AndroidNews

Nokia 7 Plus ရဲ့ ဓာတ်ပုံတချို့ ပေါက်ကြားထွက်ပေါ်

အရင်နေ့က Nokia 7 ရဲ့ တရားဝင်ဖြန့်ချိမယ့် ဓာတ်ပုံတချို့ ပေါက်ကြားထွက်ပေါ်လာပြီးနောက် ဒီနေ့မှာတော့ နောက်ထပ် ဓာတ်ပုံတပုံ ထပ်မံ ပေါ်ထွက်လာပြန်ပါတယ်။ ဒီဖုန်းကို လာမယ့် MWC 2018 မှာ မိတ်ဆက်ပေးမယ်လို့ ယူဆရပြီး 18:9 အချိုးနဲ့ ပထမဆုံးပွဲထွက်လာမယ့် Nokia ဖုန်းဖြစ်လာမှာပါ။

ဓာတ်ပုံအရ Nokia 7 Plus အနေနဲ့ Nokia 6 မှာကတည်းက စတင်အသုံးပြုခဲ့တဲ့ UI HMD ကို ဆက်လက် သုံးစွဲမယ်လို့ ယူဆရပါတယ်။ ဖုန်း Screen ရဲ့ ဒေါင့်တွေဟာ အနည်းငယ် လုံးဝန်းနေပါတယ်။ ဒီ Screen ကို 2.5D Glass နဲ့ ဖုံးအုပ်ကာကွယ်ပေးထားပြီး Selfie ကင်မရာကိုပါ အကာအကွယ်ရရှိမှာ ဖြစ်ပါတယ်။

Nokia 7 Plus ဟာ Android Oreo နဲ့ ထွက်ပေါ်လာဖို့ရှိပြီး Snapdragon 660 Chipset နဲ့အတူ 4GB RAM ပါဝင်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ နောက်ကျောဘက်မှာ Dual Camera ကို Fingerprint Reader ရဲ့ အပေါ်ဘက်မှာ ဒေါင်လိုက် တပ်ဆင်ပေးထားပါတယ်။ အရောင်အနေနဲ့ အနည်းဆုံး Pearl White နဲ့ Black တို့ကို လိမ္မော်ရောင် အနားသပ်တွေနဲ့ ရရှိနိုင်ပါတယ်။

Source
GSMArena
Back to top button