News

Comments တွေအတွက် Downvote Button ကို Facebook စမ်းသပ်နေ

Facebook အနေနဲ့ သုံးစွဲသူတွေရဲ့ Comment တွေမှာ Downvote Button ထည့်သွင်းပေးဖို့ စမ်းသပ်နေတယ်လို့ ဆိုပါတယ်။ ဒါဟာ အများက မျှော်လင့်နေကြတဲ့ Dislike Button နဲ့တော့ မတူပါဘူး။

Twitter ပေါ်မှာ Facebook သုံးစွဲသူတချို့ဆီက တက်လာတဲ့ ဓာတ်ပုံတွေအရ Facebook Page တချို့မှာ သုံးစွဲသူတွေရဲ့ Comment တွေအတွက် Downvote Button ကို ထည့်သွင်းပေးထားတာ တွေ့ရပါတယ်။ ဒီ Downvote Button ကိုနှိပ်လိုက်မယ်ဆိုရင် “Offensive”, “Misleading” နဲ့ “Off Topic” ဆိုတဲ့ ရွေးချယ်စရာတွေကို ရွေးချယ်ခွင့်ပေးမှာ ဖြစ်ပါတယ်။

Facebook အနေနဲ့ နောက်ပိုင်းမှာ ဒီသတင်းကို အတည်ပြုခဲ့ပါတယ်။ “ကျွန်တော်တို့ အနေနဲ့ Dislike Button ကို စမ်းသပ်နေတာမဟုတ်ပါဘူး။ Public Page တွေမှာရှိတဲ့ Comments တွေအပေါ် Feedback တွေ ရရှိဖို့ နည်းလမ်းတွေကို စမ်းသပ်နေတာပါ။ ဒီစမ်းသပ်မှုကို US မှာရှိတဲ့ သုံးစွဲသူအနည်းငယ်နဲ့ ပြုလုပ်နေတာပါ” လို့ ပြောဆိုခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၀၀၉ တုန်းက Like Button ကို စတင်မိတ်ဆက်ပေးကတည်းက Dislike Button ကို သုံးစွဲသူအများစုက မျှော်လင့်နေခဲ့ကြတာပါ။ 2016 မှာ Like Button အပြင် Reactions လို့ခေါ်တဲ့ Emoji တချို့နဲ့ တုန့်ပြန်ပြောဆိုဖို့ ရွေးချယ်စရာတွေပေးခဲ့ပါတယ်။

Like တို့ Reactions တို့နဲ့ မတူတာက ဒီ Downvote Button ဟာ အသုံးပြုသူအချင်းချင်းကို တုန့်ပြန်ပြောဆိုဖို့ထက် Facebook ဆီကို ပြန်လည် Feedback ပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီ Downvote ဟာ Comment တွေရဲ့ Ranking ကို မပြောင်းလဲစေသလို ဘယ်နှယောက်က Downvote ပေးထားခဲ့လည်းဆိုတာလည်း မသိရှိနိုင်ပါဘူး။

Facebook အနေနဲ့ လောလောဆယ် ဒီ Feature ကိုတိုးချဲ့ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။

 

Source
CNET
Back to top button