AndroidNews

Dual Camera ပါဝင်တဲ့ Xiaomi Mi Mix 2S ရဲ့ ဓာတ်ပုံ ပေါ်ထွက်

Xiaomi ရဲ့ Mi Mix ဖုန်းတွေဟာ ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းတွေနဲ့ ပေါ်ထွက်ခဲ့ပေမယ့် Camera ပိုင်းမှာတော့ နောက်ကျ ကျန်ခဲ့တာ တွေ့ရပါတယ်။ အခုတော့ ဒါကို ပြောင်းလဲတော့မယ်လို့ ယူဆရပါတယ်။ Xiaomi Mi Mix 2S မှာ Dual Camera ပါဝင်မယ်လို့ ကောလဟလ သတင်းတွေအရ သိရပေမယ့် ဘယ်နေရာမှာ ဘယ်လို တပ်ဆင်ထားမလဲဆိုတာ သေချာ မသိကြပါဘူး။

ပေါက်ကြားထွက်ပေါ်လာတဲ့ Xiaomi Mi Mix 2S

အရင်က ပေါက်ကြားခဲ့တဲ့ဓာတ်ပုံထဲမှာ ကင်မရာဟာ ဖုန်းရဲ့နောက်ကျော အလည်ပိုင်းမှာ တည်ရှိနေပြီး LED Flash ကနေ ကင်မရာနှစ်လုံးကို ခြားထားပါတယ်။ အခု နောက်ဆုံးထွက်ပေါ်လာတဲ့ ဓာတ်ပုံမှာတော့ ကင်မရာတွေဟာ iPhone X မှာလိုမျိုး တပ်ဆင်ထားတာ တွေ့ရပါတယ်။

ကင်မရာကို ဖုန်းနောက်ကျော အလည်ပိုင်းမှာ ထားတာကို သဘောကျပေမယ့် အခုပုံအရ Xiaomi Redmi Note 5 Pro မှာတပ်ဆင်ထားပုံနဲ့ တူတာကြောင့် ဒါဟာ ဖြစ်နိုင်ခြေရှိတယ်လို့ ပြောရမှာပါ။ ဒီပုံမှာတော့ ရှေ့ဘက် Selfie Camera ရဲ့ တည်နေရာကို ပြသထားခြင်းမရှိပါဘူး။ Xiaomi Mi Mix 2S ကို မတ်လ ၂၇ ရက်နေ့မှာ မိတ်ဆက်ပေးဖို့ ရှိပြီး Dual Camera အပြင် တခြား အဆင့်မြှင့်တင်မှုတွေနဲ့အတူ Snapdragon 845 လည်း ပါဝင်ဖို့ ရှိပါတယ်။

 

Source
GSMArena
Back to top button