AndroidNews

Xiaomi ရဲ့ မျက်နှာပြင်ပြည့် Gesture ဟာ Software Buttons တွေမပါတော့မယ့် အနာဂတ်ကို ဦးတည်နေသလား

 

Apple ဟာ iPhone X မှာ Home Button ကို ဖြုတ်ပစ်ခဲ့ပြီး Gesture လို့ခေါ်တဲ့ လက်နဲ့ လှုပ်ရှားထိန်းချုပ်တဲ့ စနစ်ကို အစားထိုး သုံးစွဲခဲ့ပါတယ်။ အဲ့ဒီလိုပဲ Xiaomi ဟာလည်း သူ့ရဲ့ MIUI 9 နောက်ဆုံး Update မှာ iPhone X မှာလို Gesture နဲ့ ထိန်းချုပ်လို့ရအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။

“ဖုန်းရဲ့ အောက်ခြေကနေ အပေါ်ဘက်ကို ပွတ်ဆွဲလိုက်ရင် Home ကို ရောက်သွားမှာဖြစ်ပြီး ဖုန်းရဲ့ အောက်ခြေကနေ အပေါ်ကို ပွတ်ဆွဲရင်း ခဏလေး ရပ်ထားလိုက်မယ်ဆိုရင် Recent Apps ကို ရောက်သွားမှာ ဖြစ်ပါတယ်”

နောက်ဆုံး Update နဲ့အတူ Full Display Gesture ဆိုတာကို ထည့်သွင်းပေးခဲ့ပါတယ်။ ဒါဟာ iPhone X ရဲ့ Gesture ကို ကွန့်မြူးထားတာလို့ ပြောလို့ရပါတယ်။ ဥပမာအနေနဲ့ ဖုန်းရဲ့ အောက်ခြေကနေ အပေါ်ဘက်ကို ပွတ်ဆွဲလိုက်ရင် Home ကို ရောက်သွားမှာဖြစ်ပြီး ဖုန်းရဲ့ အောက်ခြေကနေ အပေါ်ကို ပွတ်ဆွဲရင်း ခဏလေး ရပ်ထားလိုက်မယ်ဆိုရင် Recent Apps ကို ရောက်သွားမှာ ဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ ဖုန်းရဲ့ ဘယ်ဘက် သို့မဟုတ် ညာဘက်ကနေ ဖုန်းရဲ့အလယ်ကို ဆွဲလိုက်မယ်ဆိုရင် အရင်စာမျက်နှာကို ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

ဒါဟာ Xiaomi အနေနဲ့ အနာဂတ်မှာ ဖုန်းရဲ့အောက်ခြေက Software Buttons တွေမပါတော့မယ့် ဖုန်းတွေအတွက် ကြိုတင်ချပြလိုက်တာလို့ ထင်ရပါတယ်။ ဒါပေမယ့် ဘယ်ဖုန်းမှာ စတင်ပါဝင်လာမလဲဆိုတာကတော့ ခန့်မှန်းလို့ မရသေးပါဘူး။

သုံးစွဲကြမယ့် လူတွေအတွက်ကတော့ ဒါတွေဟာ အရင်က သုံးစွဲနေကျမဟုတ်တဲ့ Input Method အသစ်တွေဖြစ်လို့ ကြိုက်နှစ်သက်ကြဖို့ ခက်နေဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ဒါတွေနဲ့ နေသားတကျဖြစ်လာပြီး အရင်က Software Buttons တွေနဲ့ အသုံးပြုခဲ့ကြတာတွေကို ပြန်တွေးကောင်း တွေးနေမိမှာပါ။

လောလောဆယ်မှာတော့ Xiaomi Mi Mix, Mi Mix 2, Redmi 5 နဲ့ Redmi 5 Plus ဖုန်းတွေမှာ စတင်သုံးစွဲနိုင်မှာဖြစ်ပါတယ်။ MIUI 9 ရဲ့ Beta အသစ်ကိုလည်း မကြာခင် ရရှိတော့မှာဖြစ်ပါတယ်။

Ref: Android Authority

Back to top button