AppleNews

လာမယ့် iPhone တွေရဲ့ Front Camera တွေကို Coating တမျိုးနဲ့ ဖုံးကွယ်ထားနိုင်တော့မည်

iPhone Camera Lens တွေကို ထောက်ပံ့ပေးနေတဲ့ Largan Precision ကနေ အထူး Coating တမျိုးကို ဖန်တီးနေပြီး ဒီ Coating ဟာ iPhone တွေရဲ့ ရှေ့ဖက်ကင်မရာကို ဖုန်းကွယ်ထားနိုင်တော့မယ်လို့ ဆိုပါတယ်။ 

GF Securities က ဈေးကွက်လေ့လာသုံးသပ်သူ Jeff Pu ရဲ့ လေ့လာချက်အရ စမတ်ဖုန်းထုတ်လုပ်သူ တယောက်သို့မဟုတ် နှစ်ယောက်လောက်က လာမယ့် ၂၀၂၀ လောက်မှာ ဒီနည်းပညာကို ထုတ်လုပ်အသုံးပြုနိုင်လိမ့်မယ်လို့ ထိုင်ဝမ်သတင်းစာတွေဖြစ်တဲ့ Economic Daily News နဲ့ MoneyDJ တို့က ဖော်ပြခဲ့ပါတယ်။ Largan အနေနဲ့ Apple နဲ့ အရင်ကတည်းက ဆက်စပ်မှုရှိနေခဲ့တာကြောင့် ဒီ အထူး Coating ကို လာမယ့် iPhone တွေအတွက် အသုံးပြုနိုင်ပါတယ်။

Economic Daily News ရဲ့ သတင်းအရ ဒီ Coating ဟာ ရှေ့ဖက်ကင်မရာကို လုံးဝ ကွယ်ပျောက်သွားအောင် လုပ်ဆောင်ပေးနိုင်လိမ့်မယ်လို့ ဆိုပါတယ်။ MoneyDJ ရဲ့ သတင်းမှာတော့ ဒီ Coating ဟာ လုံးဝ အနက်ဖြစ်နေပြီး iPhone X နဲ့ နောက်ပိုင်းဖုန်းတွေမှာ ပါတဲ့ Notch အတွင်းကမြင်နေရတဲ့ ကင်မရာအပါအ၀င် နေရာတွေကို ဖုံးကွယ်ထားနိုင်မယ်လို့ ဆိုပါတယ်။

ရှေ့ဖက်ကင်မရာကို iPhone X နဲ့ နောက်ပိုင်းဖုန်းတွေမှာ Notch နဲ့ ရောနေအောင် လုပ်ထားနိုင်ပြီဖြစ်ပေမယ့် ထောင့်တနေရာရာကနေ ကြည့်မယ်ဆိုရင် ဒါမှမဟုတ် တချို့ အလင်းရောင် အခြေအနေအောက်မှာမြင်နေနိုင်ပါသေးတယ်။ 

Apple ရဲ့ Design အကြီးအကဲ Jony Ive အနေနဲ့ iPhone တွေကို ဖန်တုံးတခုလိုဖြစ်နေစေချင်တဲ့ စိတ်ကူး အရင်ကတည်းက ရှိနေခဲ့ပါတယ်။ အခု ရှေ့ဖက်ကင်မရာကို ဖုန်းကွယ်ဖို့ဟာ သေးငယ်တဲ့ အပြောင်းအလဲ တခုဖြစ်ပေမယ့် သူ့အိပ်မက်ကို တဖြည်းဖြည်းချင်း အကောင်အထည်ဖော်နေတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး ရှေ့ဖက်ကင်မရာကို ပျောက်သွားအောင် ဖုန်းကွယ်ထားမယ်ဆိုတဲ့ သတင်းဟာ အခုမှ ပထမဆုံး ကြားရတာဖြစ်တာကြောင့် တကယ်ဖြစ်လာမလား၊ ကောလဟလတွေလားဆိုတာ သေချာမသိနိုင်သေးပါဘူး။ 

Back to top button