AppleNews

iPhone SE 2 ကို မေလတွင် မြင်တွေ့ရဖွယ်ရှိ

iPone SE 2 မှာ A10 Fusion Chip ကို အသုံးပြုထားပြီး 3.5mm Jack ပါဝင်တော့မည်မဟုတ်

အမည်ဖော်ပြမထားတဲ့ Case ထုတ်လုပ်သူတွေဆီက ထွက်ပေါ်လာတဲ့ သတင်းတွေအရ Apple အနေနဲ့ ကာလရှည်ကြာစောင့်မျှော်နေကြတဲ့ iPhone SE အတွက် မော်ဒယ်သစ်ကို လာမယ့် မေလမှာ စတင်ရောင်းချလိမ့်မယ်လို့ ဆိုပါတယ်။

နာမည်ကို အတည်မပြုနိုင်သေးပေမယ့် iPhone SE 2 လို့ ခေါ်ဖွယ်ရှိတဲ့ ဒီဖုန်းမှာ iPhone 7 တွေမှာ အသုံးပြုခဲ့တဲ့ A10 Fusion Chip ကို အသုံးပြုထားမယ်လို့ ဆိုပါတယ်။

Apple အနေနဲ့ အခု iPhone SE 2 မှာ 3.5mm Headphone Jack ကို တပ်ဆင်ပေးတော့မှာ မဟုတ်ဘဲ အရွယ်အစားအနေနဲ့လည်း အရင် iPhone SE နဲ့ သိသိသာသာ ကွာခြားသွားမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

ဖုန်းရဲ့ ရှေ့မျက်နျှာပြင်ဟာလည်း ခွဲခြားဖို့ လွယ်ကူမှာမဟုတ်ဘဲ အရင် Model အတိုင်း Touch ID ဟာ Display ရဲ့ အောက်ခြေမှာ ရှိနေမှာဖြစ်ပြီး   Notch တို့ Face ID တို့လည်း ပါဝင်လာမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဖုန်းမှာ Wireless Charging ကို အထောက်အပံ့ပေးနိုင်ဖို့ နောက်ကျောဘက်ကို ဖန်သားနဲ့ ပြုလုပ်ထားလိမ့်မယ်လို့ ယူဆရပါတယ်။

iPhone SE 2 ဟာ အဆင့်မြှင့်တင်မှု အနည်းငယ်ပြုလုပ်ထားတဲ့ Apple ရဲ့ ဈေးအသက်သာဆုံး စမတ်ဖုန်းဖြစ်လာဖို့ ရှိပါတယ်။

Via
GSMArena
Back to top button