AndroidFeaturedNews

ပေါ်ထွက်လာတဲ့ ဘူးခွံပုံပေါ်ကနေ Galaxy S9 ရဲ့ Specification တွေပေါက်ကြား

လာမယ့် Mobile World Congress 2018 မှာ မိတ်ဆက်မယ်လို့ ပြောကြားထားတဲ့ Samsung Galaxy S9 ရဲ့ ဘူးခွံပုံ Online ပေါ် ပေါက်ကြားခဲ့ပါတယ်။ ဒီပုံမှာ Galaxy S9 ရဲ့ Specification တွေ ပါဝင်ပြီး အရင်ကထွက်ခဲ့တဲ့ သတင်းတွေအတိုင်း တူညီတာတွေ့ရပါတယ်။ ဘူးခွံပေါ်မှာ ရေးထားတာက Galaxy S9 အနေနဲ့ 5.8 လက်မ Infinity Display ပါဝင်ပြီး အရင်ကထွက်ခဲ့တဲ့ ဖုန်းတွေအတိုင်း 18.5:9 အချိုးရှိမယ်လို့ ယူဆရပါတယ်။

Photo: Sammobile

ဒီလိုမျိုး မိတ်တော့မယ့် ဖုန်းတလုံးရဲ့ ဘူးခွံ အခုလိုပေါက်ကြားလာတာဟာ သိပ်တော့ မထူးဆန်းပါဘူး။ ဒါပေမယ့်လည်း ဒီပုံဟာ အတုဖြစ်နိုင်သလို ပြုပြင်ထားတဲ့ ပုံတစ်ပုံလည်း ဖြစ်နိုင်ပါတယ်။ ပုံထဲမှာ ပါဝင်တဲ့ Specification တွေကတော့ အရင်က ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေနဲ့ တူညီတာ တွေ့ရပါတယ်။

ပုံမှာပါတဲ့ အချက်အလက်တွေအရ Galaxy S9 အနေနဲ့ 12MP ရှိပြီး OIS (Optical Image Stabilization) ပါဝင်တဲ့ Super Speed Dual Pixel Camera ပါဝင်ပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ ၃ လလောက်က ကြေငြာခဲ့တဲ့ 1.28 micrometer 12-megapixel ISOCELL Fast 2L9 Sensor ကို အသုံးပြုထားတယ်လို့ ယူဆရပါတယ်။ ဒါဟာ Aperture မျိုးစုံကို ထောက်ပံ့ပေးနိုင်ပြီး အလင်းအားနည်းချိန်မှာ f/1.5 ဒါမှမဟုတ် အလင်းအားကောင်းတဲ့အချိန်မှာ f/2.4 နဲ့ ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် Super Slow-mo ဟာ Sony Xperia XZ Premium မှာလို 1000fps နဲ့ Slow motion video တွေ ရိုက်ကူးနိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

ဒီသတင်းတွေ တကယ်မှန်မမှန်ကတော့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။ ပုံမှာပါတဲ့ ဘူးခွံဟာ Galaxy Note 8 နဲ့ Galaxy S8 တို့မှာပါတဲ့ ဘူးခွံနဲ့ ဆင်တူနေပါတယ်။ Galaxy S9 မှာ 8MP ရှိတဲ့ Selfie Camera ပါဝင်မယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် Dual Selfie Camera ကိုတော့ Galaxy S9+ အတွက် ချန်ထားမယ်လို့သတင်းတွေ ထွက်နေပါတယ်။ အရင်ပါနေကျတွေဖြစ်တဲ့ Iris Scanner၊ Wireless Charging Support တို့ပါဝင်ပြီး IP 68 ဖုန်နဲ့ ရေစိုခံပါတယ်။ ဒီဘူးမှာ Stereo Speaker လည်း ပါဝင်မယ်လို့ ရေးသားထားပါတယ်။ RAM 4GB ရှိပြီး Internal Storage ကတော့ 64GB ရှိပါတယ်။ Galaxy S9 ဟာ Exynos 9810 Chip ကို အသုံးပြုထားမှာဖြစ်ပြီး Snapdragon 845 Chip အသုံးပြုထားတဲ့ အမျိုးအစားကိုလည်း ထုတ်လုပ်သွားဖို့ ရှိပါတယ်။

Source: Sammobile

Back to top button