AppleNews

iPhone X ရဲ့ ဒီဇိုင်းအားနည်းချက်ကို လာမယ့်နှစ်မှာ ပြင်ဆင်ဖွယ်ရှိ

iPhone X အနေနဲ့ အရင် iPhone တွေနဲ့ ဒီဇိုင်းချင်း ယှဉ်တဲ့အခါ Screen အပြည့်နည်းပါးရှိတဲ့ Display ကြောင့် အားသက်ချက်တွေ ရှိနေပါတယ်။ ဒါပေမယ့် အဲ့ဒီ အားသာချက်ရဲ့ တခုတည်းသော အားနည်းချက်ကတော့ အပေါ်ထပ်မှာ ရှိနေတဲ့ Sensor နေရာလေး ဖြစ်ပါတယ်။ ဒီနေရာလေးဟာ ပုံမှန် ဒေါင်လိုက်အနေအထား အသုံးပြုနေချိန်မှာ အရမ်း မသိသာပေမယ့် အလျားလိုက် ထားပြီး သုံးတဲ့အခါ သိသာလွန်းပြီး အမြင်မှာ ရှုပ်နေတတ်ပါတယ်။ ဒါကြောင့် ဒီနေရာကို လာမယ့်နှစ်မှာ ပိုမိုကောင်းမွန်အောင်လုပ်လိမ့်မယ်လို့ သတင်းတွေ ထွက်လာပါတယ်။

ET News ကလာတဲ့ သတင်းတပုဒ်အရ Apple အနေနဲ့ Face ID Sensor တွေကို Front-Facing Camera ထဲကို ပေါင်းထည့်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေပြီး လာမယ့် ၂၀၁၉ မှာ ထုတ်လုပ်မယ့် ဖုန်းတွေမှာ ထည့်သွင်းနိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ပစ္စည်းထုတ်လုပ်သူတွေဆီက လာတဲ့ သတင်းတွေအရ Apple အနေနဲ့ 2019 မှာ ထုတ်မယ့် Model တွေကစပြီး မျက်နှာကို အာရုံခံတဲ့ နည်းပညာကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ဖို့ စီစဉ်နေတဲ့အကြောင်း ကြားသိရပါတယ်။ ဒါကြောင့် iPhone မှာ သုံးမယ့် အစိတ်အပိုင်းတွေရဲ့ အရေအတွက်တွေကို တိုးမြှင့်ဖို့ စီစဉ်ထားပြီး Face ID ရဲ့ အစိတ်အပိုင်းတွေကို ကင်မရာထဲ ပေါင်းထည့်နိုင်ဖို့ နည်းလမ်းရှာနေပါတယ်။

iPhone X မှာ Face ID အတွက် သီးသန့်လုပ်ထားတဲ့ Infrared Camera ပါဝင်ပြီး ပုံမှန် RGB Camera လည်း ပါဝင်ပါတယ်။ ဒါပေမယ့် RGB Camera ဟာ တကယ်တမ်း မျက်နှာကို ဖတ်တဲ့ နေရာမှာ အသုံးပြုထားတာ မတွေ့ရပါဘူး။ တကယ်လို့ Apple အနေနဲ့ IR Camera (Infrared) နဲ့ RGB Camera ကို အတူပေါင်းစပ်ထည့်သွင်းနိုင်မယ်ဆိုရင် အခု Display ထဲမှာ နေရာယူထားတဲ့ အစွန်းလေးကို ပျောက်သွားအောင် မလုပ်နိုင်သေးရင်တောင် သေးသွားအောင် လျော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒီ အစွန်းလေးရဲ့ အကျယ်ဟာ ပါဝင်ထားတဲ့ Sensor တွေပါဝင်တဲ့ နေရာပါ်မူတည်ပြီး တည်ဆောက်ထားတာဖြစ်ပါတယ်။ ဒီမှာ ပါဝင်တဲ့ Sensor တွေကတော့ Infrared Camera, Flood Illuminator, Proximity Sensor, Ambient Light Sensor, Speaker နဲ့ Microphone, RGB Camera နဲ့ Dot Projector တို့ပဲ ဖြစ်ပါတယ်။

တကယ်လို့ ဒီ Sensor တွေပါဝင်တဲ့ နေရာလေးကို ပိုသေးသွားအောင် လုပ်လာနိုင်လေ ဖုန်းရဲ့ Display ကို မျက်နှာပြင်ပြည့်ဖြစ်လာဖို့ နီးစပ်လာလေလေဖြစ်ပါတယ်။ ဒါပေမယ့် ဒီ Sensor တွေ Speaker တွေအားလုံးကို Display ကနေ ဖယ်ထုတ်ဖို့၊ ဖျောက်ထားဖို့ကတော့ နှစ်အတော်ကြာ စောင့်ရဦးမှာပါ။

Apple အနေနဲ့ Sensor တွေပါဝင်တဲ့ အဲ့ဒီနေရာလေးရဲ့ တဖက်တချက်ကို Status Bar အတွက် နေရာပေး အသုံးပြုထားတာပါ။ ဒါပေမယ့် Battery Percentage လိုမျိုး အချက်အလက်တွေကို တော့ မမြင်ရဘဲ Control Center ကို ဆွဲချလိုက်မှသာ မြင်ရပါတယ်။ဒီနေရာလေးဟာ Screen ကို အပြည့်မြင်ရဖို့အတွက် ပေးလိုက်ရတာနဲ့စာရင်တော့ လက်ခံနိုင်တဲ့ အနေအထားမှာရှိပြီး နေ့စဉ် သာမန်အသုံးပြုနေချိန်မှာတော့ မသိသာပဲ တချို့အခြေအနေတွေမှာပဲ အနှောင့်အယှက်ဖြစ်တာ တွေ့ရပါတယ်။

ဒါကို လာမယ့်နှစ်မှာ ဘယ်လိုကိုင်တွယ်မလဲဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ၂၀၁၈ အတွက်ကတော့ iPhone SE 2 နဲ့ စတင်ဖို့ရှိပြီး Wireless Charging အပါအဝင် နောက်ကျောဘက်မှာ Galss နဲ့ ပြုလုပ်ထားဖို့ရှိပါတယ်။ ဒီဖုန်းအပြင် iPhone X အတွက် 6.5 လက်မရှိတဲ့ Version အသစ်နဲ့ အတူ Face ID ပါဝင်ပြီး LCD Display ပါဝင်တဲ့ 6.1 လက်မ Model လည်း ထုတ်လုပ်လိမ့်မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ iPad Pro အတွက် Face ID ကိုလည်း ဒီနှစ်မှာ ထည့်သွင်းလိမ့်မယ်လို့ ဆိုပါတယ်။

Ref: 9to5Mac

Source
9to5Mac
Back to top button