AppleNews

iPhone 16 Model တွေမှာ Under-Display FaceID ပါဝင်လာမည်ဟုဆို

ဒီနှစ်ကုန်ပိုင်းမှာ ထွက်မယ့် iPhone 14 Model တွေရဲ့ အချက်အလက်တွေ အပူတပြင်းပေါက်ကြားနေချိန်မှာပဲ Apple Product တွေအကြောင်း လေ့လာသုံးသပ်သူ Ming-Chi Kuo အနေနဲ့ 2024 မှာထွက်မယ့် iPhone Model တွေအကြောင်း ပြောကြားလာပါတယ်။ Twitter ပေါ် တင်ခဲ့တဲ့ Tweet တခုမှာ ဒီ Under-Display FaceID ပါဝင်လာမယ့်အကြောင်း ရေးသားထားတာပါ။ သူ့အဆိုအရ လာမယ့် 2024 မှာထွက်မယ့် iPhone Model အမြင့်တွေမှာ Display အောက်မှာ တပ်ဆင်ထားမယ့် FaceID ပါဝင်လာမယ်လို့ဆိုပါတယ်။ ဒါဟာ iPhone 16 Pro တွေကို ရည်ညွှန်းတာ ဖြစ်နိုင်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်တုန်းကလည်း လာမယ့် iPhone 16 တွေမှာ Under-Display FaceID ပါဝင်လာမယ့်အကြောင်း လေ့လာသုံးသပ်သူ Ross Young က အတည်ပြုခဲ့ဖူးပါတယ်။ အဲ့ဒီတုန်းကအဆိုအရ “iPhone 16 Model တွေမှာ Under-Display FaceID ပါဝင်လာမှာဖြစ်ပြီး ဒီတခါမှာတော့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲတွေကြောင့်မဟုတ်ဘဲ Marketing ပိုင်းဆိုင်ရာ ရည်ရွယ်ချက်တွေကြောင့်ဖြစ်တယ်လို့ ဆိုခဲ့ဖူးပါတယ်။

အခုလောလောဆယ်မှာတော့ ပေါက်ကြားလာတဲ့ ကောလဟလသတင်းတွေအရ iPhone 14 Proတွေမှာ ဆေးတောင့်ပုံစံနဲ့ အပေါက်တခု ပူးတွဲပါဝင်တဲ့ “Whole Punch + Pill Design” နဲ့ ထွက်လာလိမ့်မယ်လို့ ဆိုပါတယ်။ အဲ့ဒီနောက်ထွက်မယ့် iPhone 15 Model အားလုံးမှာတော့ ဒီပုံစံဒီဇိုင်းနဲ့ ထွက်လာလိမ့်မယ်လို့ Kuo က ဆိုပါတယ်။

2024 မှာထွက်မယ့် High-end iPhone တွေမှာ Screen အပြည့်ဒီဇိုင်းနဲ့လာမှာဖြစ်ပြီး Camera ရော၊ FaceID ပါ Display ရဲ့အောက်မှာ မြှုပ်ထားမယ်လို့ ဆိုပါတယ်။ ဒီအတွက် ရှေ့ဘက် Selfie Camera ဟာ အလင်းရောင်နည်းတဲ့အချိန်တွေမှာ ကင်မရာအရည်အသွေး လျော့နည်းနိုင်ပြီး ဒါကို ဖြေရှင်းဖို့ ISP (Image Signal Processor) နဲ့ Algorithm ပိုင်းတွေဟာ မရှိမဖြစ် အရေးပါလာလိမ့်မယ်လို့ ဆိုပါတယ်။

ဒီအချက်အလက်အနည်းငယ်ကလွဲပြီး လာမယ့် iPhone 16 မှာ ဘာတွေပါလာမလဲဆိုတာ မသိရသေးပါဘူး။ ယခုလောလောဆယ်မှာတော့ 2023 မှာထွက်မယ့် iPhone Pro Model တွေမှာ Periscope Lens ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ထားပါတယ်။ (Periscope Lens ဆိုတာ Samsung Phone တချို့နဲ့ တခြား Android Flagship ဖုန်းတချို့မှာ ပါဝင်တဲ့ Tele zoom Lens တမျိုးဖြစ်ပြီး ဖုန်းတွေလို ပါးလွှာတဲ့ Device အသေးတွေမှာ Tele zoom Lens ကို Periscope ပုံစံ ထည့်ထားတာဖြစ်ပါတယ်။)

iPhone 14 Model တွေမှာတော့ iPhone 13 တွေမှာပါတဲ့ A15 Bionic Chip ကိုပဲ တပ်ဆင်ပေးထားမှာဖြစ်ပြီး Pro Model တွေမှာပဲ A16 Processor ပါဝင်လာမယ်လို့ သတင်းတွေ ထွက်ပေါ်ထားပါတယ်။ ရှေ့ဘက် Sefie Camera မှာလည်း တိုးတက်မှုတွေပါဝင်လာမယ်လို့ သတင်းတွေ ပေါက်ကြားထားပါသေးတယ်

Back to top button