AndroidAppleAppsNews

2017 အတွင်း App တွေအတွက် သုံးစွဲမှုပေါင်း ဒေါ်လာ ၆၀ ဘီလျံနီးပါးရှိ

ထုတ်ပြန်ချက် တစ်ခုအရ App ၀ယ်ယူမှုတွေ၊ လစဉ်ကြေးတွေ၊ in-app ၀ယ်ယူမှုတွေကနေရရှိတဲ့ အမြတ်ငွေဟာ ၂၀၁၇ အတွင်း ၃၅% မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ Sensor Tower ကရရှိတဲ့ ကိန်းဂဏန်းတွေအရ 2017 အတွင်း Apple ရဲ့ App Store နဲ့ Google ရဲ့ Play Store မှာ App တွေအတွက် သုံးစွဲမှုပေါင်း ဒေါ်လာ ၆၀ ဘီလျံနီးပါး ရှိခဲ့ပါတယ်။

ဒီဈေးကွက်နှစ်ခု စုစုပေါင်းဟာ ၂၀၁၇ အတွင်း ဒေါ်လာ ၅၈.၇ ဘီလျံရှိခဲ့ပြီး ၂၀၁၆ က ၄၃.၅ ဘီလျံ ရဲ့ ၃၅% ပိုများခဲ့ပါတယ်

လွန်ခဲ့တဲ့ နှစ်တွေကအတိုင်း ဒီနှစ်လည်း Apple အနေနဲ့ App တွေကနေရရှိတဲ့ ၀င်ငွေဟာ Google ထက်ပိုသာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အတွင်း  iOS သုံးစွဲသူတွေဟာ App တွေအတွက် ဒေါ်လာ ၃၈.၅ ဘီလျံ အသုံးပြုခဲ့ကြပြီး Anroid သုံးစွဲသူတွေအနေနဲ့ကတော့ ဒေါ်လာ ၂၀.၁ ဘီလျံထိ ရှိခဲ့ပါတယ်။ iOS ဟာ App တွေ အတွက် သုံးစွဲမှုမှာ ဦးဆောင်နေတဲ့အပြင်  တိုးတက်မှုနှုန်းမှာလည်း ပိုမိုမြန်ဆန်တာ တွေ့ရပါတယ်။ App Store ရဲ့ ၀င်ငွေဟာ ၃၄.၇% တိုးတက်ခဲ့ပြီး Google Play ကတော့ ၃၄.၂% တိုးတက်ခဲ့ပါတယ်။

ဒီဈေးကွက်နှစ်ခု စုစုပေါင်းဟာ ၂၀၁၇ အတွင်း ဒေါ်လာ ၅၈.၇ ဘီလျံရှိခဲ့ပြီး ၂၀၁၆ က ၄၃.၅ ဘီလျံ ရဲ့ ၃၅% ပိုများခဲ့ပါတယ်။

App တွေကို ပထမဆုံးအကြိမ် Install လုပ်တဲ့ အရေအတွက်ဟာ ၂၀၁၇ အတွင်း ၁၃.၅% ခန့် တိုးတက်ခဲ့ပြီး Install လုပ်မှုပေါင်း ၉၁.၅ ဘီလျံထိ ရှိခဲ့ပါတယ်။ ဒါဟာ ဈေးကွက်သစ်တွေကနေ ၀င်ငွေ ကြီးကြီးမားမားရရှိလာတယ်ဆိုတာကို ညွှန်ပြနေပါတယ်။ ဖုန်းကိုင်လာနိုင်သူတွေ များလာလေလေ App တွေ ပိုပြီး Download လုပ်လာလေဖြစ်ပါတယ်။

Game တွေဟာလည်း ဒီနှစ်မှာ တိုးတက်ခဲ့ပါတယ်။ Game တွေရဲ့ ၀င်ငွေဟာ ၃၀% တိုးတက်ခဲ့ပြီး ဒါဟာ App တွေထက် အနည်းငယ် လျော့နည်းခဲ့ပေမယ့် ခန့်မှန်းခြေ ၄၈.၃ ဘီလျံခန့် ရရှိခဲ့ပါတယ်။ Game တွေအနေနဲ့ ၀င်ငွေအားဖြင့် တိုးတက်မှုနှုန်းဟာ တခြားသော Apps အမျိုးအစားတွေထက် နှေးပေမယ့် App အားလုံးဝင်ငွေရဲ့ ၈၂% ထိ ရှိနေပါသေးတယ်။ ၂၀၁၇ အတွင်း Download လုပ်ခဲ့တဲ့ ၃၅.၅ ဘီလျံ (၇၇%) မှာ ၂၇.၂ ဘီလျံဟာ Play Store ကနေ Download လုပ်ခဲ့တာဖြစ်လို့ Android ဟာ Gamer တွေအကြိုက် Platform ဖြစ်မယ်လို့ ယူဆရပါတယ်။

Ref: Android Authority, Sensor Tower

Back to top button