AppleFeaturedReviews

iPhone 14 Pro Review

Apple အနေနဲ့ မကြာသေးခင်က ကျင်းပခဲ့တဲ့ Far Out Event မှာ iPhone 14 Series ကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီထဲကမှ iPhone 14 Pro အကြောင်း၊ ဘာအသစ်တွေ ပါဝင်လာလဲ၊ ဘာတွေ လုပ်ဆောင်နိုင်မလဲ၊ ဝယ်ယူသင့်လား စတာတွေကို လေ့လာသုံးသပ်မိသမျှ ဝေမျှလိုက်ရပါတယ်။

(ဒီ Review ဟာ iPhone 14 Pro နဲ့ iPhone 14 Pro Max နှစ်ခုလုံးအတွက် အကြုံးဝင်ပါတယ်။ အဓိကအားဖြင့် Screen နဲ့ Battery အရွယ်အစားပဲ ကွာသွားတာဖြစ်ပြီး iPhone 14 Pro Max ဟာ iPhone 14 Pro ထက် Batter ပိုခံပါတယ်။ အလေးချိန်လည်း အနည်းငယ်ကွာပါတယ်။ ဒါတွေကလွဲ ကျန်တဲ့ အစိတ်အပိုင်းတွေ၊ လုပ်ဆောင်ချက်တွေက အတူတူပဲဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ Review မှာ iPhone 14 Pro လို့ပဲ ခေါ်ဆိုရေးသားမှာဖြစ်ပေမယ့် iPhone 14 Pro Max အတွက်လည်း အကျုံးဝင်ပါတယ်။)

Design

iPhone 14 Pro ရဲ့ Design ပိုင်းဟာ iPhone 13 Pro နဲ့ အားလုံးနီးပါးအတူတူပဲဖြစ်ပါတယ်။ နောက်ကျောဘက်ကင်မရာတွေ အနည်းငယ်ပိုကြီးလာတာတွေ့ရပါတယ်။ ရှေ့မျက်နှာပြင်မှာတော့ Notch အစား Dynamic Island လို့ခေါ်တဲ့ Pill Shape Cutout ကြီးပါဝင်လာတာ သိသိသာသာထူးခြားချက် ဖြစ်ပါတယ်။ ဒီ Dynamic Island အကြောင်း သီးသန့်ရေးထားတာ အောက်မှာ ဖတ်ရှုနိုင်ပါတယ်။ အရွယ်အစားအပါအဝင် iPhone 13 Pro နဲ့ အတူတူနီးပါးဆိုပေမယ့် Power Button တွေ၊ Volume Button တွေ၊ Silent Switch တွေရဲ့ နေရာဟာ မဆိုသလောက်လေး အောက်ကို ရောက်နေတဲ့အတွက် ရှိပြီးသား iPhone 13 Pro Cover တွေကိုတော့ တပ်ဆင်ပြီး အသုံးပြုလို့ရမှာ မဟုတ်ပါဘူး။ Tim Cook ရဲ့ ငွေရှာနည်း ကြမ်းတယ်လို့ ပြောရမလားပါပဲ။ အရောင်အနေနဲ့ Deep Purple, Space Black, Silver နဲ့ Gold ဆိုပြီး ရွေးချယ်လို့ရပါတယ်။  တခုထူးခြားချက်အနေနဲ့ US မှာ ရောင်းချမယ့် iPhone 14 Series အားလုံးမှာ SIM Card ထည့်တဲ့ Tray မပါဝင်တော့ဘဲ eSIM သီးသန့်သာ အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Apple အနေနဲ့ သူ့ရဲ့ ကျော်ကြားမှုကို အသုံးပြုပြီး အရွေ့တခုကို တွန်းပို့နေတယ်လို့ ယူဆရပါတယ်။ SIM Tray ကို ဖြုတ်ပစ်လိုက်တာကြောင့် နေရာအလွတ်တခုပိုရလာမှာဖြစ်သလို iPhone မှာပါတဲ့ အပေါက်တခုကိုလည်း ဖယ်ထုတ်လိုက်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် လုံခြုံရေးအရလည်း ပိုမိုကောင်းမွန်လာမှာပါ။

iPhone 14 Pro Max and iPhone 14 Pro

Always-On Display

iPhone 14 Pro ရဲ့  Display မှာ အသစ်ပါဝင်လာတာက Always-On Display နဲ့ Dynamic Island ပဲ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ iPhone 13 Pro ထက် 0.76mm လောက်ပိုရှည်တာကြောင့် အတူတူပဲလို့ ပြောလို့ရပါတယ်။ ဘေအနားက Bezel တွေလည်း ပိုမိုသေးငယ်သွားပါတယ်။ iPhone 14 Pro မှာပါတဲ့ Always-On Display ဟာ နှစ်အတော်ကြာကတည်းက တခြား Android Phone တွေမှာ ပါဝင်ခဲ့တဲ့ Always-On Display နဲ့ မတူညီတာ တွေ့ရပါတယ်။ Samsung တို့လို တခြား Android ဖုန်းတွေမှာပါတဲ့ Always-On Display တွေမှာ နာရီ၊ icon တချို့နဲ့ Notification တချို့လောက်ကိုသာ ပြသေပေးနိုင်ပေမယ့် iPhone 14 Pro မှာပါတဲ့ Always-On Display ကတော့ Screen တခုလုံးကို Brightness လျှော့ထားပေးတာနဲ့ ပိုတူပါတယ်။ Wallpaper တွေ၊ Widgets တွေ၊ Live Activity တွေ အားလုံးကို အရောင်တွေအပါအဝင် ပြသပေးနိုင်ပါတယ်။

Samsung Galaxy Z Fold Vs iPhone 14 Pro with Always-On Display

ဒါ့အပြင် Always-On Display အနေနဲ့ ပတ်ဝန်းကျင်က အလင်းပေါ်အခြေခံပြီး Brightness ကို လိုအပ်သလို လျှော့ချတာ တင်ပေးတာတွေ လုပ်ပေးနိုင်ပါတယ်။ Lockscreen မှာပါတဲ့ Depth Effect ကတော့ အလုပ်မလုပ်တော့တာ တွေ့ရပါတယ်။ အောက်ခြေက Flashlight နဲ့ Camera Shortcut တွေလည်း အလုပ်မလုပ်တော့ဘဲ ဖျောက်ထားတာတွေ့ရပါတယ်။ Apple အနေနဲ့ ဒီ Always-On Display အတွက် Co-Processor တလုံး ထပ်မံထည့်သွင်းပေးထားတာကြောင့် Battery အသုံးပြုမှုကို တတ်နိုင်သမျှ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ LTPO Display နည်းပညာကလည်း Refresh Rate ကို 1Hz အထိ လျှော့ချပေးနိုင်တာကြောင့် Always-On Display ကို အသုံးပြုရာမှာ Battery စားသက်သာအောင် ထောက်ပံ့ပေးနိုင်ပါတယ်။

iPhone 14 Pro Always-On Display Mode

မလိုအပ်ဘဲ battery အသုံးပြုတာ သက်သာအောင် ဖုန်းကို မှောက်ထားချိန်၊ အိတ်ထဲ ထည့်ထားချိန်တွေမှာ Always-On Screen Display ဟာ အလိုအလျောက်ပိတ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် Apple Watch နဲ့ ချိတ်ဆက်ထားရင် ဖုန်းနဲ့ အဝေးကို လူရောက်သွားပါကလည်း Always-On Display ကို ပိတ်ထားပေးမှာဖြစ်ပါတယ်။ Always-On Display ကြောင့် သိသိသာသာ Battery အကုန်မြန်တာမျိုး မရှိပေမယ့် ပိတ်ထားမယ်ဆိုရင်တော့ Battery နည်းနည်းပိုခံနိုင်ပါတယ်။ Always-On Display ကို ဖွင့်ထားပြီး အသုံးပြုမယ်ဆိုရင် iPhone 14 Pro ဟာ တနေကုန်အသုံးခံပြီး iPhone 14 Pro Max ကတော့ နောက်ရက် နေ့တဝက်လောက်အထိ အသုံးခံတာတွေ့ရပါတယ်။ ဒါဟာ အသုံးပြုတာပေါ်မူတည်ပြီးတော့ ကွာခြားချက် ရှိနိုင်ပါတယ်။ Always-On Display ကို ဖွင့်ထားပြီး ညအချိန် စမ်းသပ်ကြည့်ရာမှာ Always-On Display ကို ပိတ်ပြီးထားတာထက် ၇နာရီအတွင်း ၄% လောက် Battery အသုံးပြုတာတွေ့ရပါတယ်။ Battery ပိုပြီး ကြာကြာခံတာကိုလိုချင်ရင်တော့ iPhone 14 Pro Max ကိုပဲ ရွေးချယ်သင့်ပါတယ်။

ဒါ့အပြင် iPhone 14 Pro မှာပါတဲ့ Display ဟာ အမြင့်ဆုံး 2000nit အထိ ပြသပေးနိုင်တာကြောင့် နေရောင်အောက်အသုံးပြုရမှာလည်း Screen ကို ရှင်းရှင်းလင်းလင်း မြင်ရမှာဖြစ်ပါတယ်။ နောက်ထပ်ထူးခြားတာတခုကတော့ Ambient Light Sensor ( ပတ်ဝန်းကျင်က အလင်းရောင်ကို ဖတ်ရှုတိုင်းထွာပေးတဲ့ Sensor ) ဟာ ရှေ့ဘက်မှာတင်မဟုတ်ဘဲ နောက်ကျောဘက်မှာပါ ပါဝင်လာပါတယ်။ ဒီ Sensor ဟာ ဖုန်းရဲ့ Display Brightness ကို ပတ်ဝန်းကျင်အလင်းရောင်နဲ့လိုက်ပြီး ချိန်ညှိပေးဖို့ဖြစ်ပြီး နောက်ကျောဘက်မှာပါဝင်လာတဲ့ Sensor ကတော့ ဓာတ်ပုံရိုက်ကူးရာမှာ လိုအပ်တဲ့ ချိန်ညှိမှုတွေလုပ်ဖို့ပါ အထောက်အကူပေးနိုင်တယ်လို့ ဆိုပါတယ်။ ရှေ့ဘက်မှာပါတဲ့ Ambient Light Sensor ဟာ iPhone 14 Pro မှာတော့ Screen ရဲ့အောက်ကို ထည့်သွင်းပေးထားတာဖြစ်လို့ ပိုမိုတိကျနိုင်အောင် နောက်ထပ် ထပ်ထည့်ပေးထားတာလည်း ဖြစ်နိုင်ပါတယ်။

Dynamic Island

Apple အနနေဲ့ iPhone X မှာကတညြးက ပါခဲ့တဲ့ Notch ကို ဒီနှဈ iPhone 14 Pro မှာတော့ ပှောငြးလဲနိုငခြဲ့ပှီဖှဈပါတယြ။ iPhone 13 Pro မှာ Notch ရဲ့ အရှယအြစားကို လွှော့ခပွေးနိုငခြဲ့ပှီး အခု iPhone 14 Pro မှာတော့ Notch အစား Dynamic Island လို့ခေါတြဲ့ Pill-Shape Cutout နဲ့ အစားထိုးပှဲထှကလြာခဲ့တာဖှဈပါတယြ။ (Pill-shape Cutout ဆိုတာက ဖုနြး Screen ကို ကငမြရာနဲ့ တခှား လိုအပတြဲ့ Sensor တှအတှေကြ ဆေးတောင့ပြုံ အပေါကဖြောကထြားတဲ့ အရာလေးကို ခေါတြာပါ။ Android ဖုနြးအမွားစုမှာ Selfie Camera အတှကြ ဒီလိုမွိုး Cutout လုပထြားတာ ပါဝငပြါတယြ။ Selfie Camera အတှကြ သီးသန့ဖြှတထြားတဲ့ စကဝြိုငြးပုံလေးကိုတော့ Punch Hole Cutout လို့ ခေါကြှပါတယြ။) iPhone 14 Pro မှာ ရှေ့ဖကြ Selfie Camera အတှကြ စကဝြိုငြးပုံအပေါကတြခုပါဝငပြှီး FaceID အတှကလြိုအပတြဲ့ Sensor တှအတှေကြ နောကထြပဆြေးတောင့ပြုံ အပေါကဖြောကထြားတဲ့ Cutout တခုပါဝငပြါတယြ။ ဒီ Cutout နှဈခုကှားလှတနြတေဲ့ နရောမှာ Screen ရှိနသေေးပမယေ့ြ Apple က ဒါကို Software ပိုငြးနဲ့ပေါငြးစပလြိုကပြှီး ခပကြှီးကှီး ဆေးတောင့ပြုံ Pill-Shape Cutout တခုအဖှဈ ပှောငြးလဲထားတာပါ။ ဒီလိုလုပလြိုကပြမယေ့လြညြး Notch မှာလို့ Screen ရဲ့ အပေါဘြကဘြေးဘောငနြဲ့ ပေါငြးစပနြတောမဟုတဘြဲ Screen အတှငြးပိုငြးထဲမှာရှိနတောကှောင့ြ ဖုနြးကို အသုံးပှုရာမှာ ရှုပနြသလေို ဖှဈသှားစပေါတယြ။ ဒါကို Apple က Dynamic Island အဖှဈ လှလှပပပှောငြးလဲပဈလိုကတြာပါ။

Dynamic Island on iPhone 14 Pro

iOS မှာ ဖုန်းဝင်လာတာဖြစ်စေ၊ AirPods နဲ့ ချိတ်ဆက်လိုက်ရင်ဖြစ်စေ၊ ဖုန်းအားသွင်းလိုက်ရင်ဖြစ်စေ ပေါ်လာတတ်တဲ့ System Alert ဆိုတဲ့လုပ်ဆောင်ချက်တွေ ရှိပါတယ်။ ဒါ့အပြင် ဖုန်းပြောနေတုန်း တခြား App တခုခုဖွင့်လာတာ၊ Home Screen ကို ရောက်သွားတာတွေမှာ ဖုန်းပြောနေကြောင်းသိအောင် Notch ရဲ့ ဘယ်ဘက်ဘေးမှာ အစိမ်းရောင် Pill Shape လေးနဲ့ ပြသပေးတဲ့ System Alert တွေလည်းရှိပါတယ်။ Hotspot မှာ Device တခုခုက ချိတ်နေရင် အပြာရောင်နဲ့ ပြသေလေ့ရှိပြီး Screen Recording လုပ်နေရင် အနီရောင်နဲ့ ပြသလေ့ ရှိပါတယ်။  အရင်ကတော့ ဒီ System Alert တွေဟာ Battery Icon တို့၊ ဖုန်း Signal Bar တို့ရှိတဲ့ Status Bar ပေါ်မှာဖြစ်စေ၊ Notch အောက်ခြေ ဖုန်း Screen ရဲ့ အပေါ်ဘက်ပိုင်းမှာ popup အနေနဲ့ ဖြစ်စေ ပြသလေ့ ရှိပါတယ်။ iPhone 14 Pro မှာတော့ ဒီ System Alert တွေအားလုံးကို Dynamic Island မှာပဲ Animation လှလှလေးတွေ၊ icon တွေနဲ့ ပြသပေးမှာဖြစ်ပါတယ်။ သုံးနေတဲ့ Application နဲ့ Alert တွေပေါ်မူတည်ပြီး ဒီ Dynamic Island လို့ခေါ်တဲ့ Pill-Shape Cutout လေးဟာ အရွယ်အစားအမျိုးမျိုး Animation လှလှပပနဲ့ ပြောင်းသွားတတ်ပါတယ်။

နောက်တခုအနေနဲ့ကတော့ iOS 16 မှာပါလာတဲ့ Live Activity ဆိုတဲ့ လုပ်ဆောင်ချက်တွေကိုလည်း Dynamic Island မှာ ပြသပေးမှာဖြစ်ပါတယ်။ သီချင်းဖွင့်ထားရင် Lock Screen/ today View မှာ ကျော်လို့ ရစ်လို့ရတဲ့ ခလုတ်တွေနဲ့ ပေါ်နေတဲ့ Now Playing / Mini Player လေးပြပေးတတ်ပါတယ်။ iOS 16 မှာ Live Activity လို့ ခေါ်တဲ့ လုပ်ဆောင်ချက်တခု ပါဝင်လာပြီး Music Player တင်မကဘဲ တခြား Application တွေအနေနဲ့လည်း နောက်ကွယ်မှာ အလုပ်လုပ်နေတဲ့ အချက်အလက်တွေကို ပြသပေးနိုင်လာမှာဖြစ်ပါတယ်။ ဥပမာ ၁၀ မိနစ် Timer ပေးထားမယ်ဆိုရင် အရင်က Lock Screen/ Notification Center မှာ Countdown ရေတွက်နေတာကိုပဲ ပြသပေးလေ့ရှိပေမယ့် iOS 16 မှာတော့ Live Activity အနေနဲ့ ပြသပေးမှာဖြစ်ပြီး ခဏရပ်ထားတာ၊ ပိတ်ပစ်တာ စတာတွေကို လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Live Activity လုပ်ဆောင်ချက်တွေဟာလည်း iPhone 14 Pro ရဲ့ Dynamic Island မှာ ပြသပေးနိုင်မှာဖြစ်ပါတယ်။

Dynamic Island on iPhone 14 Pro

Apple အနေနဲ့ ဒီ Live Activity လုပ်ဆောင်ချက်အပြည့်အစုံကို iOS 16.1 မှာ ဖြန့်ချိပေးမှာဖြစ်ပြီး တခြား Application တွေအနေနဲ့လည်း Support လုပ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ Live Activity နှစ်ခုဖြစ်နေမယ်ဆိုရင် တခုဟာ Pill-Shape Cutout ရဲ့ ညာဘက်ဘေးမှာ စက်ဝိုင်းပုံလေးအဖြစ် ကွဲထွက်ပြီး ပြသပေးနေမှာဖြစ်ပါတယ်။ ဒီ Dynamic Island မှာရှိတဲ့ System Alert, Now Playing ဒါမှမဟုတ် Live Activity တွေကို ထိလိုက်မယ်ဆိုရင် သက်ဆိုင်ရာ Application ဆီ ပြန်ရောက်သွားမှာဖြစ်ပြီး ကြာကြာဖိထားမယ်ဆိုရင်တော့ Lock Screen/ Today View မှာပြသပေးသလိုမျိုး ကျော်တာ ရစ်တာ၊ ရပ်တာတွေလုပ်လို့ရမယ့် Extended Version အဖြစ် ပြသပေးမှာဖြစ်ပါတယ်။

Camera

Apple အနေနဲ့ 2016 က ထွက်ခဲ့တဲ့ iPhone 6s ကနေ iPhone 13 Pro ထိ နောက်ကျောဘက် Main Camera ကို 12MP ရှိတဲ့ Sensor ကို ပဲ အသုံးပြုခဲ့တာပါ။ ဒီနှစ် iPhone 14 Pro မှာတော့ 48MP ရှိတဲ့ ကင်မရာကို ပထမဆုံးအဖြစ် ပြောင်းလဲအဆင့်မြှင့်ပေးထားတာတွေ့ရပါတယ်။ ဒါပေမယ့် သာမန် ဓာတ်ပုံတွေရိုက်ကူးရာမှာ 48MP ရှိတဲ့ ပုံတွေအဖြစ် အမြဲတမ်းရိုက်ကူးပေးမှာမဟုတ်ပါဘူး။ ဒီအစား Pixel ၄ ခုစီတိုင်းကို Pixel ကြီးကြီးတခုအဖြစ် ပေါင်းစပ်ပြီး 12MP ရှိတဲ့ ပုံတွေကိုပဲ ရိုက်ကူးပေးမှာဖြစ်ပါတယ်။ ဒီလိုမျိုး Pixel တွေကို ပေါင်းစပ်ပေးလိုက်တဲ့အတွက် အလင်းနည်းနေတဲ့အချိန် ပုံတွေရိုက်ကူးရာမှာ ပိုမိုကောင်းမွန်လာမှာဖြစ်သလို ဓာတ်ပုံတွေဟာလည်း ပိုမိုပြီး ကြည်လင်ပြတ်သားလာမှာဖြစ်ပါတယ်။ တကယ်လို့ 48MP ရှိတဲ့ ပုံတွေလည်းချင်တယ်ဆိုရင်လည်း RAW ဖိုင်အနေနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ဓာတ်ပုံတပုံရဲ့ ဖိုင်ဆိုဒ်ဟာ 50MB ကနေ 100MB ကျော်တဲ့အထိ ရိုက်တဲ့ပုံပေါ်မူတည်ပြီး ရှိနိုင်တာကြောင့် အမြဲ ရိုက်ကူးဖို့ အဆင်မပြေပါဘူး။ Photonic Engine လို့ခေါ်တဲ့ Image Processing လုပ်ဆောင်ချက်ပါဝင်လာပြီး ပိုကောင်းတဲ့ပုံတွေ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။

Apple ရဲ့ အဆိုအရ Main Camrea မှာ ၂ ဆ၊ Ultra Wide Camera မှာ ၃ ဆ၊ Telephoto Camera မှာ ၂ ဆ နဲ့ TrueDepth Camera မှာ ၂ ဆ ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ ဒါပေမယ့် iPhone 13 Pro ရဲ့ ကင်မရာနဲ့ နှိုင်းယှဉ်ရိုက်ကူးကြည့်ရာမှာ များသောအားဖြင့် သိသိသာသာ ထူးခြားသွားတာ မတွေ့ရပါဘူး။ တချို့နေရာတွေမှာ သေချာကြည့်ရင် iPhone 14 Pro ရဲ့ ကင်မရာက ပိုမိုကြည်လင်ပြတ်သားတွေ့ရပေမယ့် Apple ပြောသလို နှစ်ဆ သိသိသာသာ ပိုကောင်းသွားတာမျိုးတွေ မရှိပါဘူး။ တခါတခါ iPhone 13 Pro ရဲ့ ကင်မရာက ပိုကောင်းနေတာတောင် တွေ့ရပါတယ်။ 48MP Sensor ပါဝင်တဲ့အတွက် ပုံကြီးကြီးတွေ Print ထုတ်တာမျိုးမှာတော့ ပိုကောင်းလာမှာဖြစ်ပါတယ်။ ညအချိန် Night Mode နဲ့ ရိုက်ကူးရာမှာလည်း သိသိသာသာ ပိုကောင်းလာတာမျိုးမဟုတ်ပေမယ့် Noise ပိုနည်းလာတာ၊ အချက်အလက် Detail တွေကို ပိုပြီး အသေးစိပ်ရိုက်ကူးပေးနိုင်တာ တွေ့ရပါတယ်။ Apple အနေနဲ့ Software Update နဲ့ iPhone တွေရဲ့ ကင်မရာကို ပိုကောင်းအောင် လုပ်ဆောင်ပေးလေ့ရှိတာကြောင့် စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

iPhone 14 Pro Camera

iPhone 14 Pro ရဲ့ Main Camera မှာ aperture အနေနဲ့ f/1.78 ရှိတာကြောင့် မှောင်နေတဲ့အချိန်တွေမှာတောင် ပိုကောင်းတဲ့ ပုံတွေရနိုင်သလို Bokeh လို့ခေါ်တဲ့ နောက်ခံ Background က ဝါးနေတာမျိုးတွေလည်း 13 Pro မှာထက် ပိုကောင်းတာ တွေ့ရပါတယ်။ နောက်တခုအနေနဲ့ကတော့ Main Camera ဟာ 24mm Lens ဖြစ်တာကြောင့် iPhone 13 Pro မှာပါတဲ့ 26mm Lens ထက် မြင်ကွင်းပိုကျယ်ကျယ်ကို ရိုက်ကူးပေးနိုင်မှာပါ။ Portrait Mode ဟာလည်း ပိုမိုကောင်းမွန်လာပြီး ဒီတခါမှာတော့ ရိုက်ကူးတဲ့ လူရဲ့ ရှေ့မှာရှိတဲ့ Foreground ကိုပါ ဝါးပေးမှာဖြစ်လို့ DSLR Camera တွေနဲ့ ရိုက်ကူးထားသလို ပိုတူလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Main Camera မှာပါတဲ့ 48MP Sensor ရဲ့ အလည်ပိုင်း 12MP ကို အသုံးပြုပြီး 2X Zoom ဆွဲယူရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ 3X Telephoto Zoom နဲ့ Ultrawide Camera တွေဟာလည်း အနည်းငယ်ပိုကောင်းလာတာတွေ့ရပေမယ့် iPhone 13 Pro ကနေ 14 Pro ကို Update လုပ် အသစ်ထပ်ဝယ်ရလောက်အောင်ထိတော့ ကောင်းမွန်ခြင်း မရှိပါဘူး။ Samsung S22 Ultra ရဲ့ 10X Optical Zoom နဲ့ iPhone 14 Pro ရဲ့ 10X Digital Zoom တို့ နှိုင်းယှဉ်ကြည့်ရမှာ Optical Zoom ပါတဲ့ S22 Ultra က ပိုမိုကောင်းမွန်တာတွေ့ရတာကြောင့် Apple အနေနဲ့ Optical Zoom ပိုင်းကို ပိုမို အဆင့်မြှင့်တင်ဖို့ လိုဦးမှာဖြစ်ပါတယ်။

iPhone 14 Pro ရဲ့ Selfie Camera ကိုလည်း အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ထားပါတယ်။ 12MP, f/1.9 ရှိတဲ့ Selfie Camera မှာ Autofocus ပါဝင်လာပါတယ်။ ဒါကြောင့် Selfie ပုံတွေ ရိုက်ကူးရာမှာ အရင်ကထက် ပိုမိုကောင်းမွန်လာမှာဖြစ်ပါတယ်။

Action Mode on iPhone 14 Pro

Video ရိုက်ကူးရာမှာ iPhone ဟာ အမြဲလိုလို ထိပ်ဆုံးမှာရှိနေခဲ့တာပါ။ တချို့မျှော်လင့်ထားသလို 8K Video ရိုက်ကူးနိုင်တာမျိုး ပါဝင်လာတာမရှိပေမယ့် Action Mode ဆိုတဲ့ လုပ်ဆောင်ချက် ပါဝင်လာတာတွေ့ရပါတယ်။ Action Mode ဆိုတာကတော့ Video ရိုက်ကူးရာမှာ တည်ငြိမ်မှုရှိအောင် Stabilization လုပ်ပေးတဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်။ iPhone တွေမှာ အရင်ကတည်းက ဒီ Stabilization လုပ်ဆောင်ချက် ပါဝင်ပြီးဖြစ်ပေမယ့် အခု Action Mode ကတော့ ပြေးလွှားတာမျိုးတွေအထိပါ တည်ငြိမ်အောင် လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Mode နဲ့ ရိုက်ကူးမယ်ဆိုရင် Resolution အနေနဲ့ 2.8K အထိသာ ရိုက်ကူးနိုင်မှာဖြစ်ပြီး Ultra Wide Camera ကိုသာ အသုံးပြုရိုက်ကူးမှာဖြစ်လို့ အလင်းရောင် ကောင်းကောင်းရှိဖို့လည်း လိုအပ်ပါတယ်။ Cinematic Mode ဟာလည်း တော်တော်လေး ကောင်းမွန်လာတာ တွေ့ရပါတယ်။

Performance

Apple ရဲ့ A Series Chip တွေဟာ ပြိုင်ဘက်တွေထက် အမြဲရှေ့ရောက်နေတာကြောင့် ထူးထူးခြားခြား ပြောစရာတော့ မရှိပါဘူး။ ဒီနှစ်မှာ A16 Bionic Chip ကို အသုံးပြုထားပြီး iPhone 14 တွေမှာတော့ မနှစ်ကသုံးထားတဲ့ A15 Chip ကိုပဲ အသုံးပြုထားပါတယ်။ Genshin Impact ကို Ultra Settings မှာထားပြီး ဆော့ကြည့်ရမှာ ၁၅ မိနစ်ကျော် ကြာတဲ့အထိ CPU ကို Throttling (အပူသက်သာအောင် CPU ရဲ့ စွမ်းဆောင်နိုင်စွမ်းကို လျှော့ချခြင်း) မလုပ်တာ တွေ့ရပါတယ်။ ဒါဟာ ROG Phone 6 Pro ထက် ပိုသာတာဖြစ်ပါတယ်။\

iPhone 14 Pro Max Genshin Impact Performance Chart (Screenshot from Dave2D)

Satellite Communication

iPhone 14 Pro မှာ ပထမဆုံးအနေနဲ့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အရေးပေါ်ဌာနတွေဆီကို Message ပို့ အကူအညီတောင်းနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဖုန်းလိုင်းမရှိတဲ့ နေရာတွေမှာပါ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီး ကောင်းကင်ပြင်က ရှင်းလင်းနေဖို့လိုအပ်ပါတယ်။ ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်ဖို့ ဘယ်လိုချိန်ရမလဲဆိုတာပါ ပြသပေးနိုင်ပြီး ကောင်းကင်ပြင် ရှင်းလင်းနေပါက ၁၅ စက္ကန့်အတွင်း အရေးပေါ် Message တွေ ပို့ပေးနိုင်မယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးတွေဆီ တိုက်ရိုက်ပို့ဆောင်ပေးမှာမဟုတ်ဘဲ Apple ကနေ ကြားထဲက တဆင့်ခံပြီးမှ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို ဒီနှစ်ကုန်မှာမှ ရရှိနိုင်ပြီး လောလောဆယ် US နဲ့ Caneda မှာပဲ သုံးလို့ ရဦးမယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုကို ၂ နှစ်တိတိ အခမဲ့အသုံးပြုနိုင်ပြီး ဆက်လက်အသုံးပြုဖို့ ဘယ်လောက် ကုန်ကျမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီလုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံအတွက်တော့ သုံးလို့ရဦးမှာမဟုတ်သလို အသုံးဝင်မှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် iPhone 14 Pro မှာ GPS ချိတ်ဆက်မှုပိုမိုကောင်းမွန်လာပါတယ်။ Apple Watch Ultra မှာ အသုံးပြုထားတဲ့ Dual Frequency GPS ကို အသုံးပြုထားတာကြောင့် အဆောက်အဦးတွေနဲ့ ကွယ်နေချိန်မှာတောင် ပိုမိုတိကျတဲ့ GPS လုပ်ဆောင်ချက်ကို ရရှိနိုင်မှာပါ။

Emergency SOS via Satellite

Crash Detection

iPhone 14 Pro မှာ ပထမဆုံးအနေနဲ့ ဂြိုလ်တုနဲ့ ချိတ်ဆက်ပြီး အရေးပေါ်ဌာနတွေဆီကို Message ပို့ အကူအညီတောင်းနိုင်တဲ့ လုပ်ဆောင်ချက် ပါဝင်လာပါတယ်။ ဖုန်းလိုင်းမရှိတဲ့ နေရာတွေမှာပါ ဒီလုပ်ဆောင်ချက်ကို အသုံးပြုနိုင်ပြီး ကောင်းကင်ပြင်က ရှင်းလင်းနေဖို့လိုအပ်ပါတယ်။ ဂြိုလ်တုနဲ့ ချိတ်ဆက်နိုင်ဖို့ ဘယ်လိုချိန်ရမလဲဆိုတာပါ ပြသပေးနိုင်ပြီး ကောင်းကင်ပြင် ရှင်းလင်းနေပါက ၁၅ စက္ကန့်အတွင်း အရေးပေါ် Message တွေ ပို့ပေးနိုင်မယ်လို့ ဆိုပါတယ်။ ကယ်ဆယ်ရေးတွေဆီ တိုက်ရိုက်ပို့ဆောင်ပေးမှာမဟုတ်ဘဲ Apple ကနေ ကြားထဲက တဆင့်ခံပြီးမှ ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်ကို ဒီနှစ်ကုန်မှာမှ ရရှိနိုင်ပြီး လောလောဆယ် US နဲ့ Caneda မှာပဲ သုံးလို့ ရဦးမယ်လို့ ဆိုပါတယ်။ ဒီဝန်ဆောင်မှုကို ၂ နှစ်တိတိ အခမဲ့အသုံးပြုနိုင်ပြီး ဆက်လက်အသုံးပြုဖို့ ဘယ်လောက် ကုန်ကျမယ်ဆိုတာတော့ မသိရသေးပါဘူး။ ဒီလုပ်ဆောင်ချက်ဟာ မြန်မာနိုင်ငံအတွက်တော့ သုံးလို့ရဦးမှာမဟုတ်သလို အသုံးဝင်မှာလည်း မဟုတ်ပါဘူး။ ဒါ့အပြင် iPhone 14 Pro မှာ GPS ချိတ်ဆက်မှုပိုမိုကောင်းမွန်လာပါတယ်။ Apple Watch Ultra မှာ အသုံးပြုထားတဲ့ Dual Frequency GPS ကို အသုံးပြုထားတာကြောင့် အဆောက်အဦးတွေနဲ့ ကွယ်နေချိန်မှာတောင် ပိုမိုတိကျတဲ့ GPS လုပ်ဆောင်ချက်ကို ရရှိနိုင်မှာပါ။

Crash Detection on iPhone 14 Pro

iPhone 14 Pro ကို ဝယ်ယူသင့်လား

အားလုံးကို ခြုံငုံသုံးသပ်ရရင်တော့ iPhone 14 Pro မှာ Always-On Display ပါဝင်လာတာ၊ Notch အစား Dynamic Island ပါဝင်လာတာ၊ နောက်ကျောဘက် Main Camera မှာ 48MP Sensor ပါဝင်လာတာ တွေပဲဖြစ်ပြီး တခြားလုပ်ဆောင်ချက်တွေကတော့ iPhone 13 Pro မှာနဲ့ အတူတူနီးပါးပဲ ဖြစ်ပါတယ်။ A16 Bionic Chip ကို တပ်ဆင်ထားပေမယ့် ထူးထူးခြားခြား ပိုမိုကောင်းမွန်သွားတာမျိုးမဟုတ်ဘဲ ကင်မရာပိုင်းဟာလည်း အရမ်းကြီး ကောင်းမွန်သွားတာမျိုး မရှိပါဘူး။ iPhone 13 Pro ရှိပြီးသားသူတွေအနေနဲ့ iPhone 14 Pro ကို ထပ်မံဝယ်ယူဖို့အထိ ကောင်းမွန်လာခြင်းမရှိဘူးလို့ ပြောရမှာပါ။ iPhone 12 Pro ကို သုံးနေသူတွေအနေနဲ့တောင် iOS16 ကို မြှင့်တင်ပြီး လုပ်ဆောင်ချက်အသစ်တွေနဲ့ ဆက်လက်အသုံးပြုနိုင်ပါသေးတယ်။ iPhone 11 နဲ့ ရှေ့ပိုင်းဖုန်းတွေကို အသုံးပြုနေသူတွေအတွက်တော့ iPhone 14 Pro ကို အဆင့်မြှင့်မယ်ဆိုရင် မြှင့်သင့်ချိန်ဖြစ်ပါတယ်။ ဒါပေမယ့် နောက်နှစ်မှာထွက်မယ့် iPhone 15 မှာ USB-C ပါဝင်လာနိုင်သလို Periscope Zoom Lens လုပ်ဆောင်ချက်လည်း ပါဝင်လာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ရှိထားပြီးဖြစ်တာကြောင့် ၁ နှစ်လောက် ဆက်လက်စောင့်မယ်ဆိုရင်လည်း မမှားဘူးလို့ ဆိုရမှာပါ။ နှစ်တိုင်း iPhone အသစ်ကို ပြောင်းလဲသုံးနေသူတွေ၊ ငွေကြေးတတ်နိုင်သူတွေအနေနဲ့ကတော့ iPhone 14 Pro ကို ဝယ်ယူကြမှာဖြစ်လို့ ထွေထွေထူးထူးပြောနေစရာမရှိပေမယ့် ဒီနှစ်ထွက်မယ့် iPhone 14 Pro ကို သုံးသပ်ချက်တွေကြည့်ပြီးမှ ဝယ်ယူမယ့်သူတွေ၊ တခါတလေမှ ဖုန်းပြောင်းတတ်တဲ့သူတွေအနေနဲ့ကတော့ ၁ နှစ်လောက် ဆက်စောင့်ပြီး iPhone 15 Pro ကိုပဲ ဝယ်ယူသင့်ပါတယ်။

iPhone 14 Pro (Photo: The Verg)

iPhone 14 Pro Price in Myanmar

စျေးနှုန်းအနေနဲ့ မပြောင်းလဲဘူးဆိုပေမယ့်လည်း ဒီစျေးနှုန်းဟာ US စျေးကွက်မှာပဲ ဖြစ်ပြီး တခြားစျေးကွက်တော်တော်များများမှာ စျေးပိုပေးရတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာတော့ iPhone 14 Pro ရဲ့ စျေးဟာ ဘယ်လောက်ကျသင့်မလဲကြေငြာထားတာတွေ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံမှာ ရောင်းချတဲ့ iPhone တွေရဲ့ စျေးနှုန်းဟာ Singapore Apple Online Store မှာ ရောင်းချတဲ့ စျေးနှုန်းနဲ့တော်တော်လေးတူတာကြောင့် iPhone 14 Pro 128GB ရဲ့ စျေးနှုန်းဟာ စင်္ကာပူဒေါ်လာ ၁၆၅၀ ခန့် ကျသင့်နိုင်မှာဖြစ်ပါတယ်။ မြန်မာကျပ်နဲ့ဆိုရင်တော့ ဒေါ်လာစျေးပေါ်မူတည်ပြီး သိန်း ၄၀ ဝန်းကျင် ကျသင့်နိုင်ပါတယ်။

Back to top button