AppleNews

iPhone 13 တွေရဲ့ Notch ဟာ ဘယ်လောက်ထိ သေးသွားလဲ

မကြာသေးခင်က မိတ်ဆက်ပေးခဲ့တဲ့ iPhone 13 တွေမှာ Notch ကို အရင်ကထက် ၂၀% ပိုမိုသေးငယ်အောင် ပြုလုပ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါဟာ Notch စတင်ပါဝင်လာတဲ့ iPhone X ကတည်းက ပထမဆုံး အပြောင်းအလဲဖြစ်ပါတယ်။

Photo : 9to5Mac

၂၀% သေးငယ်လာတဲ့ Notch ဟာ အမြင့်အားဖြင့်တော့ အနည်းငယ်ပိုမြင့်လာပါတယ်။ ခန့်မှန်းခြေ 1mm လောက် ပိုမြင့်လာတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပုံမှန်သုံးနေချိန်မှာ မသိသာပါဘူး။ အရင်က Notch နဲ့ ဘယ်လောက်ကွာလဲဆိုတာ သိရအောင် iPhone 13 နဲ့ iPhone 12 ကို ထပ်ကြည့်ထားတဲ့ပုံကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Photo : 9to5Mac

ပုံကို ကြည့်ခြင်းအားဖြင့် Notch ရဲ့ အကျယ်ဟာ အနည်းငယ်သိသာလောက်တဲ့အထိ သေးငယ်သွားတာတွေ့ရပြီး အမြင့်ကတော့ သိပ်မသိသာပါဘူး။ iPhone 13 မထွက်ခင်က ပေါက်ကြားလာတဲ့ သတင်းတွေအရတော့ iPhone 14 မှာ Notch ပါဝင်မလာဘဲ Screen အပြည့်မှာ Punch Whole Camera နဲ့ ပါဝင်လာမယ်လို့ ဆိုပါတယ်။ iPhone 14 ထွက်ဖို့ တနှစ်လောက်လိုနေသေးချိန်မှာ ဒီသတင်းက ဖြစ်နိုင်ဖို့တော့ ခဲယဉ်းပါတယ်။

Back to top button