AndroidNews

Galaxy S7 နဲ့ S7 Edge မှာ micro USB ပေါက် ရေစိုနေပါက အားသွင်းခွင့်ဖြတ်တောက်

Samsung S7 နဲ့ S7 Edge နှစ်မျိုးလုံး ရေစိုခံတာ သိပြီးဖြစ်မှာပါ။ ဒီတစ်ခါမှာတော့ S5 လိုမျိုး USB Port ကို ပိတ်ထားစရာ Cover မလိုတော့ပါဘူး။ ဒီအတွက် ဖုန်းကို ရေစိုပြီးချိန်မှာ မလိုအပ်တဲ့ ပြဿနာတွေ မဖြစ်အောင် ရေခြောက်အောင်ထားပြီးမှ အားသွင်းဖို့ သတိပေးထားပါတယ်။

ဒါပေမဲ့ Samsung အနေနဲ့ သေချာအောင်လည်း Safeguard ထည့်ပေးထားပါသေးတယ်။ XDA က Member တစ်ယောက်က သူ့ရဲ့ S7 ကို အားသွင်းအပြီး ရေထဲမှာ ဓာတ်ပုံရိုက်ချင်လို့ Charger ကိုဖြုတ်ပြီး ရေထဲ ဓာတ်ပုံရိုက်ပါတယ်။ ရိုက်ပြီး အားပြန်သွင်းတဲ့အခါ ” Moisture [has been] detected in the charging port.” ဆိုတဲ့ စာတန်းပေါ်လာပြီး အားသွင်းလို့မရအောင် ပိတ်ထားပါတယ်။ ရေမခြောက်မချင်း အားပြန်သွင်းလို့ မရသေးတဲ့အတွက် Sensor အနေနဲ့ တော်တော်ကောင်းမွန်စွာ အလုပ်လုပ်တယ်လို့ ပြောဆိုနေကြပါတယ်။

“Moisture [has been] detected in the charging port.”

 

Back to top button