AndroidNews

Redmi Note 5 Pro နဲ့ Redmi Note 5 ကို Xiaomi မိတ်ဆက်

Xiaomi အနေနဲ့ Redmi Note 5 နဲ့ Redmi Note 5 Pro စမတ်ဖုန်း အသစ်နှစ်မျိုးကို တရားဝင် မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီမိတ်ဆက်ပွဲကို အိန္ဒိယမှာ မိတ်ဆက်ပေးခဲ့ပြီး ဈေးနှုန်းအနေနဲ့ Redmi Note 5 အတွက် ၁၅၅ ဒေါ်လာခန့် ကနေ စတင်မှာဖြစ်ပါတယ်။ Redmi Note 5 Pro ကတော့ ၂၁၈ ဒေါ်လာကနေ စတင်မှာဖြစ်ပါတယ်။

Redmi Note 5 Pro အနေနဲ့ Redmi Note 5 လိုပဲ 5.99 လက်မ Display ပါဝင်ပြီး Snapdragon 635 Processor ကို တပ်ဆင်ထားပါတယ်။ RAM အနေနဲ့ 4GB ဒါမှမဟုတ် 6GB ရွေးချယ်နိုင်ပြီး Storage အနေနဲ့ 64GB ပါဝင်ပါတယ်။ နောက်ကျောဘက်မှာ Dual Camera ပါဝင်ပြီး 12MP f/2.2 ကင်မရာနဲ့အတူ Depth Sensor အတွက်  5MP f/2.0 Camera ပါဝင်ပါတယ်။ Selfie အတွက် 20MP Camera ကို LED Flash နဲ့ အတူ တပ်ဆင်ပေးထားပါတယ်။ ဒါ့အပြင် ဒီဖုန်းမှာ Face Unlock ပါ ပါဝင်ပြီး Xiaomi အတွက် ပထမဆုံး Face Unlock ပါဝင်တဲ့ ဖုန်းတစ်လုံး ဖြစ်ပါတယ်။

Battery အနေနဲ့ Redmi Note 5 လိုပဲ 4000 mAh Battery ပါဝင်ပြီး Fast Charging နဲ့ USB C တော့ ပါဝင်ခြင်း မရှိပါဘူး။ Android Nougat ပေါ် အခြေခံထားတဲ့ MIUI 9 တပါတည်း ပါဝင်မှာ ဖြစ်ပါတယ်။ အရောင်တွေ အနေနဲ့ Black, Gold, Rose Gold နဲ့ Blue ၄ မျိုး ရှိနိုင်ပါတယ်။

Redmi Note 5 အနေနဲ့ အိန္ဒိယအတွက်တော့ Redmi 5 Plus ကို ပြန်လည် ဆန်းသစ်ထားတာ ဖြစ်ပါတယ်။ 18:9 အချိုးရှိပြီး  5.99 လက်မရှိတဲ့ Display မှာ 2160×1080 pixel resolution ရှိပါတယ်။ Display ရဲ့ ထောင့်တွေဟာ လုံးဝန်းပြီး အနည်းငယ် ကွေးညွှတ်တဲ့ 2.5D Glass နဲ့ ပြုလုပ်ထားပါတယ်။ Snapdragon 625 Processor နဲ့အတူ RAM 3GB/ 32GB Storage ဒါမှမဟုတ် RAM 4GB/ 64GB  Storage ကို ရွေးချယ်နိုင်ပါတယ်။ နောက်ကျောဘက်မှာ 12MP f/2.2 ကင်မရာပါဝင်ပြီး မျက်နှာချင်းဆိုင်မှာတော့ 5MP ကင်မရာကို LED Flash နဲ့ အတူ တပ်ဆင်ပေးထားပါတယ်။ ဒီဖုန်းကို MIUI 9 နဲ့ဖြန့်ချိမှာဖြစ်ပြီး Battery အနေနဲ့ 4000mAh ပါဝင်ပါတယ်။ ဒါပေမယ့် Fast Charging နဲ့ USB C တော့ မပါဝင်ပါဘူး။ အရောင်တွေအနေနဲ့ Black, Gold, Rose Gold, Blue တို့ဖြင့် ရရှိနိုင်ပါတယ်။

Source
GSMArena
Back to top button