AndroidFeaturedNews

Display ထဲမှာ Fingerprint Scanner ပါဝင်တဲ့ ပထမဆုံး စမတ်ဖုန်းကို Vivo မိတ်ဆက်

ဖုန်းရဲ့ Display ထဲမှာ Fingerprint Scanner ပါဝင်တဲ့ စမတ်ဖုန်းကို Vivo ကနေ CES 2018 ပြပွဲမှာ မိတ်ဆက်ခဲ့ပါတယ်။ ဒီနည်းပညာပါဝင်တဲ့ စမတ်ဖုန်းကို ထုတ်နိုင်အောင် ကြိုးစားနေကြတာ ကြာပြီဖြစ်ပေမယ့် အခုမှပဲ သုံးစွဲသူလက်ထဲ အရောက်ပို့နိုင်တော့မယ့် စမတ်ဖုန်းကို ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေရာကို လက်ချောင်းနဲ့ ထိလိုက်တာနဲ့ Sensor ဟာ လက်ချောင်းကို အလင်းပေးဖို့ Display ကို ဖွင့်လိုက်မှာဖြစ်ပါတယ်။ Display တခုလုံးမဟုတ်ဘဲ လက်ချောင်းနေရာကိုပဲ အလင်းပေးမှာဖြစ်ပါတယ်။ ပြီးရင် လက်ဗွေရဲ့ ပုံရိပ်ကို Optical Image Sensor တွေဆီကို ပို့ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်ဗွေရဲ့ အရာလေးတွေဟာ ဘယ်လောက်နီးလည်းဆိုတာလိုမျိုး မတူညီတဲ့ အချက်အလက် ၃၀၀ လောက်ကို ဖတ်နိုင်အောင် လေ့ကျင့်ပေးထားတဲ့ AI Processor ဆီကို ရောက်ရှိမှာဖြစ်ပါတယ်

ဖုန်းတွေရဲ့ Display တွေဟာ ဖုန်းရဲ့ ရှေ့မျက်နှာပြင်အပြည့်နီးပါး နေရာယူလာကြချိန်မှာ Fingerprint Scanner အတွက် Home Button ဟာ နေရာယူနေပါတယ်။ ဒါကြောင့် ဒီ Home Button ကို ဖြုတ်ပြီး ဖုန်းရဲ့ Display ထဲမှာ Fingerprint Scanner ကို ထည့်ဖို့ ကြိုးစားနေကြတာ ကြာပါပြီး။ ဒီနည်းပညာကို မရနိုင်သေးခင် Fingerprint Scanner ကို ဖုန်းရဲ့ နောက်ကျောဘက်ကို ပို့ပြီး ဖြေရှင်းခဲ့ကြသလို Apple ကတော့ Face ID ဆိုပြီး မျက်နှာကို ဖတ်တဲ့နည်းနဲ့ ဖြေရှင်းခဲ့ပါတယ်။ Galaxy S8 နောက်မှာ ထွက်ခဲ့တဲ့ ဖုန်းတွေမှာ ပါဝင်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် အခု Note 8 အထိ ပါဝင်နိုင်ခဲ့ခြင်းမရှိသလို Apple ရဲ့ iPhone X မှာလည်း ပါဝင်ခဲ့ခြင်းမရှိပါဘူး။ ဒီပထမဆုံးဖုန်းကို တရုတ်ဖုန်းကုမ္ပဏီ Vivo က ပထမဆုံး စတင်မိတ်ဆက်ခဲ့ပြီး ဖုန်းရဲ့ နာမည်အပါအဝင် ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်းတွေကတော့ မသိရသေးပါဘူး။

Display ထဲမှာ ပါဝင်တဲ့ Fingerprint Scanner ဘယ်လို အလုပ်လုပ်လဲ

Photo: CNET

ဒီ Fingerprint Sensor ကို Synaptics ကနေ ထုတ်လုပ်ထားတာပါ။ ဒီ Sensor ဟာ ၆ လက်မရှိတဲ့ ဖုန်းရဲ့ Display အောက်မှာ ရှိနေပါတယ်။ ဒီနေရာကို လက်ချောင်းနဲ့ ထိလိုက်တာနဲ့ Sensor ဟာ လက်ချောင်းကို အလင်းပေးဖို့ Display ကို ဖွင့်လိုက်မှာဖြစ်ပါတယ်။ Display တခုလုံးမဟုတ်ဘဲ လက်ချောင်းနေရာကိုပဲ အလင်းပေးမှာဖြစ်ပါတယ်။ ပြီးရင် လက်ဗွေရဲ့ ပုံရိပ်ကို Optical Image Sensor တွေဆီကို ပို့ပေးမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်ဗွေရဲ့ အရာလေးတွေဟာ ဘယ်လောက်နီးလည်းဆိုတာလိုမျိုး မတူညီတဲ့ အချက်အလက် ၃၀၀ လောက်ကို ဖတ်နိုင်အောင် လေ့ကျင့်ပေးထားတဲ့ AI Processor ဆီကို ရောက်ရှိမှာဖြစ်ပါတယ်။ ဒါဟာ အရင်တွေ့နေကျ Fingerprint Reader တွေမှာ အသုံးပြုထားတဲ့ နည်းပညာနဲ့ မတူညီပါဘူး။

ဒီ Sensor ကို Vivo ဖုန်းနဲ့ အတူ အစမ်းပြသခဲ့တဲ့ Synaptics အနေနဲ့ လက်ကို အလင်းပေးဖို့အတွက် ဖုန်းရဲ့ Battery ကို အရမ်းအသုံးပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီနည်းပညာဟာ အသစ်ဖြစ်တဲ့အတွက် ထုတ်လုပ်မှုစရိတ်တွေ ကြီးမားတာကြောင့် တန်းဖိုးမြင့် စမတ်ဖုန်းတွေမှာသာ စတင်တွေ့ရှိရဖို့ ရှိပါတယ်။ နောက်ပိုင်းမှာတော့ တခြား တန်ဖိုးအလည်အလတ်နဲ့ အနိမ့်စားဖုန်းတွေမှာလည်း ပါဝင်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် တခုရှိတာဟာ ဒီနည်းပညာဟာ နောက်ကနေ အလင်းပေးဖို့ လိုအပ်တဲ့ LCD Display တွေမှာ အလုပ်မလုပ်နိုင်ဘဲ LED Display တွေမှာပဲ အလုပ်လုပ်နိုင်ပါတယ်။

Back to top button