AndroidNews

What’s New With Android 8.0 Oreo : Part 2

New Edge Lighting Effect

Galaxy S8 နဲ့ S8+ တို့မှာ စတင်ပါဝင်ခဲ့တဲ့ Edge Lighting Feature အတွက် ရွေးချယ်စရာ Option အသစ်တွေကို Android 8.0 Oreo မှာ ထပ်မံ ထည့်သွင်းပေးခဲ့ပါတယ်။ ဒီ Feature ဟာ Samsung ရဲ့ Infinity Display ပါဝင်တဲ့ အဓိကထုတ်ကုန် စမတ်ဖုန်းတွေအားလုံးမှာ ရရှိနိုင်မှာပါ။ Notification အသစ်တစ်ခုဝင်လာတဲ့အခါမှာပြသဖို့ Lighting Effect အသစ် ၃ ခုကို ရွေးချယ်နိုင်ပြီဖြစ်ပါတယ်။ အရောင်စုံကို Display ပတ်ပတ်လည်မှာ လှည့်လည်ပြသတဲ့ အရောင်စုံ Lighting Effect ပါရှိသလို အလင်းရောင်လေး ထုတ်လွှတ်ပြီး ပြသပေးတဲ့ Glow Effect လည်း ပါဝင်ပါတယ်။ ဒါ့အပြင် အရောင်စုံကို တပြိုင်တည်း တလက်လက်ထုတ်လွှတ်ပြသပေးတဲ့ Glitter Effect လည်း ပါဝင်ပါတယ်။ ဒါ့အပြင် Nougat မှာလိုပဲ Wide နဲ့ Transparency ကိုလည်း စိတ်ကြိုက် ချိန်ညှိနိုင်ပါတယ်။ အရင်ကတည်းက ပါဝင်ထားတဲ့ စိတ်ကြိုက် အရောင်တခုကို ရွေးချယ်ခွင့်လည်း ပါရှိပါတယ်။

Photo: Sammobile

Back to top button