AndroidAppsNews

2017 Model Samsung Galaxy A5, A7 Update မှာ Selfie Focus အပါအ၀င် Camera နဲ့ပတ်သက်တဲ့ Feature သစ်တွေ ပါဝင်လာပါတယ်

Samsung အနေနဲ့ Galaxy A5 (2017) နဲ့ Galaxy A7 (2017) တို့အတွက် နောက်ဆုံး Update မှာ Camera နဲ့ပတ်သက်တဲ့ Feature အသစ်တွေ ထပ်မံ ထည့်သွင်းပေးခဲ့ပါတယ်။ ဒါဟာ သုံးစွဲသူတွေအနေနဲ့ Major Android Update ကို စောင့်စရာမလိုဘဲ Feature အသစ်တွေ သုံးစွဲခွင့်ရလို့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်လို့ ပြောလို့ ရပါတယ်။

ဒီ Feature အသစ်တွေထဲမှာ Front Facing Camera အတွက် Selfie Focus Mode ဟာ သိသာကောင်းမွန်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။2017  Galaxy A sereis မှာ Dual Camera ပါဝင်လာခြင်းမရှိပါဘူး။ ဒါကြောင့် ဒီ Mode ဟာ Samsung ရဲ့ အဓိကထုတ်ကုန် စမတ်ဖုန်းတွေမှာ ပါဝင်တဲ့ Selective Focus ကို အသုံးပြုထားပါတယ်။ Selfie Focus Mode ကို ရွေးချယ်ပြီး ပုံရိုက်လိုက်တာနဲ့ လက်နဲ့ ထိတွေ့ ရွေးချယ်စရာမလိုဘဲ အလိုအလျောက် နောက်ခံ Background ကို ၀ါးပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်ပြီးချိန်မှာ Background Blur ကိုတော့ ထပ်မံ ချိန်ညှိနိုင်မှာမဟုတ်ပါဘူး။ ဒီ Mode ဟာ အလင်းရောင်အလုံအလောက်ရှိနေချိန်မှာ ကောင်းမွန်စွာ အလုပ်လုပ်တာတွေ့ရပါတယ်။

ဒီ Update မှာ Front Facing Camera အတွက် အသားအရေအလိုက် အရောင်ချိန်ညှိဖို့ ရွေးချယ်စရာတွေလည်း ပါဝင်လာပါတယ်။ ဒါအတွက် Beauty Effect icon ကို နှိပ်ပြီး ရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် နောက်ဘက် အဓိက ကင်မရာအတွက်လည်း Augmented Reality (AR) Sticker နဲ့ Stamp တွေလည်း ပါဝင်လာပါတယ်။ နောက်ပြီး Samsung ဖုန်းတွေအတွက်ထုတ်လုပ်ထားတဲ့ Security Update လည်း ပါဝင်ပါတယ်။

ဒါကြောင့် Galaxy A5 (2017) နဲ့ Galaxy A7(2017) သုံးစွဲသူတွေအနေနဲ့ မိမိဖုန်းမှာ Update ရပြီလားဆိုတာကို Setting ကနေ Software Update မှာ သွားရောက်ကြည့်ရှုပြီး စမ်းသပ်သင့်ပါတယ်။ မရသေးဘူးဆိုရင်တော့ မကြာခင် ရက်အနည်းငယ်အတွင်း ရရှိလာပါလိမ့်မယ်။

Back to top button