News

Facebook Account တွေ အလိုအလျောက် Sign Out ဖြစ်နေ

Facebook Account တွေ ဝင်မရ ဖြစ်နေပါသလား။ Facebook သုံးနေရင်း အလျိုအလျောက် Sign Out ဖြစ်သွားပါသလား။ သင်တယောက်တည်း မဟုတ်ပါဘူး။ Facebook ရဲ့ မိခင် ကုမ္ပဏီ Meta ရဲ့ Service တချို့ ပြဿနာဖြစ်နေတာကြောင့် Facebook, Messenger, Instagram နဲ့ Threads တွေအပါအဝင် Meta Quest Account တွေပါ အလိုအလျောက် Section Expired လို့ပေါ်လာပြီး Sign Out ဖြစ်သွားတဲ့ ချို့ယွင်းချက် တကမ္ဘာလုံးမှာ ဖြစ်ပေါ်နေပါတယ်။ မိမိ Password မှန်နေရင်တောင်မှ ဝင်လို့မရတာ၊ မှားနေတယ်လို့ပြောတာတွေဖြစ်နေပြီး 2FA ကုဒ်ခံထားရင်လည်း အဲ့ဒီကုဒ်တွေပါ မှားနေကြောင်း ပြသနေပါတယ်။ ဒါပေမယ့် စိတ်ပူစရာမလိုဘဲ Facebook က ဖြေရှင်းပြီးတာနဲ့ ပြန်လည်း Log In ဝင်လို့ရမှာ ဖြစ်ပါတယ်။ Facebook တာဝန်ရှိသူတချို့ ကိုယ်တိုင် Twitter မှာ ဒီအဖြစ်အပျက်ကို ကိုင်တွယ်ဖြေရှင်းနေကြောင်း ကြေငြာထားပါတယ်။

တကယ်လို့ Facebook က ကိုင်တွယ်ဖြေရှင်းပြီးပြန်ဝင်လို့ Password တောင်းတဲ့အခါ Password မေ့နေရင် Forgot Password ကိုနှိပ်ပြီး Password အသစ်ကို ပြန်လည် သတ်မှတ်နိုင်ပါတယ်။

Back to top button