AndroidFeaturedNews

Samsung Galaxy S9 ကို February 25 မှာ တရားဝင် မိတ်ဆက်မည်

Story Highlights
  • Samsung Galaxy S9 ကို ဖေဖော်ဝါရီလ ၂၅ ရက်တွင် မိတ်ဆက်မည်

Samsung အနေနဲ့ သူ့ရဲ့ နောက်လာမယ့် Smartphone Model ဖြစ်တဲ့ Galaxy S9 ကို လာမယ့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တရားဝင် မိတ်ဆက်ပေးမယ်လို့ မီဒီယာတွေကို ဖိတ်ကြားလိုက်ပါတယ်။ ဒီမိတ်ဆက်ပွဲကို ဘာစီလိုနာမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီဖိတ်ကြားတဲ့အထဲမှာ 9 ဆိုတဲ့ ဂဏန်းတစ်လုံးနဲ့အတူ “Camera. Reimagined” လို့ ရေးသားထားပါတယ်။ ဒါကြောင့် Galaxy S9 မှာ ပိုမိုကောင်းမွန်တဲ့ ကင်မရာအမျိုးအစားကို တွေ့မြင်ရဖို့ ရှိပါတယ်။

အခုအချိန်ထိ ပေါက်ကြားလာတဲ့ သတင်းတွေအရ 18.5:9 အချိုးရှိပြီး ဘေးဘောင်တွေကို ပိုမိုလျော့ချထားတဲ့  Infinity Display ပါဝင်လာဖို့ ယူဆရပါတယ်။ နောက်ဘက်ပိုင်းမှာတော့ ကင်မရာနဲ့ Fingerprint Scanner တို့ကို နေရာအနည်းငယ် ပြောင်းထားပြီး Fingerprint Scanner ဟာ ကင်မရာရဲ့ အောက်ဘက်ကို ရွှေ့ထားပါတယ်။ ဒါဟာ ဖုန်းနောက်ကျောရဲ့ အလည်နေရာလောက်မှာ တည်ရှိမှာဖြစ်လို့ အရင် ကင်မရာရဲ့ဘေးမှာထက် အသုံးပြုရ ပိုမိုအဆင်ပြေမယ်လို့ ယူဆရပါတယ်။

Galaxy S9 လို့ ယူဆရသော ပုံ
Galaxy S9 Plus လို့ ယူဆရသော ပုံ

Samsung အနေနဲ့ Galaxy S9 အတွက် Single Sensor ပါဝင်တဲ့ ကင်မရာ တပ်ဆင်ပေးထားပြီး Galaxy S9+ အတွက်တော့ Dual Camera Sensor ပါဝင်မယ်လို့ ဆိုပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေအရ Slow motion ရိုက်ကူးရာမှာ ပိုများတဲ့ Frame Rate ပါဝင်လာဖို့ရှိပြီး 1080P Resolution ကို 480fps နဲ့ ရိုက်ကူးနိုင်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ပိုမိုကောင်းမွန်လာတဲ့ စွမ်းဆောင်ရည်နဲ့အတူ ပိုမြန်လာတဲ့ Wireless Charging စနစ်လည်း ပါဝင်ဖို့ရှိပါတယ်။ ဒါပေမယ့် 15W Wireless Charging ကတော့ ဒီတကြိမ်မှာ ပြောင်းလဲဦးမယ် မဟုတ်ပါဘူး။ သတင်းတွေအရ မိတ်ဆက်ပြီး နောက်ရက် မှာ Pre-order စတင်လက်ခံပြီး March လ ၁၆ ရက်နေ့မှာ စတင် ဖြန့်ချိမယ်လို့ ဆိုပါတယ်။

Back to top button