစီးတာတွေအတွက် တော်တော်လေး အသုံးဝင်မှာဖြစ်ပြီး Track-Back လုပ်ဆောင်ချက်ကတော့ လာခဲ့ လမ်းတလျောက်ကို ခြေရာခံနိုင်ပြီး ပြန်ပြပေးနိုင်တာကြောင့် အမှားအယွင်းမရှိပဲ ပြန်သွားနိုင်မှာဖြစ်ပါတယ်။ ဒါဟာ Garmin တို့လို Smartwatch သုံးစွဲသူတွေကို စွဲဆောင်နိုင်မယ့် လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။ ဒါပေမယ့် GPS ကို အဓိကသုံးစွဲမယ့် ဒီလုပ်ဆောင်ချက်တွေနဲ့ Galaxy Watch Pro ရဲ့ Battery ဟာ ဘယ်လောက်ကြာကြာအသုံးခံနိုင်မလဲဆိုတာပေါ်မှာလည်း မူတည်နေပါသေးတယ်။

Galaxy Watch 5 Pro

Galaxy Watch 5 ရဲ့ စျေးနှုန်းတွေအနေနဲ့ 279.99 ဒေါ်လာက စတင် ကျသင့်မှာဖြစ်ပြီး Galaxy Watch 5 Pro အနေနဲ့ 499.99 ဒေါ်လာကျသင့်မှာဖြစ်ပါတယ်။ မြန်မာပြည်အတွင်း ရောင်းချမယ့် စျေးနှုန်းတွေကိုတော့ မသိရသေးပေမယ့် Galaxy Z Fold 4, Z Flip 4 တို့နဲ့ တွဲပြီး ဝယ်ယူရင် 20% Discount ရရှိမှာဖြစ်ပြီး Galaxy Buds 2 Pro နဲ့ ပါတွဲပြီး ၀ယ်မယ်ဆိုရင် 30% ထိ Discount ပေးမယ်လို့ Samsung Myanmar Website မှာ ဆိုထားပါတယ်။

Galaxy Buds 2 Pro

Galaxy Unpacked 2022 ပွဲမှာ Foldable ဖုန်းတွေအပြင် Galaxy Buds 2 Pro ကိုလည်း မိတ်ဆက်ပေးခဲ့ပါသေးတယ်။ Galaxy Buds 2 Pro မှာ ထူးခြားချက်ကတော့ Hi-Fi 24bit Audio တွေကို Support လုပ်ပေးနိုင်တာကြောင့် ပုံမှန် Wireless နားကြပ်တွေထက် ပိုမိုကြည်လင်ပြတ်သားပြီး ပိုစုံတဲ့ အသံတွေကို နားထောင်နိုင်မှာဖြစ်ပါတယ်။ ဒီ 24bit Audio ကို OneUI 4 နဲ့ နောက်ပိုင်း Galaxy Samartphones တွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်ပြီး Bluetooth Connection ကနေ ဒီအသံတွေကို ချိတ်ဆက်နားထောင်နိုင်မှာဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့လည်း 15% လောက် ပိုသေးသွားပြီး ကိုင်တွယ်အသုံးပြုရာမှာလည်း သက်တောင့် သက်သာ ရှိစေပါတယ်။ ANC (Active Noise Cancellation) လုပ်ဆောင်ချက်ပါဝင်တာကြောင့် မလိုအပ်တဲ့ အပြင်က ဆူညံသံတွေကိုလည်း ဖယ်ရှားပေးနိုင်မှာပါ။

Galaxy Buds 2 Pro

Auto Switch ဆိုတဲ့ လုပ်ဆောင်ချက်ပါဝင်လာပြီး Samsung Phone, Samsung Tablet, Samsung TV စတာတွေမှာလုပ်အပ်သလို အလွယ်တကူပြောင်းလဲ ချိတ်ဆက်နိုင်ပါတယ်။ Tablet ပေါ်မှာ ရုပ်ရှင်ကြည့်နေတုန်း ဖုန်းလာမယ်ဆို Galaxy Buds 2 Pro အနေနဲ့ Tablet ကို ချိတ်ထားရာကနေ ဖုန်းဆီကို လက်တချက်လေး ထိပေးလိုက်တာနဲ့ ပြောင်းလဲချိတ်ဆက်ပေးသွားမယ်လို ဆိုပါတယ်။ Apple Devices တွေနဲ့ AirPods တွေကြား အလိုအလျောက်ပြောင်းလဲချိတ်ဆက်ပေးသွားတာလိုမျိုး လုပ်ဆောင်လာနိုင်မလားဆိုတာကတော့ သေချာမသိရသေးပါဘူး။ ဒါ့အပြင် Google ရဲ့ Pixel Buds Pro လိုမျိုး Device နှစ်ခုကို တပြိုင်နက် ချက်ဆက်ထားနိုင်တဲ့ Multipoint ကို Support မပေးတာကတော့ Pro Version တခုအနေနဲ့ စိတ်ပျက်စရာဖြစ်ပါတယ်။ 360 degree Audio ကိုလည်း ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပေးထားတယ်လို့ ဆိုပါတယ်။ Galaxy Buds 2 Pro ဟာ Bluetooth 5.3 ကို ထောက်ပံ့ပေးနိုင်ပြီး LE Audio-Ready ဖြစ်တယ်လို့ ဆိုထားပါတယ်။

Galaxy Buds 2 Pro in Pupple

Battery ပိုင်းအနေနဲ့ ANC ကို ဖွင့်ထားပြီး သုံးမယ်ဆိုရင် ၅ နာရီထိ အသုံးခံပြီး ANC ကို ပိတ်ထားမယ်ဆိုရင်‌ေတာ့ ၈ နာရီထိ ခံမယ်လို့ ဆိုထားပါတယ်။ Case မှာပါတဲ့ Battery နဲ့ဆိုရင် ANC နဲ့ နာရီ ၂၀ ထိ အသုံးခံမှာဖြစ်ပြီး ANC မသုံးပါက နာရီ ၃၀ အထိ အသုံးခံမယ်လို့ ဆိုပါတယ်။ IPX7 Certification ရရှိထားတာကြောင့် ရေနဲ့ ချွေးစိုတာတွေကနေ ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ Galaxy Buds 2 Pro ရဲ့ စျေးနှုန်းအနေနဲ့ 229.99 ဒေါ်လာကျသင့်မယ်လို့ ဆိုထားပြီး မြန်မာပြည်တွင်းရောင်းချမယ့်စျေးနှုန်းကိုတော့ သေချာမသိရသေးပါဘူး။ Galaxy Z Fold 4, Z Flip 4 တို့နဲ့ တွဲဝယ်ရင် ၂၀% Discount ရမယ်လို့ Samsung Myanmar ရဲ့ Website အရ သိရပါတယ်။

Via
The VergAndroid Authority
Back to top button