AndroidNewsSamsung

Galaxy Z Fold 2 ရဲ့ ပုံရိပ်များ ထွက်ပေါ်

Samsung အနေနဲ့ လွန်ခဲ့တဲ့နှစ်က Galaxy Fold အကြောင်းကို သတင်းတွေ မပေါက်ကြားအောင်အတော်လေး ဖုံးဖိထားနိုင်ခဲ့ပေမယ့် ဒီနှစ်မှာထွက်မယ့် သူ့ရဲ့ မျိုးဆက်သစ် Galaxy Z Fold 2 အကြောင်းကိုတော့ လုံခြုံအောင် ဖုံးဖိမထားနိုင်ခဲ့ပါဘူး။ Galaxy Z Fold 2 ရဲ့ ပုံရိပ်အပြည့်အစုံ Online ပေါ်မှာ ပေါက်ကြားခဲ့ပါတယ်။

အရင်က မှုန်ဝါးဝါး ဓာတ်ပုံတွေကိုပဲ Online မှာ ထွက်ပေါ်လာခဲ့ပြီး ဒီနေ့တွေ့ရတဲ့ပုံရိပ်တွေကတော့ Galaxy Z Fold 2 ဘယ်လိုပုံစံရှိမလဲဆိုတာကို ထင်ထင်ရှားရှားတွေ့မြင်ရတာပဲဖြစ်ပါတယ်။

MySmartPrice က ရရှိခဲ့တဲ့ ပေါက်ကြားချက်တွေအရ Galaxy Z Fold 2 အနေနဲ့ အရင် Galaxy Fold ထက် ဒီဇိုင်းပိုင်းအနေနဲ့ သိသိသာသာ ပိုမိုကောင်းမွန်လာမယ်လို့ ဆိုပါတယ်။ အရင်ဖုန်းမှာ ပါဝင်ခဲ့တဲ့ Notch နေရာမှာလည်း Screen ကို ဖောက်ထည့်ထားတဲ့ Pinch-hole Camera အစားထိုးပါဝင်လာမယ်လို့ဆိုပါတယ်။ ဒါ့အပြင် အပြင်ဘက်မှာရှိတဲ့ Screen ရဲ့ ဘေးအနားတွေကိုလည်း ပိုမိုသေးငယ်သွားအောင် လုပ်လိုက်နိုင်တာကြောင့် ပိုပြီးကြီးမားတဲ့ Display ကို ထည့်သွင်းပေးနိုင်လာတယ်လို့ ဆိုပါတယ်။

Notch ကို ဖယ်ထုတ်လိုက်နိုင်တာကြောင့် Samsung အနေနဲ့ ဖုန်းဆိုဒ်ကို ပိုကြီးမားအောင် လုပ်စရာမလိုဘဲ Display ရဲ့အရွယ်အစားကို ပိုကြီးအောင် လုပ်လာနိုင်ခဲ့တယ်လို့ဆိုပါတယ်။ Fingerprint Sensor ကိုလည်း အရင်ဖုန်းမှာလိုပဲ ဘေးမှာတပ်ဆင်ပေးထားတယ်လို့ သိရပါတယ်။ နောက်ကျောဘက် ကင်မရာသုံးလုံးကိုတော့ အရွယ်အစားတူ ထည့်သွင်းပေးထားတာတွေ့ရပါတယ်။

အရင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Galaxy Z Fold 2 အနေနဲ့ 6.23 လက်မရှိတဲ့ Super AMOLED Cover Display ပါဝင်ပြီး အတွင်းဘက်မှာတော့ ခေါက်သိမ်းလို့ရမယ့် 7.7 လက်မ Super AMOLED Diaplay ပါဝင်မယ်လို့ဆိုပါတယ်။ ဒီ 7.7 လက်မှ Screen ရဲ့ Refresh Rate ဟာ 120Hz ရှိမယ်လို့ဆိုတယ်။ ကင်မရာပိုင်းအနေနဲ့ 64MP+12MP+12MP Sensor တွေ ပါဝင်လာမယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 10MP Selife ကင်မရာကိုတော့ အတွင်းဘက် ခေါက်လို့ရတဲ့ Display မှာ Punch-hole Camera အနေနဲ့ Display ကို ဖောက်ပြီး ထည့်သွင်းပေးထားပါတယ်။ Battery Capacity အနေနဲ့ နှစ်ဘက်ပေါင်းလိုက်ရင် 4356mAh ရှိပြီး 15W Charger နဲ့ အားသွင်းနိုင်မယ်လို့ ဆိုပါတယ်။ အရောင်တွေအနေနဲ့ Mystic Black နဲ့ Mystic Bronze ဆိုပြီး လာမယ်လို့ ဆိုပါတယ်။

Samsung အနေနဲ့ Galaxy Z Fold 2 ကို လာမယ့် August 5 ရက်မှာကျင်းပမယ့် Virtual Galaxy Unpacked ပွဲမှာ မိတ်ဆက်ပေးမယ်လို့ မျှော်လင့်ရပါတယ်။ သတင်းတွေအရ ဒီ Galaxy Z Fold 2 ရဲ့ စျေးနှုန်းဟာ အရင် ဖုန်းလိုပဲ ဒေါ်လာ ၁၉၈၀ ခန့်ကျသင့်မယ်လို့ဆိုနေကြပါတယ်။

Via
Sammobile
Source
MySmartPrice
Back to top button